အမေရိကန် အီးဗီဈေးကွက်ထဲသို့ ဟွန်ဒါက မော်ဒယ်အသစ်များဖြင့် တကျော့ပြန်ဝင်မည်


အမေရိကန် အီးဗီဈေးကွက်ထဲသို့ ဟွန်ဒါက မော်ဒယ်အသစ်များဖြင့် တကျော့ပြန်ဝင်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Mazda Motor သည် အမေရိကန်တွင် လျှပ်စစ်ကားများကို ၂၀၂၅ ခုနှစ်အစောပိုင်းမှာ စတင်ရောင်းချမည်။ 

အီးဗီအသစ်များသည် လက်ရှိဓာတ်ဆီသုံးကားများအတွက် ပလက်ဖောင်းများ‌ဖြင့် တည်ဆောက်မည် ဖြစ်သည်။
ဂျပန်နိုင်ငံ အနောက်ပိုင်း ယာမာဂူချီ စီရင်စုရှိ ဟိုဖူမှ မာဇဒါ ကားစက်ရုံတွင် ထုတ်လုပ်မည်ဖြစ်သည်။
၎င်းစက်ရုံသည် ဓာတ်ဆီသုံးကားများ၊ ဟိုက်ဘရစ်များ၊ လျှပ်စစ်ကားများ တပ်ဆင်ထုတ်လုပ်နိုင်သည့် ကားစက်ရုံ ဖြစ်သည်။

မာဇဒါက အီးဗီများ မော်ဒယ်အသစ် ထွက်ရှိခြင်းသည် မာဇဒါသည် အမေရိကန်သို့ တကျော့ ပြန်လည်ဝင်ရောက်လိုက်ခြင်း ဖြစ်သည်။

မာဇဒါသည် ၂၀၂၁ ခုနှစ်တွင် ထွက်ရှိခဲ့သော  MX-30 လျှပ်စစ် SUV ကို ရောင်းအား မကောင်းသဖြင့် မကြာသေးမီက ပြန်ရုပ်သိမ်းခဲ့သည်။

အမေရိကန်သည် မာဇဒါ၏ အကြီးဆုံး တစ်ခုတည်းသော စျေးကွက်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ရောင်းချမှု စုစုပေါင်း၏ ၃၀% ခန့်ရှိသည်။
  
အီးဗီအသစ်များကို မြောက်အမေရိကတွင် မထုတ်လုပ်သဖြင့် အမေရိကန်အစိုးရထံမှ $7,500 အထိ ရနိုင်သော အီးဗီအထောက်အပံ့ အခွန်ခုနှိမ်ခြင်းကို မရနိုင်ပေ။ 

မာဇဒါသည် MX-30 SUV လျှပ်စစ်ကားမော်ဒယ်ကို ဂျပန်နှင့် ဥရောပတို့တွင် ရောင်းချသည်။ CX-30 crossover လျှပ်စစ်ကား မော်ဒယ်ကို တရုတ်မှာ ရောင်းချသည်။

ယမန်နှစ်က မာဇဒါ အီးဗီ ရောင်းအားသည် မာဇဒါကား အားလုံး ရောင်းချစီးရေ စုစုပေါင်း၏ ၁% အောက်သာ ရှိသည်။ အီးဗီအစီးရေ ၇,၅၀၀ ဝန်းကျင် ရောင်းချခဲ့သည်။
Source Asia nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 998 times