တရုတ်နိုင်ငံမှ Mazda ဖက်စပ်လုပ်ငန်းများ ပေါင်းစည်း


တရုတ်နိုင်ငံမှ Mazda ဖက်စပ်လုပ်ငန်းများ ပေါင်းစည်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Mazda Motor က တရုတ်နိုင်ငံမှ ဖက်စပ်လုပ်ငန်းများကို လုပ်ငန်းတစ်ခုတည်း အဖြစ်သို့ ပေါင်းစည်း ပေးလိုက်ပါသည်။
 အရင်းအမြစ်များ တစ်စုတစ်စည်းတည်း ဖြစ်စေရန်နှင့် ကုန်ကျစရိတ် သက်သာစေရန် ရည်ရွယ်ပါသည်။ 
 တရုတ်လျှပ်စစ်ကားစျေးကွက်သည် ပြိုင်ဆိုင်မှု ပိုပြင်းထန်လာနေစဉ် Mazda Motor သည် ဆက်လက်တည်တံ့ရန် ကြိုးပမ်းရုန်းကန်နေရသည်။ အီးဗီခေတ်သို့ ရောက်ရှိလာချိန်မှာ Mazda Motor သည် ရောင်းစရာ အီးဗီမော်ဒယ် တစ်ခုတည်းသာ ရှိသည်။
.
 Mazda နှင့် တရုတ်ကားလုပ်ငန်း Changan Automobile တို့အကြား ဖက်စပ်လုပ်ငန်းဖြစ်သော Changan Mazda သည် Mazda နှင့် တရုတ်ကားလုပ်ငန်းစု China FAW Group တို့၏ ဖက်စပ်လုပ်ငန်း FAW Mazda ကို ရာနှုန်းပြည့် ဝယ်ယူမည်ဖြစ်ပြီး ကုမ္ပဏီတစ်ခုတည်းအဖြစ် ပေါင်းစည်းထားမည် ဖြစ်သည်။
 .
 Changan Mazda သည် ယခင် ၂၀၂၁ ခုနှစ် ကတည်းက FAW Mazda တွင် ရှယ်ယာအများစုကို ပိုင်ဆိုင်ထားသည်။ ကျန်ရှိသည့် ရှယ်ယာများအားလုံးကို ဝယ်ယူမည်ဖြစ်သည်။
 .
တရုတ်ပြည်တွင်း ဈေးကွက်ထဲမှ အရောင်းကိုယ်စားလှယ်များသည် Changan Mazda အမှတ်တံဆိပ်ဖြင့် လုပ်ကိုင်ကြမည်။
Changan Mazda မှ ထုတ်လုပ်သည့် Mazda3 မော်ဒယ်နှင့် FAW Mazda မှ ထုတ်လုပ်သည့် Mazda6 မော်ဒယ် နှစ်မျိုးစလုံးကို ရောင်းချကြမည်။ 
ရောင်းချသည့်အပိုင်းတွင် တစ်ခုတည်းအဖြစ် ပေါင်းစည်းသော်လည်း ထုတ်လုပ်ရေးအပိုင်းမှာ လောလောဆယ်တွင် ယခင်အတိုင်း တသီးတခြားစီ ဆက်လက်လုပ်ကိုင်ကြမည်။
China FAW Group သည် Mazda အတွက် အချို့သော မော်ဒယ်များကို ဆက်လက် ထုတ်လုပ်ပေးမည် ဖြစ်သည်။
.
Mazda သည် တရုတ်နိုင်ငံတွင် ၎င်း၏လုပ်ငန်းကို တိုးချဲ့နိုင်ခြင်း မရှိသေးချေ။ မတ်လကုန်တွင် ကုန်ဆုံးသည့် ယခင်ဘဏ္ဍာနှစ်တွင် အစီးရေ ၈ သောင်းဝန်းကျင်မျှသာ ရောင်းချနိုင်ခဲ့သည်။
ရောင်းစရာ အီးဗီဟူ၍ CX-30 မော်ဒယ် တစ်မျိုးတည်းသာ ရှိသည်။ 

 
နိုဝင်ဘာလတွင် Mazda သည်  SUV အမျိုးအစား CX-50 ၏ hybrid မော်ဒယ်ကို စတင်ရောင်းချတော့မည်ဖြစ်သည်။ ၎င်းမော်ဒယ်သည် မူလက မြောက်အမေရိကဈေးကွက်အတွက် ဖြစ်ပြီး တရုတ်ဈေးကွက်နှင့် လျော်ညီအောင် မွမ်းမံထားသည်။
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် မော်ဒယ်အသစ် ၂ ခု ထုတ်လုပ်မည်။ ပလပ်ထိုးဟိုက်ဘရစ် သို့မဟုတ် အီးဗီ အမျိုးအစား ဖြစ်ပြီး Changan Automobile နှင့် ပူးပေါင်းလုပ်ကိုင်လျက် ရှိပါသည်။

Source Asia nikkei 
 

Read 333 times