မာဇဒါက ရိုထရီအင်ဂျင်  ပြန်အသက်သွင်း


မာဇဒါက ရိုထရီအင်ဂျင်  ပြန်အသက်သွင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Mazda Motor ၏ အထင်ကရ ရိုထရီ အင်ဂျင်သည် ၁၁ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ်  ပြန်လည် သုံးစွဲလိုက်သည်။ plug-in hybrid ကား‌ေမာ်ဒယ်အသစ်အတွက် ဂျင်နရေတာအဖြစ် သုံးစွဲမည် ဖြစ်သည်။
 
 Mazda သည် ၁၉၆၇ ခုနှစ်တွင် ရိုထရီအင်ဂျင်များ ပထမဆုံး အမြောက်အမြားထုတ်လုပ်သည့်  ကားထုတ်လုပ်သူ  ဖြစ်လာခဲ့သည်။

ပေါ့ပါးပြီး စွမ်းပကားကြီးမားသော ရိုထရီအင်ဂျင် တပ်ထားသည့် ကားများ တစ်နှစ်လျှင် အစီးရေ ၃ သိန်းအထိ ထုတ်လုပ်ရောင်းချခဲ့သည်။

ရိုထရီအင်ဂျင်ကားများ ထုတ်လုပ်မှုကို ၂၀၁၂ ခုနှစ်တွင် ရပ်လိုက်ရသည်။ ဥရောပတွင် လေထုညစ်ညမ်းမှု တားဆီးရေးကို တင်းတင်းကျပ်ကျပ် ပြင်းပြင်းထန်ထန် ကိုင်တွယ်သဖြင့် ရိုထရီအင်ဂျင် အနားယူလိုက်ရသည်။

ယခု ၂၅% ဆီစားသက်သာသော ရိုထရီအင်ဂျင်ကို plug-in ဗားရှင်း SUV အငယ်စား MX-30 မော်ဒယ်တွင် သုံးစွဲထားသည်။

မော်ဒယ်အသစ်သည် ဘက်ထရီဖြင့် ခရီးတာ ၈၅ ကီလိုမီတာအထိ သွားနိုင်သည်။ ရိုထရီအင်ဂျင် သုံးပြီး ပါဝါဖြည့်ထည့်ပါက ၆၀၀ ကီလိုမီတာအထိ သွားနိုင်သည်။ 

ဉရောပဈေးကွက်တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် အမှာစာ စတင်လက်ခံမည်။ အနိမ့်ဆုံးဈေး ကန်ဒေါ်လာ ၄၀,၀၀၀ ဝန်းကျင် ဖြစ်ပါသည်။ plug-in ဗားရှင်းကို နောက်ပိုင်းတွင် ဂျပန်မှာလည်း ရောင်းချမည်။

Mazda သည် ရိုထရီအင်ဂျင်နှင့် အကျိုးပေးသန်သည်။ ရိုထရီအင်ဂျင်ကား အစီးရေ ၁.၉၉ သန်း ရောင်းချခဲ့သည်။ 
၂၀၁၂ ခုနှစ်တွင် ရိုထရီအင်ဂျင်  နိဂုံးချုပ်ခဲ့ပြီး လျှပ်စစ်ကားခေတ်ဦးတွင် တကျော့ပြန် အသက်သွင်းလိုက်သည်။ 

ရိုထရီအင်ဂျင်သည် ပစ္စတင်အင်ဂျင်ထက် အရွယ်ငယ်သည်။ သို့ဖြစ်ရာ ပလပ်ထိုးမော်ဒယ်တွင် ဘက်ထရီ၊ ဂျင်နရေတာ၊ မော်တာတို့အတွက် နေရာပိုရသည်။ ရိုထရီအင်ဂျင်သည် အလေးချိန် ပိုပေါ့သည်။  သို့ဖြစ်ရာ ဘက်ထရီအလေးချိန်၊ ဂျင်နရေတာ အလေးချိန်၊ မော်တာ အလေးချိန်တို့ ပိုလေးနေသည်ကို ထေမိစေသည်။ 
ပိုသေးပြီး ပိုပေါ့သော ရိုထရီအင်ဂျင်သုံးထားသော ပလပ်ထိုး MX-30 တွင် တပ်ဆင်ပေးသည့် မော်တာသည် အခြားအီးဗီများထက် ပိုကြီးပေးထားသည်။ ပါဝါ ၂၀ % ဝန်းကျင် ပိုများသည်။

"ရိုထရီအင်ဂျင် ဖွဲ့တည်ထားပုံက ဟိုက်ဒြိူဂျင်နဲ့ ကောင်းကောင်း အလုပ်လုပ်တယ်" ဟု  Mazda အမှုဆောင်အရာရှိ Eiji Nakai က ပြောသည်။
လောင်စာသွင်းပြီး မီးရှို့ပေးကာ ပေါက်ကွဲစေသည့် အခန်းများသည် တစ်ခန်းနှင့် တစ်ခန်း တသီးတခြားစီ ဖြစ်သည်။  ထိုအချက်က ဟိုက်ဒြိုဂျင် အပူပြင်းသည့်ဒဏ်သည် တစ်ခန်းစီမှာ သီးခြား သက်ရောက်နေစေသည်။ ပစ္စတင်အင်ဂျင်ကဲ့သို့ တစ်ခန်းတည်းမှာ သက်ရောက်ခြင်း မဟုတ်ချေ။ 

Mazda သည် ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ကားကို စီးပွားဖြစ်ထုတ်လုပ်သည့် ပထမဆုံးကုမ္ပဏီဖြစ်လာခဲ့သည်၊ ၂၀၀၆ ခုနှစ်တွင် အငှားစနစ်ဖြင့် ဟိုက်ဒြိူဂျင်ကားများ စတင်ခ့သည်။  ၎င်းကားများတွင် ရိုထရီအင်ဂျင် သုံးစွဲထားသည်။ 

 

 

Source asia nikkei

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 328 times