ကျပ်သိန်း ၂၀၀ နှင့် ၃၀၀ ကြား ရွေးချယ်သင့်သည့် ၁၃၀၀ စီစီ ကားများ (Mazada Demio 2014 Model)


ခေတ်မီတဲ့ ကားဒီဇိုင်း၊ ဆန်းသစ်တဲ့နည်းပညာတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ Mazada Demio (2014 Model) ဟာဆိုရင် တခြား ၁၃၀၀ စီစီ ကားတွေမှာ မပါဝင်တဲ့ ထူးခြားချက်တွေ အများကြီးရှိပါတယ်။

World Car of the year ၊ Japanese Car of the Year ဆုတွေကိုရရှိထားတဲ့ Demio ကို ဒီအချိန်မှာ ဝယ်ယူမယ်ဆိုရင် တခြား ၁၃၀၀ စီစီ ကားတွေထက် ဈေးသက်သာပြီး စီးနင်းသူတွေအတွက် ခေတ်မှီဆန်းသစ်တဲ့ နည်းပညာအငွေ့အသက်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

Super Mini Car ဖြစ်တဲ့ Mazada Demio ကို ၁၉၉၆ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး စတုတ္တမျိုးဆက်ဟာ Mazada CX-5 ကိုအခြေခံ ထုတ်လုပ်ထားတာဖြစ်ပြီး Ford Fiesta နဲ့လည်း ဒီဇိုင်းချင်းဆင်ပါတယ်။ ဒီမျိုးဆက်ကို ထုတ်လုပ်ပြီးမကြာခင်မှာပဲ Japanese Car of The Year ဆုရရှိခဲ့ပါတယ်။ Mazada Demio ၂၀၁၄ မိုဒယ်နဲ့အထက်ကို DJ Series လို့သတ်မှတ်ထားပြီး Mazada2 လို့လည်းခေါ်ကြပါတယ်။

အပြင်းပိုင်းနဲ့အတွင်းပိုင်းအပြင်အဆင်

၂၀၁၄ မိုဒယ်ကစလို့ အပြင်ဒီဇိုင်းနဲ့ အတွင်းခန်းပုံစံတွေ ပြောင်းလဲသွားပြီး လှပခံ့ညားတဲ့ ရှေ့ရုပ်ကြောင့် တခြား ၁၃၀၀ စီစီ ကားတွေထက်ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။ ၁၃၀၀ စီစီမှာ 13C ၊ 13S ၊ 13SL Package စတဲ့ ဂရိတ်တွေရှိပြီး 13S နဲ့ 13SL Package တွေမှာ ခုနှစ်လက်မရှိတဲ့ Touch Screen Display Multimedia Commander စတာတွေ ပါသွားပါတယ်။ အမြင့်ဆုံးဂရိတ်ဖြစ်တဲ့ 13SL Package မှာဆိုရင် ဒိုင်ခွက်အပေါ်မှာ Active Driving Display လို့ခေါ်တဲ့ ကားရဲ့ ဦးတည်ရာကို ဖော်ပြပေးတဲ့ အချက်ပြစနစ်နဲ့ ကီလိုဖော်ပြပေးတဲ့ 3D Display ပါရှိသွားပါတယ်။ နောက်ပြီး ဒီဂရိတ်မှာ Aircon Auto ၊ Push-start ၊ HID မီးဖြစ်သွားသလို Original Alloy ကလည်း ၁၅ လက်မဖြစ်သွားပါတယ်။ Mazada Demio နောက်ဆုံးမျိုးဆက်ကို ဝယ်ယူပြီးဆန်းသစ်တဲ့ နည်းပညာတွေကို ခံစားချင်တယ်ဆိုရင် ဂရိတ်မြင့်တဲ့ 13SL Package ကိုဝယ်ယူသင့်ပါတယ်။

အင်ဂျင်အမျိုးအစား

Mazada Demio ၂၀၁၄ မိုဒယ်မှာ SkyActiv နည်းပညာတွေပါဝင်လာပြီး ၁၃၀၀ စီစီ အင်ဂျင်နှစ်မျိုး ထုတ်လုပ်ထားပါတယ်။ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ ၂၀၁၄ မိုဒယ်ကစလို့ Chassis က DJ နဲ့စတဲ့အတွက် DJ Series လို့ သတ်မှတ်ထားပါတယ်။ အင်ဂျင်နှစ်မျိုးစလုံးကို Auto ၊ Manual ဂီယာနှစ်မျိုးစလုံးနဲ့ ထုတ်လုပ်ထားပါတယ်။

ဈေးနှုန်း

Mazada Demio ၂၀၁၄ မိုဒယ်(ပုံပြောင်း)ကို နယ်လိုင်စင်နံပါတ်ထွက်ပြီးသား ဝယ်ယူမယ်ဆိုရင် ကျပ်သိန်း ၁၈၀ နဲ့ နှစ်ရာကြားမှာ ရှိပါတယ်။ Demio ပုံပြောင်းထဲမှာတော့ ရန်ကုန်လိုင်စင်နဲ့ ကားက ရှားပါတယ်။

 

Read 883 times