Matchbox နှစ်(၇၀)ပြည့် အထိမ်းအမှတ် ကားများ ထုတ်လုပ်


Matchbox နှစ်(၇၀)ပြည့် အထိမ်းအမှတ် ကားများ ထုတ်လုပ်

 

TO GET INSTANT UPDATE 
Join Telegram Channel 
https://t.me/Guid4U

Matchbox သည် တစ်နှစ်ပတ်လုံး စတိုးဆိုင်များ တွင် အကန့်အသတ်ဖြင့် ထုတ်လုပ်ထားသော အရုပ်ကားများဖြင့် ၎င်း၏ နှစ် ၇၀ ပြည့် နှစ်ပတ်လည်ကို ကျင်းပနေပါသည်။

Matchbox နှစ်(၇၀)ပြည့် အထိမ်းအမှတ် ထုတ်လုပ်သောကားများတွင် Porsche 908 နှင့် Jaguar D-Type ကဲ့သို့သော ဂန္ထဝင်ပြိုင်ကားမော်ဒယ်များ၊ Chevrolet Corvette C8 နှင့် GMC Hummer EV ပစ်ကပ် ကဲ့သို့သော ခေတ်ပေါ်ပြိုင်ကားများလည်း ပါဝင်သည်။ ထရပ်ကား ၅ မျိုး ပါသည်။ လန်ဒန်မြို့တော်တွင် ပြေးဆွဲသည့် ၂ ထပ်ဘတ်စ်ကားလည်း ပါသည်။ ထို့ပြင် ထုတ်လုပ်မှု အပြီးအပိုင် ရပ်လိုက်ပြီဖြစ်သော Boeing 747 လေယာဉ်လည်းပါသည်။

နှစ်(၇၀)ပြည့် နှစ်ပတ်လည်သည် ပလက်တီနမ်ရတု ဖြစ်သဖြင့် ကားတိုင်းတွင် Matchbox နှစ်(၇၀) ပြည့် အမှတ်အသားကို ပလက်တီနမ်ဖြင့် တပ်ဆင်ပေးထားသည်။ ကား၏ အစိတ်အပိုင်း အချို့ကိုလည်း ပလက်တီနမ်ဖြင့် ပြုလုပ်ပေးထားသည်။ ဥပမာ လှန်ဖွင့်၍ ရအောင် လုပ်ပေးထားသော ရှေ့ဘက် စက်ခန်းအဖုံးကို ပလက်တီနမ်ဖြင့် ပြုလုပ်ပေးထားသည်။

ကိုယ်ထည်ကို တစ်ဖန်ပြန်သုံးသော ဇင့်ဖြင့် ထုတ်လုပ်ထားသည်။ 
Tesla Roadster တွင် ၉၉% သည် တစ်ဖန်ပြန်သုံးပြီး ထုတ်လုပ်ထားသော အစိတ်အပိုင်းများဖြင့် ပြုလုပ်ထားသည်။
ထုပ်ပိုးပစ္စည်းများသည် ရာနှုန်းပြည့် ၁၀၀% တစ်ဖန်ပြန်သုံးပြီး ထုတ်လုပ်ထားသော ပစ္စည်းများ သုံးထားသည်။ 

 

 

Matchbox ကို ၁၉၅၃ ခုနှစ်တွင် ဗြိတိန်စစ်တပ်မှ ဒုတိယကမ္ဘာစစ်မှ စစ်ပြန်အင်ဂျင်နီယာ Jack Odell မှ ဖန်တီးခဲ့ခြင်းဖြစ်ပြီး ၎င်း၏သမီးအတွက် အရုပ်တစ်ခုပြုလုပ်ရန် မူလအစ စတင်ဖန်တီးခဲ့သည်။
မီးခြစ်ဘူးထဲ ထည့်၍ရသော အရွယ်အစားဖြင့် ပြုလုပ်ခဲ့သည်ကို အကြောင်းပြုပြီး မီးြခစ်ဘူး Matchbox ဟု အမည်တွင်သည်။

၁၉၉၇ တွင် ကစားစရာ ကားများ ထုတ်လုပ်သည့်  Mattel က Matchbox လုပ်ငန်းကို ဝယ်ယူခဲ့သည်။
Source motorauthority 

TO GET INSTANT UPDATE 
Join Telegram Channel 
https://t.me/Guid4U

Read 236 times