Mazda 6 ကြွေရတု limited-edition မော်ဒယ် ထုတ်လုပ်


Mazda 6 ကြွေရတု limited-edition မော်ဒယ် ထုတ်လုပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ပထမဆုံး Mazda 6 ကို GG1 ဟုအမည်ပေးထားပြီး Ford ၏ စီမံမှုအောက်တွင် ၂၀၀၂ ခုနှစ်တွင် ပွဲဦးထွက်ခဲ့ပါသည်။
2.3-litre အရွယ်အစား တာဘိုပါဝင်သည့် ဆလင်ဒါ ၄ လုံး Mazda MZR အင်ဂျင်ကို သုံးစွဲထားသည်။ ပါဝါ 272 PS နှင့် ရုန်းအား 380 Nm အထိ ထုတ်ပေးနိုင်သည်။
Mazda 6 ဒုတိယမျိုးဆက်ကို GH1 ဟု အမည်ပေးထားပြီး ၂၀၀၇ တွင် ပွဲထုတ်ခဲ့သည်။ 
 ပထမမျိုးဆက်တွင် သုံးစွဲသည့် ပလက်ဖောင်းကို ဒုတိယမျိုးဆက်တွင် ဆက်လက်သုံးစွဲသည်။ 
 ဒုတိယမျိုးဆက်အပြီးတွင် ဆက်လက်ထုတ်လုပ်ခြင်း မရှိတော့ချေ။ 
ယခု နှစ် ၂၉ ပြည့် ကြွေရတု အထိမ်းအမှတ်အဖြစ် ထုတ်လုပ်သော limited-edition Mazda 6 ကို အနီရောင်ဖြင့် ထုတ်လုပ်သည်။ အတိအကျ ဆိုရလျှင် Artisan Red Premium Metallic အရောင်ဖြစ်ပြီး အရောင်အမှောင်ဘက်မှာ ရှိသည့်အရောင် ဖြစ်သည်။ လိုက်ဖက်ညီအောင် key fob ကိုလည်း ၎င်းအနီရောင်ဖြင့် ပြုလုပ်ပေးထားသည်။ 

အဖြူရောင်ဖြင့်လည်း ထုတ်လုပ်ပြီး Rhodium White Premium Metallic ဟု ခေါ်ဝေါ်သည့်အရောင် ဖြစ်သည်။
အတွင်းထိုင်ခုံတွင် နှစ်နှစ်ဆယ်ပြည့် လိုဂို အသားတံဆိပ် ဖော်ပြထားသည်။ အသားမှာ Nappa သားရေကူရှင်သား ဖြစ်သည်။

 

Mazda 6 20th Anniversary Limited Edition တွင် 2.2-litre turbodiesel အင်ဂျင် သုံးစွဲထားသည်။ ပါဝါ 200 PS နှင့် ရုန်းအား 450 Nm အထိ ထုတ်ပေးနိုင်သည်။ အောတိုဂီယာ ၆ ချက်နှင့် တွဲဘက်ပေးထားသည်။
၂ ဘီးယက် နှင့် ၄ ဘီးယက် မူကွဲ ၂ မျိုး ထုတ်လုပ်ထားသည်။

Mazda 6 20th Anniversary Limited Edition လက်လီရောင်းဈေးမှာ ဂျပန်ယန်း ၄.၄၂ သန်း ဖြစ်ပါသည်။ 
Source wapcar

Read 286 times