ပြည်တွင်းပေါက်ဈေး ကျပ်သိန်း ၁၅၀ နှင့် ၂၅၀ ကြားပြိုင်ကား Mazda Roadster

Mazda ကထုတ်လုပ်သည့် ပြိုင်ကားများထဲမှ လူကြိုက်အများဆုံးနှင့် နိုင်ငံတကာဆုတံဆိပ်များ အများအပြားရရှိခဲ့သည့် Roadster ကို Mazda MX-5 ဟူ၍ လူသိများပါသည်။

Mazda Roadster သည် Mazda RX7, Mazda RX8တို့ထက် အင်ဂျင်ပါ၀ါပိုကြီးပြီး Safety ပိုင်းတွင်လည်း ပိုကောင်းသည့်အတွက် Sport Car ကြိုက်သူများ သင့်တော်သည့် ကားအမျိုးအစားဖြစ်ပါသည်။

စျေးနှုန်းမှာလည်း ကျပ်သိန်းနှစ်ရာ ၀န်းကျင်တွင်ရှိသည့်အတွက် စျေးအသင့်အတင့်နှင့် sport car  ပိုင်ဆိုင်ချင်သည့်သူများ ရွေးချယ်သင့်သည့်ကားဖြစ်ပါသည်။

Mazda Roadster ကို ၁၉၈၉ ခုနှစ်တည်းကစတင်ထုတ်လုပ်ခဲ့ပြီး မြောက်အမေရိကမှာ MX-5 Miata ၊ ဂျပန်တွင် Eunos Roadster ဟူ၍ သိကြပါသည်။

ထိုကားကို ဟီရိုရှိးမားမြို့တွင်ရှိသည့် Mazda ကားစက်ရုံတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၉ မော်ဒယ်မှ ၁၉၉၈ မိုဒယ်အထိကို ပထမမျိုးဆက်၊ ၁၉၉၉ မိုဒယ်နောက်ပိုင်းကို ဒုတိယမျိုးဆက်၊ ၂၀၀၅ မိုဒယ်နောက်ပိုင်းကို တတိယမျိုးဆက်နှင့် ၂၀၁၅ မိုဒယ်နောက်ပိုင်းကို စတုထ္တမျိုးဆက်အနေဖြင့် သတ်မှတ်ထားပါသည်။

ထိုကားကို ထုတ်လုပ်သည့် သက်တမ်းတစ်လျှောက်တွင် Wheels Magazine ကပေးသည့် Car of the Year ဆု၊ Sports Car International ကချီးမြှင့်သည့် Beat Sport Car of the Year, Car and Driver Magazine ကပေးသည့် Ten Best List ဆု၊ car of the Year Japan ဆုနှင့် Australian Car of the Year စသည့် ဆုများရရှိခဲ့ပါသည်။

Mazda RX8 က အင်ဂျင်ပါ၀ါ ၁၃၀၀ စီစီသာရှိသော်လည်း Roadster မှာ အင်ဂျင်ပါ၀ါ ၂၀၀၀ စီစီအထိထုတ်လုပ်ထားပါသည်။

စတုတ္ထမျိုးဆက်ဖြစ်သည့် 2015 မိုဒယ်နောက်ပိုင်းတွင်  ၁၅၀၀ စီစီနှင့်သာ ထုတ်လုပ်ထားပါသည်။

Front Engine Wheel Drive အမျိုးအစားဖြစ်ပြီး manual gear ခြောက်ချက်နှင့် auto gear ခြောက်ချက် ထုတ်လုပ်ထားပါသည်။

နှစ်ယောက်စီးအမိုးဖွင့်ကားဖြစ်သည့် Roadster ကိုပေ့ါပါးပြီး လေခွင်းအားကောင်းအောင်ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။

Roadster သည်အတွင်းဂရိတ်မြင့်သောကြောင့် Digital Aircon, Leather Steering Wheel, Steering Volume Control နှင့် Leather Seat တို့ပါ၀င်ပါသည်။

အသံစနစ်ကိုလည်း အကောင်းမွန်ဆုံးဖြစ်အောင် ဖန်တီးထားပြီး CD ခြောက်ချပ်ထည့်နိုင်သည့် CD Changer နှင့် MP3, Aux, WMA Player စသည်တို့ကို ထည့်သွင်းထားပြီး sound system အတွက် speaker ခုနှစ်လုံးကိုလည်း ထည့်သွင်းထားပါသည်။

Mazda Roadster 2012,2013 မိုဒယ်ကို ၀ယ်ယူမည်ဆိုပါက ကားဒီဇိုင်း၊ ကြံ့ခိုင်မှုအနေအထားနှင့် အက္ခရာပေါ်မူတည်ပြီး ကျပ်သိန်း နှစ်ရာမှ ၂၅၀ ကြားတွင်ရှိပါသည်။

 

Read 1466 times