MAZDA 3


Mazda 3 ကားအမျိုးအစားကို ၂၀၀၃ ခုနှစ်တွင် စတင်ထုတ်လုပ်ပြီး ဂျပန်နှင့် တရုတ်နိုင်ငံတို့တွင် Mazda Axela ဟုလည်းခေါ်ဆိုကြပါသည်။

ကိုယ်ထည်ဒီဇိုင်းကို တံခါးငါးပေါက်ပါ Hatchback Type နှင့် တံခါးလေးပေါက်ပါ ဆီဒန် Type နှစ်မျိုးထုတ်လုပ်ထားပါသည်။

Mazda သည် ၂၀၁၁ ခုနှစ်တွင် သူတို့၏ မူပိုင်နည်းပညာတစ်ခုဖြစ်သော Skyactiv Technology ကိုမိတ်ဆက်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှစတင်ကာ Skyactiv နည်းပညာသုံး Mazda 3 ကားများထုတ်လုပ်ခဲ့ပါသည်။

တတိယမျိုးဆက်ဖြစ်သော ၂၀၁၄ မိုဒယ်မှစတင်ကာ ကိုယ်ထည်ဒီဇိုင်းပြောင်းလဲထုတ်လုပ်ခဲ့ကြောင်းသိရသည်။

တတိယမျိုးဆက် Mazda3 ကို 1.5L, 2.0L, 2.2 L, 2.5L စသောအင်ဂျင်အမျိုးအစားများ ထုတ်လုပ် ထားပါသည်။

အများစုမှာ Skyactiv G ဓာတ်ဆီအင်ဂျင်များဖြစ်ပြီး 1.5L, 2.2 L ကားများတွင် Skyactiv D Turbo ဒီဇယ်အင်ဂျင်နှင့်လည်း လာပါသည်။

မြန်မာနိုင်ငံတွင် 1.5 L Skyactiv G ဓာတ်ဆီအင်ဂျင်ကားများကိုမြင်တွေ့ရပါသည်။

ဂီယာမှာ 6 Speed Skyactiv-MT Manual Transmission နှင့် 6 Speed Skyactiv-Drive Auto Transmission နှစ်ခုထုတ်လုပ်ထားပါသည်။

တတိယမျိုးဆက်ဖြစ်သော ၂၀၁၄ မိုဒယ်နှင့်အထက် Mazda 3ကားများကို Sedan နှင့် Hatchback Body Type နှစ်မျိုးဆက်လက်ထုတ်လုပ်ထားပါသည်။

တတိယမျိုးဆက်ကားများမှာ ဒုတိယမျိုးဆက်ကားထက် ကိုယ်ထည်အနည်းငယ်ပိုကျယ်ဝန်းပါသည်။

ထို့ပြင်ပိုပြီးလည်း Sport ဆန်ပြီး အတွင်းခန်းမှာလည်း ပိုအဆင့်မြင့်သွားပြီး Dashboard ပေါ်မှ Touch-screen မှအင်တာနက်အသုံးပြုလို့ရနိုင်မည်ဖြစ်ပါသည်။

၂၀၁၆ မိုဒယ်၏ ဈေးနှုန်းမှာ Brand new ဝယ်ယူမည်ဆိုပါက အမေရိကန်ဒေါ်လာ သုံးသောင်းခွဲဝန်းကျင်နှင့် ရောင်းချနေပြီး နံပါတ်ထွက်ပြီးသား တစ်ပတ်ရစ် ၂၀၁၄၊ ၂၀၁၅ မိုဒယ်ကားမှာ ကျပ်သိန်းသုံးရာဝန်းကျင်ရှိပါသည်။

Read 3280 times