ကားအို ၁၇၄ စီး eBay တွင် ဒေါ်လာ ၁.၄ သန်းဖြင့် လေလံတင်မည်


ကားဂိုဒေါင်တစ်ခုထဲတွင် သိမ်းဆည်းထားတဲ့ ကားအို ၁၇၄ စီးကို ရောင်းချဖို့ စီစဉ်နေပြီး ကြမ်းခင်းဈေး ဒေါ်လာ ၁.၄ သန်းဖြင့် တန်ဖိုးဖြတ်ထားပါတယ်။ 

ကားအိုတွေကို လန်ဒန်မြို့ တစ်နေရာရှိ ကားဂိုဒေါင်တစ်ခုအတွင်းမှာ အစုလိုက်အပြုံလိုက် သိမ်းဆည်းထားတာ ဖြစ်ပါတယ်။

နှစ်ပေါင်း ၂၀ ကြာ စုဆောင်းသိမ်းဆည်းထားခဲ့တာ ဖြစ်ပြီး စုဆောင်းသူက အမည်ထုတ်ဖော်ပြောကြားခြင်း မပြုပါဘူး။ ဂိုဒေါင်ပိုင်ရှင်က ဆက်လက်ငှားရမ်းခြင်း မပြုတော့လို့ ကားတွေကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ 
သူက ကားတွေကို ဂိုထောင်ထဲမှာ ဖြစ်သလို ထည့်ပြီး ပစ်ထားတာကြောင့် ဖုန်းအလိမ်းလိမ်းနဲ့ ဖြစ်နေပါတယ်။ 
အွန်လိုင်းမှာ တင်ပြီး မရောင်းချခင် လူကိုယ်တိုင် လာရောက်ကြည့်ရှုပြီး ဝယ်ယူတဲ့သူတွေကို အရင်ရောင်းချပေးခဲ့ပါတယ်။ ရောင်းလို့ ကျန်တဲ့ကားတွေကိုတော့ eBay မှာ စာရင်းတင်ပြီး ရောင်းချဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ 
ကားအိုတွေထဲမှာ ဂန္ထဝင်ကားတွေလည်း ပါဝင်နေပါတယ်။ ဈေးအကောင်းဆုံးကားကာတော့  1960 MG MGA  ဖြစ်ပြီး ဈေးနှုန်းက ပေါင် ၂၅,၀၀၀ ( ကန်ဒေါ်လာ ၃၅,၀၀၀ ဝန်းကျင်) ဖြစ်ပါတယ်။ 
ဈေးအပေါဆုံးကားက 2000 Citroen Berlingo ဖြစ်ပြီး ဈေးနှုန်းက ပေါင် ၁၀၀ (ကန်ဒေါ်လာ ၁၄၀ ဝန်းကျင်) ဖြစ်ပါတယ်။ 
ကားအမျိုးမျိုးကို ၁၉၄၀ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း ဝယ်ယူစုဆောင်းခဲ့တာဖြစ်ပြီး 

1975 Mercedes 350SL, 
1989 BMW 635CSI, 
1973 Porsche 911, 
1983 Mercedes 280SL 
 1981 Mercedes 380SL
1971 Triumph Spitfire MK4, 
1973 MG MGB, 
1989 Nissan 300ZX 
1986 Mercedes 300SE
တို့ တစ်စီးစီ ပါဝင်တယ်။ 
Morris Minor, Campers နဲ့ Land Rovers များလည်း ပါဝင်တယ်။ 
တချို့ကားတွေအတွက် ကားပြုပြင်ထိန်းသိမ်းတဲ့ မှတ်တမ်း မရှိဘူး။ ကားအများအပြားတို့ လိုင်စင်သက်တမ်း တိုးမထားဘူးလို့ သတင်းတစ်ချို့မှာ ရေးသားဖော်ပြထားတယ်။ 
 

Read 5819 times