2016 မော်ဒယ် Mercedes -Benz V-Class ၏ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁၅၈,၀၀၀ ဝန်းကျင်ရှိပါသည်။
ဆလင်ဒါလေးလုံးထိုး V-250 Bluetec ဓာတ်ဆီအင်ဂျင်ကိုအသုံးပြုထားပါသည်။
အင်ဂျင်ပါဝါ ၂၁၄၃ စီစီရှိပြီး အမြင့်ဆုံးအမြန်နှုန်းမှာ တစ်နာရီလျှင် ၁၉၅ ကီလိုမီတာနှုန်း အထိမောင်းနှင် နိုင်မည်ဖြစ်ပါသည်။
Auto ရော Manual ပါရောပြီး အသုံးပြုလို့ရသည့် 7G-Tronic Plus Automatic Transmission ဂီယာကို အသုံးပြုထားပါသည်။
မြန်နှုန်းမြင့်မောင်းနှင်နိုင်သောကိုယ်ထည်ဒီဇိုင်းမျိုးစုံပုံဖော်ထားပြီး ရှေ့မျက်နှာစာမှ ဗီပုံသဏ္ဍာန်အချိုးအစား ဒီဇိုင်းပုံဖော်ထားပြီး ရှဲလ်နှစ်တန်း၏ အလယ်တွင် မာစီဒီးစ်၏ အမှတ်တံဆိပ်တပ်ဆင်ထားပါသည်။
ဗီပုံသဏ္ဍာန်ဘောနက်၏ အနားနှစ်ဖက်အတိုင်းရှည်လျားသော LED မီးလုံးကြီးများတပ်ဆင်ထားပြီး ယင်းမီးလုံးများမှာ ယာဉ်မောင်းသူ၏ စတီယာရင်လှည့်သည့်ဘက်နှင့် အချိန်ကိုက်အလိုအလျောက်ချိန်ညှိပြီး မီးပြပေးနိုင်ပါသည်။
ကုန်းအတက်များတွင်ယာဉ်ကဦးမော့ထားသောလည်း ရှေ့မီးလုံးမှာ ယာဉ်မောင်းသူအတွက် လိုအပ်သော မြေပြင်အနေအထားပုံရိပ်များကိုသာ ပြသပေးနိုင်မည်ဖြစ်သည်။
MPV ကားအမျိုးအစားဖြစ်ပြီး ခြောက်ယောက်စီး၊ ခုနှစ်ယောက်စီးနှင့် ရှစ်ယောက်စီးအထိရွေးချယ်နိုင်ပါသည်။
ထိုင်ခုံမှာလည်း လည်သာဖုံးအုပ်ထားပြီးအပူးပေးစနစ်၊ စိတ်ကြိုက်အနေအထားချိန်ညှိပေးနိုင်သောစနစ်များပါရှိပါသည်။
လည်သာဖုံးအုပ်ထားသောပါဝါစတီယာရင်မှ ဖန်ရှင်များကို ထိန်းချုပ်သောစနစ်ပါရှိပါသည်။
စပီကာ ၁၆ လုံးပါရှိသော Burmster အဆင့်မြင့်အသံစနစ်ပါရှိပြီး ယင်းစနစ်မှ ဖျော်ဖြေရေးအစီအစဉ်အမျိုးမျိုးနှင့် ချိတ်ဆက်ခံစားနိုင်ပါသည်။
Thermotronic Automatic Climate Control စနစ်ကအတွင်းခန်းအပူချိန်ကို အလိုအလျောက် ချိန်ညှိပေးနိုင်ပါသည်။
Lane Keeping Assist စနစ်မှာ သတ်မှတ်လမ်းကြောင်းမှ သွေဖယ်ယာဉ်မောင်းသူက တုံပြန်မှုနှေးကွေးနေပါကလမ်းကြောင်းမှန်ပေါ်ရောက်အောင် အလိုအလျောက် ထိန်းကျောင်းပေးနိုင်မည် ဖြစ်ပါသည်။
Active Parking စနစ်မှာအလွယ်တကူပါကင်ထိုးနိုင်ပါသည်။
Adaptive Cruise Control စနစ်ကသတ်မှတ်ထားသောအမြန်နှုန်းအတိုင်းအလိုအလျောက်မောင်းနှင်နိုင်အောင် ထိန်းချုပ်ပေးပါသည်။
Blind Spot Assist စနစ်ကယာဉ်မောင်းသုူမမြင်နိုင်သောနေရာကိုအမြဲစောင့်ကြည့်သတိပေးနိုင်ပါသည်။
ပတ်လည်အသက်ကယ်လေအိတ်စနစ်ပါရှိသောကြောင့် လုံခြုံစိတ်ချစွာနှင့်မောင်းနှင်နိုင်မည်ဖြစ်ပါသည်။