ခံညားလှပသော Kodo Desgin အယူအဆနှင့် Sporty ဆန်ဆန်ဖန်တီးထားသော MAZDA CX – 9 2017 အကြောင်း


Mazda CX-9 သည် ခုနှစ်ယောက်စီး Mid- Size ကားတစ်စီးဖြစ်ပြီး ၂၀၀၆ ခုနှစ်က ဂျပန်နိုင်ငံတွင် စတင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။

၂၀၁၆ ခုနှစ်တွင် ဒုတိယ မျိုးဆက်ဖြစ်သော Mazda CX-9 ကို ထုတ်လုပ်ခဲ့ပါသည်။

၂၀၁၇ မိုဒယ် Mazda CX-9 ကို ခံညားလှပသော Kodo Desgin အယူအဆနှင့် Sporty ဆန်ဆန်ဖန်တီးထားပါသည်။

ခရိုမီယမ် Grille နှင့် မီးခွက်များကို နောက်ဆုံးပေါ် SUV ကားများတွင် မြင်တွေ့ရလေ့ရှိသည့် ပုံစံအတိုင်း တစ်ဆက်တည်း တည်ဆောက်ထားပါသည်။

ရှေ့မီးခွက်များက Adaptive LED Headlight ဖြစ်သွားသည့်အတွက် ကား၏ လားရာအတိုင်း မီးအလင်းရောင်ကို မြင်ကွင်းကျယ်ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။

ယခင်မိုဒယ်များထက် Ground Clearence ကို ပိုုမြှင့်ထားပြီး လက်မနှစ်ဆယ် အလွိုင်းဘီးများ တပ်ဆင်ထားသောကြောင့် ကြမ်းတမ်းသော လမ်းမျက်နှာပြင်များတွင်လည်း ကောင်းစွာ မောင်းနှင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။

ကိုယ်ထည်အရောင်များကို အရောင်ခုနစ်မျိုးအထိ ရွေးချယ်ရရှိနိုင်ပါသည်။

အတွင်းခန်းတွင် ထိုင်ခုံသုံးတန်း ပါဝင်ပြီး Convenient Leather Seat ထိုင်ခုံများကို အသုံးပြုထားပါသည်။

Driver ထိုင်ခုံများကို Memory နှင့် မှတ်သားထားနိုင်ပါသည်။

ထို့အပြင် Adaptive Cruise Control စနစ်လည်း ပါဝင်လာသောကြောင့် Highway လမ်းများတွင် သက်သက်သာသာ မောင်းနှင်နိုင်မည်ဖြစ်ပါသည်။

ဖျော်ဖြေရေးအတွက် ခုနစ်လက်မ Touch Screen၊ Heads-up Display နှင့် Bose Premium အသံစနစ်သုံး စပီကာ ၁၂ လုံး ထည့်သွင်းထားပါသည်။

Mazda CX-9 ၏ Cargo Space က 14.4 ကုဗပေ အကျယ်ရှိပြီး တတိယခုံကို ခေါက်သိမ်းလိုက်ပါက 38.2 ကုဗပေ အကျယ်ကို ရရှိမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံစျေးကွက်တွင် ရောင်းချသွားမည့် All New CX-9 တွင် Skyactiv G Technology သုံး 2.5L Dynamic Turbo ဓာတ်ဆီအင်ဂျင်ကို အသုံးပြုထားပါသည်။

i-Activ AWD စနစ်ဖြစ်ပြီး 6-Speed Automatic Transmission ဂီယာကို အသုံးပြုထားပါသည်။

CX-9 တွင် လုံခြုံရေးစနစ်များအနေဖြင့် Anti-lock Brake၊ Stability & Traction Control၊ Fully Airbag  များပါဝင်ပါသည်။

ထို့အပြင် Lane-Keep Assist၊ Electronic Parking Brake၊ Blindspot Monitor၊ Front & Rear Sensor နှင့် Original Wide View Rear Camera များ တပ်ဆင်ပေးထားပါသည်။

၂၀၁၇ မိုဒယ် Mazda CX-9 ၏ စျေးနှုန်းသည် အမေရိကန်ဒေါ်လာ ၈၂၉၉၉ ဒေါ်လာဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင်ရှိသော Mazda Myanmar အရောင်းပြခန်းများတွင် ဝယ်ယူရရှိနိုင်ပါသည်။

ဝန်ဆောင်မှုများအနေဖြင့် သုံးနှစ်၊ သို့မဟုတ် ကီလိုတစ်သိန်း အာမခံပေးထားပါသည်။

 

Read 1351 times