Mazda 2 Sedan


ဆလင်ဒါလေးလုံးထိုး Skyactiv-G 1.5L ဓာတ်ဆီအင်ဂျင်ကိုအသုံးပြုထားပါသည်။

Auto ဂီယာခြောက်ချက်ပြောင်းလဲအသုံးပြုနိုင်ပြီး မြင်းကောင်ရေ ၁၁၄ ကောင်အားရှိပါသည်။

ပျမ်းမျှဆီစားနှုန်း ၅.၅ လီတာကို ကီလို ၁၀၀ အထိမောင်းနှင်နိုင်မည်ဖြစ်သည်။

KODO ဒီဇိုင်းဖြစ်သည့်အတွက်ကိုယ်ထည်ပိုင်းတွင် အထူးပေါ့ပါးပြီး ကြံ့ခိုင်မှုရှိစေအောင် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားပါသည်။

Skyactiv ဟုဆိုသော Mazda ၏ နည်းပညာမှာ  Sedan Sport ပြိုင်ကားဆန်သောဆီဒင်ကားအတွက် တောရိုင်းတစ်ကောင်၏လျင်မြန်ဖျတ်လက်မှုကို ရရှိစေပါသည်။

ရှဲလ်၏တစ်ဖက်စီက ရှေ့မီးလုံးများက သားရဲတစ်ကောင်၏ သက်ရှိမျက်လုံးများလိုဖော်ပြထားပါသည်။

ပွင့််ဖက်ငါးခုပါသော ပန်းပွင့်ပုသဏ္ဍာန်ခရိုမီယမ် အလွိုင်းဝှီးများက ကိုယ်ထည်နှင့် လိုက်ဖက်ပါသည်။

ယာဉ်မောင်းသူ၏ ရှေ့ခန်းထိုင်ခုံများကို မိမိစိတ်ကြိုက်အနေအထားဖြင့် ချိန်ညှိနိုင်သော ပါဝါထိုင်ခုံစနစ် ဖြစ်သည်။

ပါဝါစတီယာရင်စနစ်ဖြစ်ပြီး Rotary Commandar Control စနစ်ပါရှိပါသည်။

စပီကာခြောက်လုံးပါရှိသောအဆင့်မြင့်အသံစနစ်ပါရှိပြီး ခုနှစ်လက်မTV screen ပါရှိပြီး ဖျော်ဖြေရေးစနစ် အမျိုးမျိုးချိတ်ဆက်ခံစားနိုင်ပါသည်။

သော့နှင့် လှည့်ပြီး စက်နှိုးစရာမလိုပဲ ခလုတ်နှိပ်စက်နှိုးနိုင်မည့် push-start button စနစ်ဖြစ်သည်။

နောက်ကြည့်ကင်မရာပါရှိသည့်အတွက်ပါကင်ထိုးရလွယ်ကူပါသည်။

အဆင့်မြင့်ဘရိတ်စနစ်ဖြစ်သော Anti-Lock Barking System(ABS) မှအာရုံခံကိရိယာများက ဘီးများ၏ လည်ပတ်နှုန်းကို ထောက်လှမ်းပြီး ကွန်ပျုတာဆီပေးပို့ပါသည်။

အန္တရာယ်ရှိသောအနေအထားမျိုးဖြစ်နေရင် ကွန်ပျုတာမှ ထိန်းချုပ်ပြီး အမြန်နှုန်းများကို အလိုအလျောက် လျှော့ချပေးနိုင်ပါသည်။

အသက်ကယ်လေအိတ်နှစ်လုံးပါရှိကြောင်းလဲသိရသည်။

2016 မော်ဒယ် Mazda 2 Sedan Sport ၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၉,၀၀၀ ဖြစ်သည်။

ဝယ်ယူသူများအနေဖြင့် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံရရှိမည်ဖြစ်သည်။

Read 4686 times