Mazda  က အီးဗီထုတ်လုပ်ရေး အစီအစဉ် ကြေညာ


Mazda  က အီးဗီထုတ်လုပ်ရေး အစီအစဉ် ကြေညာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Mazda က ၂၀၃၀ အထိ စီမံဆောင်ရွက်သွားမယ့် အခြေခံ အကြောင်းအချက်တွေကို ကြေညာခဲ့ပါတယ်။ အီးဗီထုတ်လုပ်ရေးသို့ သွားမယ့် ၎င်းရဲ့  Mid-Term Management Plan ကို အသိပေးပြောကြားသွားပါတယ်။

စီးပွားရေးပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေတဲ့ သိသာထင်ရှားသော အပြောင်းအလဲများကို Mazda က   အသိအမှတ်ပြုပြီး လျှပ်စစ်ကား ထုတ်လုပ်ရေး ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

 ကာဘွန်ဓာတ်‌ေငွ့ထုတ်လုပ်မှု  ကမ္ဘာတစ်လွှားမှာ ဘဲစားဘဲချေးဖြစ်ပြီး ထပ်မတိုးတော့တဲ့ carbon neutral အခြေအနေကို ၂၀၃၅ မှာ ရောက်ရှိဖို့ Mazda က ရည်မှန်းထားပါတယ်။ 
၂၀၃၀ အထိ လျှပ်စစ်ကားထုတ်လုပ်ရေးကို အဆင့် ၃ ဆင့်ဖြင့် လုပ်ကိုင်သွားပါမယ်။

ပထမအဆင့် ၂၀၂၂-၂၀၂၄ ကာလမှာ လျှပ်စစ်ကားခေတ်အတွက် နည်းပညာပိုင်း ဖွံ့ဖြိုးတိုးတက်မှုကို  မြှင့်တင်ပါမယ်။

ဒုတိယအဆင့် ၂၀၂၅-၂၀၂၇ ကာလမှာ လျှပ်စစ်ကား ထုတ်လုပ်ရေးသို့ ကူးပြောင်းမယ်။

တတိယအဆင့် ၂၀၂၈-၂၀၃၀ မှာ ဘက်ထရီသုံး လျှပ်စစ်မော်တော်ယာဉ်  Battery Electric BEV  ထုတ်လုပ်မှု တစ်စီးမကျန် လုံးလုံးလျားလျား ရောက်ရှိမယ်။ ထုတ်လုပ်သမျှ မော်ဒယ်အားလုံး အပြည့်အဝလျှပ်စစ်ကားချည်း ဖြစ်နေမယ်။

ပထမအဆင့်မှာ တဖြည်းဖြည်းဖြင့် လိုသလို အလျှော့အတင်း လုပ်ပြီး လုပ်ကိုင်သွားဖို့ အရေးကြီးပါတယ်။ လျှပ်စစ်ကားအတွက် နည်းပညာအမျိုးမျိုးကို အသုံးပြုမယ်။ လောင်စာဆီသုံး အင်ဂျင်ကားကနေ ဘက်ထရီနှင့် အင်ဂျင်သုံး ဟိုက်ဘရစ်သို့ ကူးပြောင်းထုတ်လုပ်မယ်။ ဘက်ထရီကို ပလပ်ထိုးပြီး အားသွင်းတဲ့ ပလပ်ထိုးဟိုက်ဘရစ်ကားတွေ ထုတ်လုပ်မယ်။ ခရီးတာ ပိုဝေးဝေး သွားနိုင်တဲ့ကားတွေ ထုတ်လုပ်မယ်။ ထို့နောက် ဘက်ထရီသုံး လျှပ်စစ်ကားတွေ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

ဒုတိယအဆင့်မှာ Mazda က အချင်းအရာအသစ်တွေ စတင်မှာ ဖြစ်ပါတယ်။ ဟိုက်ဘရစ် စနစ်အသစ်၊ တရုတ်ကားဈေးကွက်အတွက် အီးဗီများ၊  ကမ္ဘာ့ဈေးကွက်အတွက် BEV များကို ဒုတိယအဆင့်ရဲ့ ဒုတိယအခြမ်းမှာ ထုတ်လုပ်ပါမယ်။

