ခေတ်မီသော ကားဒီဇိုင်း၊ ဆန်းသစ်သော နည်းပညာများနှင့် ပေါင်းစပ်ဖွဲ့စည်းထားသော Mazda Demio (ပုံပြောင်း)


ရန်ကုန်လိုင်စင် ပြန်ထုတ်မည်ဆိုသည့် သတင်းများ ထွက်ပေါ်လာသည့်အတွက် ကားအရောင်းအဝယ်များ အေးစက်သွားသည်ဆိုသော်လည်း ၁၃၀၀ စီစီကားများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေပါသည်။

၁၃၀၀ စီစီနှင့်အောက် ကားများထဲတွင် မိုဒယ်မြင့်ပြီး ဒီဇိုင်းဆန်းသော ကားကို ရွေးချယ်မည်ဆိုပါက Mazda Demio (ပုံပြောင်း) ကို ညွှန်းဆိုချင်ပါသည်။

ခေတ်မီသော ကားဒီဇိုင်း၊ ဆန်းသစ်သော နည်းပညာများနှင့် ပေါင်းစပ်ဖွဲ့စည်းထားသော Mazda Demio (ပုံပြောင်း) သည် တခြား ၁၃၀၀ စီစီ ကားများတွင် မပါဝင်သော ထူးခြားချက်များ များစွာရှိပါသည်။

World Car of the Year၊ Japanese Car of the Year ဆုများကို ရရှိထားသော Demio ကို ယခုအချိန်တွင်ဝယ်ယူမည်ဆိုပါက တခြား ၁၃၀၀ စီစီကားမာျးထက်ဈေးသက်သာပြီး စီးနင်းသူများအတွက် ခေတ်မီဆန်းသစ်သော နည်းပညာ ခံစားမှုမာျးကို ရရှိနိုင်မည်ဖြစ်ပါသည်။

Super Mini Car ဖြစ်သော Mazda Demio ကို ၁၉၉၆ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သဖြင့် စတုတ္ထမျိုးဆက်အထိ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

နောက်ဆုံးမျိုးဆက်ကို ၂၀၁၄ မိုဒယ်မှ စတင်ခဲ့ပြီး Geneva Motor Show တွင် Concept Car အဖြစ် ပြသခဲ့ပါသည်။

Mazda Demio စတုတ္ထမျိုးဆက်သည် Madza CX-5 ကို အခြေခံထုတ်လုပ်ထားပြီး Ford Fiesta နှင့်လည်း ဒီဇိုင်းချင်း ဆင်တူပါသည်။

ထိုမျိုးဆက်ကို ထုတ်လုပ်ပြီးမကြာခင်တွင် Japanese Car of the Year ဆုကို ရရှိခဲ့ပါသည်။

Mazda Demio ၂၀၁၄ မိုဒယ်နှင့်အထက်ကို DJ Series ဟု သတ်မှတ်ပြီး Madza 2 ဟုလည်း ခေါ်ကြပါသည်။

Mazda Demio ၂၀၁၄ မိုဒယ်တွင် SkyActiv နည်းပညာမာျး ပါဝင်လာပြီး ၁၃၀၀ စီစီ၊ ၁၅၀၀ စီစီ အင်ဂျင်နှစ်မျိုးဖြင့် ထုတ်လုပ်ထားပါသည်။

နောက်ဆုံးမျိုးဆက်ဖြစ်သော ၂၀၁၄ မှ စ၍ Chassis က DJ နှင့် စသည့်အတွက် DJ Series ဟု သတ်မှတ်ထားပါသည်။

၂၀၁၄ မိုဒယ်မှစပြီး အပြင်ဒီဇိုင်းနှင့် အတွင်းခန်းပုံစံမာျး ပြောင်းလဲသွားပြီး လှပခံညားသော ရှေ့ရုပ်ကြောင့် တခြား ၁၃၀၀ စီစီ ကားမာျးထက် ပိုပြီး ဆွဲဆောင်မှုရှိပါသည်။

၁၃၀၀ စီစီတွင် 13C၊ 13S၊ 13S L Package စသော ဂရိတ်များရှိပြီး 13S နှင့် 13S L Package များတွင် ခုနစ်လက်မရှိသော Touch Screen Display Multimedia Commander စသည့်တို့ ပါသွားပါသည်။

အမြင့်ဆုံးဂရိတ်ဖြစ်သည့် 13S L Package တွင်ဆိုလျှင် ဒိုင်ခွက်ပေါ်တွင် Active Driving Displayဟုခေါ်သော ကား၏ ဦးတည်ရာကို ဖော်ပြပေးသည့် အချက်ပြစနစ်နှင့် ကီလိုဖော်ပြပေးသော 3D Display ပါရှိသွားပါသည်။

ထို့နောက် ထိုဂရိတ်တွင် Aircon Auto၊ Push-start၊ HID မီးသွားသကဲ့သို့ Original Alloy ဆိုက်ကလည်း ၁၅ လက်မ ဖြစ်သွားပါသည်။

Mazda Demio နောက်ဆုံးမျိုးဆက်ကို ဝယ်ယူပြီး ဆန်းသစ်သော နည်းပညာများကို ခံစားချင်သည်ဆိုပါက ဂရိတ်မြင့်သည့် 13S L Package ကို ဝယ်ယူသင့်ပါသည်။

Mazda Demio ၂၀၁၄ မိုဒယ် ၁၃၀၀ စီစီကို နယ်လိုင်စင်အမည်ပေါက်နှင့် ဝယ်ယူမည်ဆိုလျှင် 13 S L Package က ကျပ် ၁၈၅ သိန်း ဝန်းကျင်တွင်ရှိပြီး ပုံမှန် ဂရိတ်များမှာ ကျပ်သိန်း ၁၇၀ ဝန်းကျင်တွင် ရှိပါသည်။

Read 977 times