ခေတ်မီနည်းပညာဆန်းသစ်မှုဖြစ်သော KODO ဒီဇိုင်း (Soul of Motion) နှင့်ထုတ်လုပ်ထားသည့် Mazda CX-5


ဂျပန်အခြေစိုက် Mazda ကားကုမ္ပဏီက ထုတ်လုပ်သော Mazda CX-5 အသစ်စက်စက်ကားအမျိုးအစားသည် Mazda ၏ အအောင်မြင်ဆုံး ခေတ်မီနည်းပညာဆန်းသစ်မှုဖြစ်သော KODO ဒီဇိုင်း

(Soul of Motion) နှင့် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ KODO ဒီဇိုင်းဆိုသည်မှာ သားရဲတစ်ကောင်၏ စွမ်းအင်နှင့် လှုပ်ရှားမှု ပုံသဏ္ဍာန်များကို ပုံစံယူ ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပါသည်။

Skyactive Technology ကို အသုံးပြုထားသည့်အတွက် ပေါ့ပါးသွက်လက်ပြီး ပိုမိုမြင့်မားသော စွမ်းဆောင်ရည်များကို ပေးစွမ်းနိုင်ပါသည်။

Mazda CX-5 သည် SKYACTIVE G 2.0 L ဆလင်ဒါလေးလုံးထိုး ၁၆ ဗား အင်ဂျင်ကို အသုံးပြုထားသည့် ဓာတ်ဆီအင်ဂျင်ဖြစ်ပြီး ဆီမီးအော်တို ဂီယာခြောက်ချက် ပြောင်းလဲ အသုံးပြုနိုင်ပါသည်။

ရှေ့လေဝင်ပေါက် ကျယ်ဝန်းပြီး ဆန်ခါရှဲလ်၏ အလယ်တွင် Mazda ၏ လိုဂိုတံဆိပ်တပ်ဆင်ထားပါသည်။ ခရိုမီယမ်များ ပတ်လည်အနားကွပ်ထားသည့်အတွက် ပိုမိုခန့်ညားစေသည်။

ရှဲလ်နှင့်တစ်ဆက်တစ်စပ်တည်းရှိသော ရှေ့မီးလုံးကြီးများက သက်ရှိသားရဲတစ်ကောင်၏ မျက်လုံးများပုံစံမျိုး တပ်ဆင်ထားပါသည်။ အလိုအလျောက် အလင်းရောင်ချိန်ညှိပြသပေးနိုင်သော Adaptive LED Headlight

များဖြစ်ပါသည်။

ငါးယောက်စီးကား အမျိုးအစားဖြစ်ပြီး လည်သာထိုင်ခုံများက သက်သောင့်သက်သာဖြစ်ပါသည်။ အလိုအလျောက်ချိန်ညှိနိုင်ပြီး စိတ်ကြိုက်အနေအထားကို မမ်မိုရီနှင့် မှတ်သားထားနိုင်သည်။

လည်သာစတီယာရင်ဖြစ်ပြီး ဗော်လျူးမ် ကွန်ထရိုးစနစ်ဖြစ်သည့်အတွက် အော်ဒီယိုအသံစနစ်၊ Cruise control စသော အခြားဖန်ရှင်များကိုလည်း စတီယာရင်မှ ထိန်းချုပ်နိုင်ပါသည်။

Head up display ပါရှိပြီး အသံနှင့် အမိန့်ပေးသောစနစ်ပါရှိပါသည်။ စပီကာ ၁၂ လုံးပါသော အဆင့်မြင့် Bose အသံစနစ်ပါရှိပါသည်။

သော့တံမလိုသော ပွတ်စတက်စနစ်ဖြစ်ပြီး အလိုအလျောက်ဖွင့်ပိတ်နိုင်သော Power life gate ပါရှိပါသည်။ မလိုအပ်လျှင် နောက်ခုံတန်းများ ခေါက်သိမ်းပြီး ပစ္စည်းတင်ဆောင်နိုင်သည်။ အဆင့်မြင့်

ဘရိတ်စနစ်များဖြစ်သော Anti-lock Braking System (ABS)၊ Electronic Brake Force Distribution (EBD) နှင့် Brake Assist စနစ်များပါရှိပါသည်။

Electronic Parking Brake (EPB), Stability Control, Traction Control System (TCS) စသော အဆင့်မြင့် လုံခြုံရေးစနစ်များစွာ ပါရှိပြီး အသက်ကယ်လေအိတ်ခြောက်လုံး အထိ ပါရှိသည့်အတွက် လုံခြုံစိတ်ချစွာနှင့်

မောင်းနှင်နိုင်ပါသည်။

အသစ်စက်စက် Mazda CX-5 ၏ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၆၉၀၀၀ ရှိပြီး ဝယ်ယူသူများအနေဖြင့် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံရရှိမည်ဖြစ်ပါသည်။

Kumudra

Read 610 times