တတိယအဆင့်မှာ BEV တွေ အလုံးအရင်းဖြင့် ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 

Mazda က ကြိုတင်မျှော်မှန်းထားတာ ၂၀၃၀ မှာ Mazda ရဲ့ ကမ္ဘာ့ရောင်းအား စုစုပေါင်းရဲ့ ၂၅%-၄၀% ဟာ BEV တွေ ဖြစ်ပါလိမ့်မယ်။
ဆိုလိုတာက ၂၀၃၀ မှာ Mazda က BEV ကို ၁၀၀% ရာနှုန်းပြည့် မထုတ်လုပ်သေးပါဘူး။ 

လက်ရှိမှာ Mazda က ပလပ်ထိုးအားသွင်း မော်ဒယ်များ ဖြစ်တဲ့ 
 Mazda MX-30 BEV, 
 Mazda CX-60 PHEV 
 တို့ ထုတ်လုပ်ရောင်းချနေပါတယ်။ 
Mazda CX-60 PHEV ပလပ်ထိုး ဟိုက်ဘရစ် အီးဗီက ဥရောပမှာ စီးရေ ၂ သောင်းကျော် ရောင်းချခဲ့ပြီးပြီဖြစ်ပါတယ်။

နောက်နှစ်မှာ Mazda MX-30 R-EV ထွက်ပါမယ်။ 
နောက်လာမယ့်နှစ်တွေမှာ ပလပ်ထိုး မော်ဒယ်များ ဆက်လက် ထုတ်လုပ်ပါမယ်။

Mazda တင်ပြတဲ့ ဗဟာဗျူဟာမှာ စိတ်ဝင်စားဖို့ ကောင်းတာက ဘက်ထရီ ထုတ်လုပ်ရေးမှာ ပါဝင်လုပ်ကိုင်မှာ ဖြစ်ပါတယ်။ 

Mazda ထံ လက်ရှိပေးသွင်းနေတဲ့ ဘက်ထရီ ထုတ်လုပ်များအပြင် ဂျပန်မှာ ထုတ်လုပ်မယ့် အီးဗီများအတွက် ဘက်ထရီပေးသွင်းဖို့ Envision AESC နှင့် သဘောတူလက်မှတ်ရေးထိုးထားပြီး ဖြစ်ပါတယ်။

တတိယအဆင့် (၂၀၂၈-၂၀၃၀) မှာ Mazda က ဘက်ထရီထုတ်လုပ်ရေးမှာ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားဆုံးဖြတ်ပါမယ်။ ဘယ်သူတွေနှင့် လပ်တွဲမှာလဲဆိုတာတော့ ပြောဖို့ စောနေပါသေးတယ်။

လျှပ်စစ်မော်တာ၊ ပါဝါချစ်ပ်ပါတဲ့ အင်ဗာတာ၊ လည်နှုန်းလျှော့ချရေးဂီယာတို့ ပါဝင်ပေါင်းစပ်ထားတဲ့ မောင်းနှင်ယူနစ် drive unit ကို ဘက်ထရီအစားသက်သာအောင် လုပ်ဆောင်ဖို့ အခြားလုပ်ငန်းများနှင့် လက်တွဲဖို့ ဖက်စပ်လုပ်ငန်းများ ထူထောင်ထားပါတယ်။

ရိုက်တာသတင်းဌာနအဆိုအရ Mazda ရဲ့ အီးဗီ အစီအစဉ်အသစ်ဟာ ယန်း ၁.၅ ထရီလီယံ (ဒေါ်လာ ၁၉.၆ ဘီလီယံ) အထိ ကုန်ကျပါမယ်။

 

Sources: Mazda, Reuters

 

Read 1338 times