SUV ချစ်သူများ၏ အားပေးမှုကို အခိုင်အမာရရှိထားသည့် Mazda CX-5 New Model


Mazda CX-5 သည် ဂျပန်နိုင်ငံအခြေစိုက် ကမ္ဘာကျော် Mazda ၏ အထူးထင်ရှားသည့် SUV ဖြစ်ပြီး လမ်းအခြေအနေမျိုးစုံတွင် ကောင်းမွန်စွာ အသုံးပြုနိုင်သည့် ကားအောက်ပို်င်းစနစ်များ ပါရှိခြင်း၊ နာမည်ကျော် Sky Active နည်းပညာသုံး အင်ဂျင်စနစ်များပါဝင်ခြင်း၊ ဒီဇိုင်းအထူးလှပမှုရှိခြင်းနှင့် ပေါ့ပါးသွက်လက်သည့် Handing ပါရှိခြင်း စသည့်ထူးခြားချက်များဖြင့် ပြည့်စုံသည့်အတွက် ကမ္ဘာအနှံမှ SUV ချစ်သူများ၏ အားပေးမှုကို အခိုင်အမာရရှိထားသည့် ကားအမျိုးအစားဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်လည်း အထူးလူကြိုက်များသည့် Mazda ၏ SUV တစ်မျိုးဟု ဆိုနိုင်ပါသည်။

ယင်းသို့ကောင်းမွန်ခြင်းများစွာဖြင့် ထင်ရှားခဲ့သည့် CX-5 SUV သည် ယခုအခါ အသွင်သစ်၊ အမြင်သစ်၊ ဒီဇိုင်းပုံစံအသစ်များဖြင့် မိုဒယ်အသစ်အနေဖြင့် ထွက်ရှိလာခဲ့ပါသည်။

New CX-5 ၏ အပြင်ဘက်ဒီဇိုင်းသည် လှပဆန်းသစ်ပြီး ဆွဲဆောင်မှုရှိသည့် ရှဲလ်ဒီဇိုင်းပုံစံအသစ်နှင့် Adaptive LED စနစ်သုံး ရှေ့မီးကြီးများကို လှပစွာ တွဲဖက်တွေ့မြင်ရမည့်ဖြစ်သည်။

ထိုမှတစ်ဆင့် New CX-5 ကို အဓိကပေါ်လွင်စေမည့် ကားဘေးဘက်ဒီဇိုင်းအသစ်တွင် ၁၉ လက်မပတ်လည် အလွိုင်းခွေများ တပ်ဆင်ထားပါသည်။

ကားအနောက်ဘက်တွင်လည်း အထူးလှပသောဒီဇိုင်းဖြင့် ဖန်တီးထားသည့် Taillight နှင့် နောက်ဖုံး ဒီဇိုင်းများကို မြင်တွေ့နိုင်ပြီး အဆိုပါ နောက်ဖုံးသည် Power Liftgate ဖြစ်၍ လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်မည်ဖြစ်သည်။

New CX-5 ၏ အပြင်ဘက် အရှေ့နှင့် အနော်ကဘက်များ၌ Parking Sensor များပါရှိသည့်အပြင် Keyless Entry System လည်း ထည့်သွင်းထားပါသည်။

ထို့အပြင် မြေပြင်ကင်းလွတ်အမြင့် (Ground Clearance) သည်လည်း မနိမ့်/မမြင့်ဖြစ်၍ ဆင်း/တက်ရန် လွယ်ကူပါမည်။

New CX-5 ၏ အတွင်းခန်းကို ပုံစံအသစ်ဖြင့် တွေ့မြင်ရမည်ဖြစ်ပြီး ကျယ်ဝန်းသပ်ရပ်စွာ ဖန်တီးထားပါသည်။

ခရီးသည်ငါးဦး အဆင်ပြေစွာ စီးနင်းနိုင်မည့် ထိုင်ခုံများ ပါဝင်မည်ဖြစ်ပြီး ရှေ့ခန်းထိုင်ခုံများကို အီလက်ထရွန်းနစ်စနစ်ဖြင့် ချိန်ညှိနိုင်သလို ထိုင်ခုံအနေအထားများကိုလည်း မှတ်သားထားနိုင်မည့် (Electric Adjustable Seats with 2 Seats Memory) ဖြစ်ပါသည်။

