အမေရိကန်အခေါ်အဝေါ်အားဖြင့် မီနီဗန် (Minivan)၊ ဗြိတိသျှအခေါ်အဝေါ်အားဖြင့် People Carrier ဟု ခေါ်ဝေါ်ပြီး MPV (Multi-Purpose Vehicle) ဟူ၍လည်း အတိုကောက်ခေါ်ဝေါ်ကြသော မီနီဗန်ကား များသည် ခေါင်မိုးမြင့်ပြီး ကျယ်ဝန်းသည့်အတွင်းခန်းကြောင့် ဘက်စုံအသုံးပြုနိုင်သော ကားအမျိုးအစားဖြစ်ပါသည်။
မီနီဗန်ကို ခရီးသည်တင်ကားအဖြစ်သာမက ကုန်ပစ္စည်းတင်ယာဉ်အဖြစ်သာ ခွဲခြားထုတ်လုပ်ပြီး စျေးနှုန်းမှာလည်း အမှတ်တံဆိပ်နှင့် ကားမိုဒယ်အပေါ်မူတည်၍ အမျိုးမျိုးကွဲပြားပါသည်။
ထိုကြောင့် လက်ရှိစျေးကွက်ထဲက စျေးအကြီးဆုံးမီနီဗန်ကား ၅ စီးကို စုစည်းဖော်ပြလိုက်ပါသည်။

(1) 2017 Mercedes-Benz Sprinter 2500 Passenger 144 WB 4WD
လေးဘီးယက်စနစ်သုံး 2017 Mercedes-Benz Sprinter 2500 ၏ Standard Roof V6 မှာ ပုံမှန်အနေဖြင့် မြင်းကောင်ရေ ၁၈၈ ကောင်အား 3.0 Liter V6 Intercooled Turbo အင်ဂျင်၊ Auto ဂီယာငါးချက်၊ 4-Wheel Anti-lock Brakes (ABS)၊ အသက်ကယ်လေအိတ်များ၊ လေအေးပေးစနစ်၊ ၁၆လက်မအရွယ် သံမဏိဘီးခွေ၊ ABS ဘရိတ်စနစ်၊ ကုပ်အားကောင်းစေမည့် Traction Control၊ Crosswind Assist Electronic Stability နှင့် ပါဝါဝင်းဒိုးများ ပါဝင်ပါသည်။
ကား၏ စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၅၁၆၄၅ ဝန်းကျင်ဖြစ်ပါသည်။

(2) 2017 Chevrolet Express 3500 LT
Chevrolet Express 3500 LT မီနီဗန်ကားတွင် အခြေခံပါဝင်သည်မှာ မြင်းကောင်ရေ ၂၈၅ ကောင်အား Vortec 4.8 Liter V8 အင်ဂျင်၊ Auto ဂီယာခြောက်ချက်၊ 4-Wheel Anti-lock Brakes (ABS)၊ အသက်ကယ်လေအိတ်အစုံအလင်၊ လေအေးပေးစနစ်၊ ၁၆ လက်မ အရွယ်ဘီးခွေ၊ Cruise Control၊ ABS နှင့် Traction Control၊ StabiliTrak Electronic Stability များဖြစ်ပါသည်။
၂၀၁၇ မိုဒယ် Chevrolet Express 3500 LT ၏ စျေးနှုန်းမှာ ဒေါ်လာ ၅၀၄၄၀ နှင့် အထက်ဖြစ်ပါသည်။

(3) 2017 Ford Transit-350 XLT
၂၀၁၇ မိုဒယ် Ford Transit-350 XLT သည် မြင်းကောင်ရေ ၂၇၀ အား 3.7 Liter V6 အင်ဂျင်၊ Auto ဂီယာခြောက်ချက်၊ 4-Wheel Anti-lock Brakes (ABS)၊ အသက်ကယ်လေအိတ်များ၊ Airbag Occupancy Sensor၊ လေအေးပေးစနစ်၊ ၁၆ လက်မအရွယ် သံမဏိဘီးခွေ၊ Cruise Control၊ ABS နှင့် Traction Control၊ ကားမောင်းနှင်ရာတွင် တည်တည်ငြိမ်ငြိမ် ဖြစ်စေမည့် အဆင့်မြင့် Advance Trac w/Roll Stability Control Electronic Stability များ ပါဝင်ပါသည်။
2017 Ford Transit-350 XLT ကား၏ စျေးနှုန်းမှာ ဒေါ်လာ ၄၇၈၆၅ နှင့် အထက်ဖြစ်ပါသည်။

(4) 2017 Toyota Sienna Limited Premium 7 Passenger
ခရီးသည် ခုနစ်ယောက်စီးနင်းနိုင်သော ၂၀၁၇ ခုနှစ်မိုဒယ် Toyota Sienna Limited Premium 7 Passenger မီနီဗန်ကားတွင် အခြေခံပါဝင်မှုများမှာ မြင်းကောင်ရေ ၂၉၆ ကောင်အား 3.5 Liter V6 အင်ဂျင်၊ Auto ဂီယာရှစ်ချက်၊ 4-Wheel Anti-lock Brakes (ABS)၊ လမ်းကြောင်းပြစနစ် (Integrated Navigation System)၊ အသက်ကယ်လေအိတ်များနှင့် Airbag Occupancy Sensor၊ အလိုအလျောက်လေအေးပေးစနစ်၊ ၁၈လက်မ အရွယ် အလူမီနီယမ်ကားဘီးများ၊ Cruise Control၊ ABS နှင့် Traction Control များ ပါဝင်ပါသည်။
၂၀၁၇ မိုဒယ် Toyota Sienna Limited Premium 7 Passenger ၏ စျေးနှုန်းမှာ ဒေါ်လာ ၄၇၃၁၀ နှင့် အထက်ဖြစ်ပါသည်။

(5) 2017 RAM ProMaster 3500 Window Van High Roof
ခေါင်မိုးမြင့်မြင့်နှင့် မီနီဗန်ကား RAM ProMaster 3500 Window Van High Roof သည် ပုံမှန်အနေဖြင့် မြင်းကောင်းရေ ၂၈၀ အား 3.6 Liter V6 အင်ဂျင်၊ Auto ဂီယာခြောက်ချက်၊ 4-Wheel Anti-lock Brakes (ABS)၊ အသက်ကယ်လေအိတ်များ၊ လေအေးပေးစနစ်၊ ၁၆လက်မအရွယ် ဘီး၊ ABS နှင့် ကုပ်အားကောင်းစေမည့် Traction Control၊ Electronic Stability၊ ပါဝါဝင်းဒိုးနှင့် Power Lock များကို ထည့်သွင်း တပ်ဆင်ပေးထားပါသည်။
2017 RAM ProMaster 3500 Window Van High Roof မီနီဗန်ကားအတွက် စျေးနှုန်းမှာ ဒေါ်လာ ၄၃၅၉၀ နှင့်အထက် သတ်မှတ်ပေးထားပါသည်။