မင်းဓမ္မလမ်း MCCခန်းမတွင် ကုန်တင်ယာဥ်မောင်းများနှင့်ယာဥ်နောက်လိုက်များအား ပိတ်ရက်မရှိ ဆေးစစ်ပေးလျက်ရှိ


ကုန်စည်စီးဆင်းမှုမပြတ်လပ်စေရေးအတွက် ကုန်တင်ယာဥ်မောင်းများနှင့်ယာဥ်နောက်လိုက်များအား COVID- 19 ရောဂါစစ်ဆေးခြင်းများကို

ရန်ကုန်မြို့မင်းဓမ္မလမ်းရှိ MCCခန်းမတွင် သီတင်းကျွတ်ပိတ်ရက်များဖြစ်သော ၁.၁၁.၂၀၂၀ ရက်နှင့် ၂.၁၁.၂၀၂၀ရက်များတွင်လည်း ပုံမှန်အတိုင်းဆက်လက်စစ်ဆေးပေးလျက်ရှိပါသည်။

COVID -19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ဗဟိုကော်မတီမှ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကုန်စည်ဖြတ်ကျော်ပို့ဆောင်ရာတွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအရ ကုန်တင်ယာဥ်၊ ကုန်တင်ယာဥ်မောင်းများနှင့် ယာဥ်နောက်လိုက်များအားCOVID- 19 ရောဂါစစ်ဆေးခြင်းများကို ရန်ကုန်မြို့မင်းဓမ္မလမ်းရှိ MCCခန်းမတွင် သီတင်းကျွတ်ပိတ်ရက်များဖြစ်သော ၁.၁၁.၂၀၂၀ ရက်နှင့် ၂.၁၁.၂၀၂၀ရက်နေ့များတွင်လည်း ပုံမှန်အတိုင်းဆက်လက်စစ်ဆေးပေးလျက်ရှိပါသည်။

ကုန်စည်စီးဆင်းမှုချောမွေ့မြန်ဆန်စေရန် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ COVID-19 ရောဂါကင်းရှင်းကြောင်း Rapid Antigen Test Kit ဖြင့် စစ်ဆေးခြင်းကို တစ်ကြိမ် စစ်ဆေးလျှင် တစ်ဦးလျှင် ငွေကျပ် (၁၀,၀၀၀)ကျပ်ဖြင့် စစ်ဆေးပေးလျက်ရှိပါသည်။

ကုန်တင်ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များသည် COVID-19 ရောဂါကင်းရှင်းကြောင်း စစ်ဆေးရန် Call Center နံပါတ် 2019 သို့ ဆက်သွယ်၍ ကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်ပါသည်။

ကြိုတင်စာရင်းပေးသွင်းပြီးသူများအနေဖြင့် MCCခန်းမသို့ နံနက် (၈)နာရီခွဲ မှ မွန်းလွဲ (၂)နာရီအတွင်း လာရောက် စစ်ဆေးနိုင်ကြောင်းသိရှိရပါသည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

Read 390 times