ထိုင်ခုံများကို တန်ဖိုးကြီးသားရေများဖြင့် ချုပ်လုပ်ထားပြီး ခရီးနီး/ဝေးအသုံးပြုရာတွင် သက်သောင့်သက်သာ စီးနင်းနိုင်မည်ဖြစ်သည်။

Dashboard ဒီဇိုင်းကိုလည်း အသွင်သစ်၊ အမြင်သစ်ပုံစံဖြင့် ဖန်တီးထား၍ ကားချစ်သူများ၏ အမြင်အာရုံကို ဖမ်းစားနိုင်မည်ဖြစ်သည်။

အတွင်းခန်းပါဝင်မှုတွင် Mazda Commander Control ပါဝင်သည့် Display Screen၊ Fully-Auto Climate Control System၊ Wind screen Type Actrive Driving Display (HUD)၊ Auto Hold Function၊ Sunroof၊ စပီကာ ၁၂ လုံးပါဝင်သည့် Bose အမျိုးအစားအသံစနစ်၊ Power Outlet၊ Smart City Brake စသည့်ပါဝင်မှုများ စုံလင်စွာပါရှိမည်ဖြစ်ပါသည်။

New CX-5 တွင် ပါဝင်သည့် လုပ်ဆောင်မှုများကို အရည်အသွေးမြင့် ပစ္စည်းများဖြင့် သေသပ်စွာ ပြုလုပ်ဖန်တီးထားပြီး လွယ်ကူစွာ အသုံးပြုထိန်းချုပ်နိုင်မည်လည်း ဖြစ်သည်။

ထို့အတူ ကားရှေ့ခန်းရှိ ဒက်ရှ်ဘုတ် ဧရိယာတစ်ဝိုက်ကို သပ်ရပ်ရှင်းလင်းစွာ စီစဉ်ဖန်တီးထား၍ CX-5 ချစ်သူများ အထူးနှစ်သက်မည်ဖြစ်သည်။

New CX-5 တွင် အင်ဂျင်အနေဖြင့် SKYAVTIV 2.0၊ 2.0L I4 အင်ဂျင်နှင့် Semi 6-Speed Gearbox တို့ကို တွဲဖက် တပ်ဆင်ထားပါသည်။

အဆိုပါ အင်ဂျင်သည် ဓာတ်ဆီအင်ဂျင် အမျိုးအစားဖြစ်ပြီး ဆီသိုလှောင်နိုင်မှုမှာ ၅၈ လီတာဖြစ်ပါသည်။

မိုဒယ်သစ် New CX-5 သည် အထူးလုံခြုံစိတ်ချရသည့် SUV ကားအမျိုးအစားဖြစ်ပြီး ယင်းကားတွင် လုံခြံုရေးစနစ်များစွာ ပါရှိပါသည်။

အသက်ကယ်လေအိတ်များအနေဖြင့် စုစုပေါင်း ခြောက်လုံးပါရှိပြီး အခြားသောပါဝင်မှုများအနေဖြင့် Hill Start Assist Electronic Brake Distribution Speed Sensing Door Locks Lane Departure Warning

System ISOFIX ABS with Electronic Brake Force Distribution and Brake Assist စသည့် အဆင့်မြင့် နည်းပညာသုံး လုံခြံုရေးပါဝင်မှုများစွာ ပါရှိမည်ဖြစ်သည်။

မိုဒယ်သစ် Mazda CX-5 ကို မြန်မာနိုင်ငံအတွက် CCAM ကုမ္ပဏီမှ တင်သွင်းရောင်းချခြင်းဖြစ်ပြီး စျေးနှုန်းအနေဖြင့် အမေရိကန်ဒေါ်လာ ၆၈၉၉၉ ဝန်းကျင်မှ စတင်ရောင်းချမည်ဖြစ်ရာ ရန်ကုန်လိုင်စင်ရရှိမည် ဖြစ်ပါသည်။

ဝန်ဆောင်မှုအနေဖြင့် သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း Warranty သတ်မှတ်၍ ရောင်းချပေးမည်ဖြစ်သည်။

 

Read 1111 times