ယာဉ်မတော်တဆနည်းပညာအတွက် Mazda ၏နည်းပညာ


ယာဉ်မတော်တဆမှုကို ကာကွယ်ရေးအတွက် ထုတ်လုပ်ထားသော လုံခြုံရေးစနစ်များထဲမှ မာဇဒါရဲ့နည်းပညာတစ်ခုဖြစ်သော RVM ခေါ် Rear Vehicle Monitoring System သည်လည်း အသုံးဝင်သော နည်းပညာတစ်ခုဖြစ်ကြောင်း သိရသည်။

ထိုစနစ်၏လုပ်ဆောင်ပုံများသည် ကားနောက် ဘန်ဘာတွင် တပ်ဆင်ထားသော ဘယ်ညာတစ်ဖက်စီမှ အာရုံခံရေဒါစနစ်များမှ အကွာအဝေးကို တွက်ချက်ဆောင်ရွက်ခြင်းဖြစ်သည်။

နောက်ဘက်မှ မိမိကားအနီးကို အခြားနီးကပ်သော လမ်းပိုင်းမှ ချဉ်းကပ်လာသည့် ကားများ၏အကွာအဝေးကို တိုင်းတာတွက်ချက်နေမည်ဖြစ်ကြောင်း သိရသည်။

တွက်ချက်ရရှိသော အချက်အလက်များကို အခြေခံပြီး ယာဉ်မတော်တဆမှုများ ဖြစ်နိုင်သော အကွာအဝေးတွင်းကို တစ်ဖက်ယာဉ်ကြောမှ ကားဝင်ရောက်လာပါက ဝင်ရောက်လာမည့်ဘက် နောက်ကြည့်မှ အချက်ပြမီးမှ အချက်ပြမည်ဖြစ်သည်။

အချက်ပြချက်မှာ မောင်းနှင်နေသောယာဉ်မောင်းမြင်သာနိုင်သော အတွင်းဘက်မှန်မြင်ကွင်း ကနေ တဆင့်မြင်တွေ့ရမည်ဖြစ်သည်။

ကားတစ်စီး၏ မြင်နိုင်စွမ်းနည်းသော ဧရိယာ(Blind Spot Area)ကို ဝင်ရောက်လာသော ကားများကို သတိပေးအချက်ပြမှာ ဖြစ်သည့်ကား၏ ယာဉ်မတော်တဆဖြစ်မှုကို လျော့ချပေးမည့် (Helping Prevent Accident)နည်းပညာတစ်ခုဖြစ်ကြောင်း သိရသည်။

ထိုစနစ်ကို Mazda မှ ထုတ်လုပ်သော All-new Mazda6 များမှာ ပါဝင်လာပြီး ကား၏မောင်းနှင်မှု အနည်းဆုံးမြန်နှုန်း ၁၅ကီလိုမီတာအထက်တွင် စတင်လုပ်ဆောင်မည်ဖြစ်သည်။

ယင်းစနစ်က ညဘက် အလင်းအားနည်းချိန်၊နှင်းကျချိန်၊မိုးသည်းထန်ချိန်များတွင် အသုံးဝင်မည့် နည်းပညာတစ်ခုလည်းဖြစ်သည်။

Read 849 times