Maruti Suzuki အိန္ဒိယမှ တစ်နှစ် စီးရေ သုံးသိန်းခွဲ ပြည်ပတင်ပို့ရန် လျာထား
အိန္ဒိယကားဈေးကွက်ထဲတွင် အိမ်စီးကားအသစ် ၂ စီးရောင်းချလျှင် ၁ စီးသည် Maruti Suzuki ၏ ကား ဖြစ်သည်။
Maruti Suzuki သည် ဂျပန်ကားလုပ်ငန်း Suzuki Motor ၏ အိန္ဒိယနိုင်ငံအတွက် လုပ်ငန်းခွဲ ဖြစ်သည်။
Maruti Suzuki က အိန္ဒိယတွင် ထုတ်လုပ်သော အိမ်စီးကားများကို ပြည်ပသို့ တင်ပို့ရန် ရည်မှန်းချက် ထားရှိသည်။ ထိုရည်မှန်းချက်ကို ၃ နှစ်အတွင်း အကောင်အထည် ပေါ်လာရန် အစီအစဉ်များ ရေးဆွဲထားသည်။ ၂၀၂၅ တွင် ကားစီးရေ ၃၅၀,၀၀ ကျော် တင်ပို့ရန် လျာထားသည်။
ထိုအစီအစဉ်များအရ Suzuki Motor က Toyota Motor နှင့် အတူလက်တွဲပြီး လုပ်ကိုင်မည်။
၂၀၂၁ တွင် Maruti Suzuki သည် ထုတ်လုပ်သည့် အိမ်စီးကားများ၏ ၄၀%ကို ပြည်ပသို့တင်ပို့ခဲ့သည်။
Suzuki နှင့် Toyota အတွက် India သည် မော်တော်ကားများအတွက် အချက်အချာ တစ်ခုဖြစ်ရုံမျှသာမက လျှပ်စစ်ကားများအတွက် လစ်သီယမ်-အိုင်းယွန်းဆဲလ် ဘက်ထရီများအပါအဝင် အစိတ်အပိုင်းများအတွက် အဓိက အရင်းအမြစ် ဖြစ်လာရန် ရည်မှန်းထားသည်။
သို့ဖြစ်ရာ အစိတ်အပိုင်းများ ပြည်ပသို့ တင်ပို့ရန်အတွက်လည်း Maruti Suzuki က ရည်မှန်းချက် ထားရှိပါသည်။ လာမည့် ၃ နှစ်တာတွင် မော်တော်ယာဉ်များနှင့် အစိတ်အပိုင်းများ ကန်ဒေါ်လာ ၂.၅ ဘီလီယံဖိုး တင်ပို့ရန် လျာထားသည်။
ယခင်က အိန္ဒိယတွင် ကားစီးရေအများဆုံး တင်ပို့ခဲ့သည့် လုပ်ငန်းမှာ Hyundai Motor India ဖြစ်သည်။ ၂၀၂၂ တွင် Maruti Suzuki က Hyundai Motor India ကို ကျော်တက်ပြီး အိန္ဒိယတွင် ကားစီးရေအများဆုံး တင်ပို့သည့်လုပ်ငန်း ဖြစ်လာသည်။ အိန္ဒိယမှ ကားစီးရေ ၅၇၀,၀၀၀ ဝန်းကျင် တင်ပို့ခဲ့ရာတွင် ကားစီးရေ ၂၃၈,၀၀၀ ဝန်းကျင်သည် Maruti Suzuki ၏ ကားများ ဖြစ်သည်။
စီးရေ အများဆုံး တင်ပို့ခဲ့သည့်မော်ဒယ်မှာ ဆီဒင်အသေးစား Dzire ဖြစ်သည်။ စီးေရ ဒုတိယအများဆုံး တင်ပို့ခဲ့သည်မှာ Baleno ဖြစ်ပြီး Swift သည် တတိယနေရာတွင် ရှိနေသည်။
Maruti Suzuki သည် နိုင်ငံပေါင်း ၁၀၀ ကျော်သို့ တင်ပို့လျက်ရှိရာ မိခင်လုပ်ငန်း Suzuki Motor ၏ ကွန်ရက်များနှင့် အခြေခံ အဆောက်အအုံတို့ကို အသုံးပြုသည်။
တောက်အာဖရိကနိုင်ငံသို့ စီးရေအများဆုံး တင်ပို့သည်။ ဒုတိယနေရာတွင် ချီလီ၊ တတိယနေရာတွင် အီဂျစ်၊ စတုတ္ထနေရာတွင် ဖိလစ်ပိုင်၊ ပဉ္စမနေရာတွင် ကိုလံဘီယာတို့ နေရာယူထားသည်။
Source economictimes
#MyanmarAutomobileGuide