Mazda Demio ကားများတွင် ဖြစ်တတ်သော ပြသနာ(၇) ချက်


ယင်းကားအမျိုးအစားတွင် ဖြစ်လေ့ရှိသောပြသနာများကို ကြိုတင်ကာကွယ်နိုင်ရန် အောက်တွင်ဖော်ပြ ပေးလိုက်ပါသည်။

၁။ ချက်မီးလင်းခြင်း

Mazda Demio ကားများသည် ဆီစားနှုန်းများလာပြီး engine management warning Light မီးလင်းလာခြင်းမျိုးအဖြစ်များပါသည်။

ကား၏ ဒက်ရှ်ဘုတ်တွင်ယင်းမီးလင်းလာခြင်းမှာ Lambda Sensor မှာချို့ယွင်းမှုရှိနေခြင်းဖြစ်သောကြောင့် ယင်းကိရိယာကိုလဲလှယ်ပေးရန်လိုအပ်ပါသည်။

၂။ အဲဘက်မီးလင်းခြင်း

ကား၏ ဒက်ရှ်ဘုတ်မှာ airbag warning Light လင်းလာခြင်းမှာ airbag clock spring မှချို့ယွင်း သွားခြင်းဖြစ်ပါသည်။

Clock spring မှာစတီယာရင် ဝှီး၏ နောက်တွင်အများဆုံးရှိတတ်ပါသည်။

၃။ မီးမကူးခြင်း

Demio ၏အင်ဂျင်မှာ မီးမကူးခြင်း၊ ကား၏အရှိန်ကို မြှင့်တင်လို့မရခြင်းများဖြစ်တတ်ပါသည်။

ထိုသို့ဖြစ်ရခြင်းမှာ အင်ဂျင်ကို မီးပေးသောစနစ်များတွင် ချို့ယွင်းချက်ရှိနေသောကြောင့် ပထမဆုံး coil packs စစ်ဆေးရမည်ဖြစ်ပြီး coil packs များကောင်းမွန်နေပါက အင်ဂျင်မီးပွားပလပ်(spark plug)များကို စစ်ဆေး ရမည်ဖြစ်ပါသည်။

၄။ ဆီစစ်နှင့်လေစစ်

2013 မိုဒယ် Demio များတွင် fuel filter နှင့် air filter ချို့ယွင်းသောကြောင့်လဲလှယ်ရလေ့ရှိပါသည်။

ယင်းအချက်မှာ ကားတိုင်းတွင်ဖြစ်လေ့ရှိပြီး မသန့်ရှင်းသောဆီများကြောင့် ဆီစစ်များပျက်စီးရခြင်းဖြစ်ပြီး သတ်မှတ်ထားသောကီလိုမီတာရောက်တိုင်းပုံမှန်စစ်ဆေးလဲလှယ်သင့်ပါသည်။

၅။ စပီဒိုမီတာ အလုပ်မလုပ်ခြင်း

၂၀၀၀ မော်ဒယ် Demio တွင် စပီဒိုမီတာအလုပ်မလုပ်ခြင်းမှာ ဝါယာရိန်းစနစ်နှင့် စပိဆင်ဆာများကို စစ်ဆေး  ပြုပြင်ရမည်ဖြစ်ပါသည်။

၆။ ဂီယာစနစ်

၂၀၀၂ မော်ဒယ်နှင့် ၂၀၀၇ မော်ဒယ်များတွင် ဂီယာစနစ်ချို့ယွင်းခြင်းအဖြစ်များလေ့ရှိပါသည်။

ယာဉ်မောင်းနေစဉ်တွင် ဂီယာချိန်းလို့မရခြင်းဖြစ်ပါက ကျွမ်းကျင်သောနည်းပညာရှင်နှင့် ဂီယာစနစ်ကို စစ်ဆေး ပြုပြင်ရမည်ဖြစ်ပါသည်။

၇။ ချက်မီး သုံးမျိုးလင်းသောပြသနာ

၂၀၀၅ မော်ဒယ် Demio တွင်ချက်မီးများလင်းလာခြင်းဖြစ်သည်။

ဒက်ရှ်ဘုတ်တွင် steering light, engine light နှင့် handbrakes light သုံးခုမီးလင်းခြင်းဖြစ်ပါသည်။

 

Read 2828 times