SkyActiv-X နည်းပညာသုံးပထမဆုံး Mazda ၏ SUV မော်ဒယ်အသစ် CX-30


အဆိုပါ CX30 မှာ အလျား 4,395 mm ၊ အကျယ် ,795 mm ၊ အမြင့် 1,540 mm နှင့် Wherlbase 2655 mm ရှိပြီး အမြင့်က CX-3 နှင့်တူညီသော်လည်း Wheelbase က CX-3 ထက် ပိုကျယ်ကာ ဆိုက်အားဖြင့် CX-3 SUV နှင့် CX-5 တို့ကြား ရှိပါတယ်။ CX-3 နှင့် CX-5 ကြားနေရာတွင် SUV မော်ဒယ် CX-4 ရှိနေပြီးသား ဖြစ်သော်လည်း CX-4 ကို တရုတ် Market တစ်ခုတည်းမှာပဲ ရောင်းချနေခြင်းဖြစ်ပြီး CX-30 ကို ကမ္ဘာနှံ့သို့ ရောင်းချမည်ဖြစ်ပြီး CX4 နှင့်ရောထွေးမှုမရှိစေအောင် ထုတ်လုပ်ထားကြောင်း Mazda မှအခိုင်အမာ ဆိုထားပါတယ်။ ၎င်း၏ cargo space မှာ CX 5 နှင့် အတူတူဖြစ်သောကြောင့် ပစ္စည်းများကိုအဆင်ပြေပြေထားရှိနိုင်မည်ဟုလည်း ဆိုထားပါတယ်။

အဆိုပါ မော်ဒယ်သစ် CX-30 သည် All-New Mazda 3 ပြီးလျှင် Mazda New Generation Platform ကို အသုံးပြုထားသည့် ဒုတိယမြောက်မော်ဒယ် ဖြစ်ပါတယ်။ Powertrain အနေနှင့် 2.0-litre SkyActiv-G petrol engine, 1.8-litre SkyActiv-D diesel engine နှင့် new 2.0-litre SkyActiv-X petrol engine များကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Transmission မှာ Variant ပေါ်မူတည်ပြီး manual နှင့် six-speed auto ကို ရွေးချယ်နိုင်ပြီး AWD စနစ်နှင့်လာမှာဖြစ်ပါတယ်။ အဆိုပါ CX 30 တွင် 8.8-inch touchscreen infotainment system ပါဝင်ပြီး Audio System အတွက် Speaker (၈) လုံး တပ်ဆင်ပေးထားသည်။ လုံခြုံရေးအနေဖြင့် CX-30 တွင် Front cross traffic alert, driver monitoring system, Adaptive cruise control တို့အပြင် Mazda’s Smart Brake Support တို့ပါဝင်သလို CX-30 က Mazda ကားများထဲတွင် driver’s knee airbag ပါသော ပထမဆုံး မော်ဒယ်လည်း ဖြစ်လာမှပါ။ အဆိုပါ CX30 ကိုယခုနှစ်အကုန်ပိုင်း တွင်စတင်ရောင်းချသွားမည်ဖြစ်သော်လည်း ဈေးနှုန်းကိုမူထုတ်ပြန်ကြေညာခြင်းမရှိသေးပါ။

Credit;Drive Myanmar

Read 1036 times