မြန်မာကျပ်ငွေသိန်း ၁၇၀ ဝန်းကျင်ဖြင့်ဝယ်ယူနိုင်မည့် Mazda Demio 2014


Mazda Demio ၂၀၁၄ မိုဒယ်မှာ SkyActiv နည်းပညာများပါဝင်လာပြီး ၁၃၀၀ စီစီနှင့် ၁၅၀၀ စီစီအင်ဂျင်နှစ်မျိုးနှင့်ထုတ်လုပ်ထားပါသည်။

နောက်ဆုံးမျိုးဆက်ဖြစ်သည့် ၂၀၁၄ မိုဒယ်နောက်ပိုင်းတွင် Chassis က DJ နှင့်စသောကြောင့် DJ Series ဟုသတ်မှတ်ထားပါသည်။

အင်ဂျင်နှစ်မျိုးစလုံးကို Auto,Manual နှစ်မျိုးစလုံးနှင့်ထုတ်လုပ်ထားပါသည်။

၂၀၁၄ မိုဒယ်မှစပြီး အပြင်ဒီဇိုင်းနှင့်အတွင်းခန်းပုံစံများပြောင်းလဲသွားပြီး လှပခံ့ညားသည့်ရှေ့ရုပ်ကြောင့်တခြား ၁၃၀၀ စီစီကားများထက်ပိုဆွဲဆောင်မှုရှိပါသည်။

၁၃၀၀ စီစီမှာ 13C,13S, 13SL Package စသည့်ဂရိတ်များရှိပြီး 13S နှင့် 13SL Package များတွင်ခုနှစ်လက်မရှိသည့် Touch Screen Display Multimedia Commander စသည်တို့ပါဝင်ပါသည်။

အမြင့်ဆုံးဂရိတ်ဖြစ်သည့် 13SL Package တွင်ဒိုင်ခွက်အပေါ်မှာ Active Driving Display ဟုခေါ်သည့်ကား၏ ဦးတည်ရာကိုဖော်ပြပေးသည့်အချက်ပြစနစ်နှင့်ကီလိုဖော်ပြပေးသည့် 3D Display ပါရှိသွားပါသည်။

ယင်းဂရိတ်တွင် Aircon Auto,Push-start,HID မီးဖြစ်သွားသကဲ့သို့ Original Alloy ဆိုက်မှာလည်း ၁၅ လက်မဖြစ်သွားပါသည်။

Mazda Demio နောက်ဆုံးမျိုးဆက်ကိုဝယ်ယူပြီးဆန်းသစ်သည့်နည်းပညာများကိုခံစားလိုပါကဂရိတ်မြင့်သည့် 13SL Package ကိုဝယ်ယူသင့်ပါသည်။

Mazda Demio 2014 မိုဒယ် ၁၃၀၀ စီစီကိုနယ်လိုင်စင်အမည်ပေါက်ဖြင့်ဝယ်ယူလိုပါက 13SL Package ဈေးနှုန်းမှာကျပ် ၁၈၅ သိန်းဝန်းကျင်ရှိပြီး ပုံမှန်ဂရိတ်များတွင်သိန်း ၁၇၀ ဝန်းကျင်တွင်ရှိပါသည်။

 

Read 7914 times