အမေရိကန်အခေါ်အဝေါ်အားဖြင့် မီနီဗန် (Minivan)၊ ဗြိတိသျှအခေါ်အဝေါ်အားဖြင့် People Carrier ဟု ခေါ်ဝေါ်ပြီး MPV (Multi-Purpose Vehicle) ဟူ၍လည်း အတိုကောက်ခေါ်ဝေါ်ကြသော မီနီဗန်ကားများသည် ခေါင်မိုးမြင့်ပြီး ကျယ်ဝန်းသည့်အတွင်းခန်းကြောင့် ဘက်စုံအသုံးပြုနိုင်သော ကားအမျိုးအစားဖြစ်ပါသည်။
မီနီဗန်ကို ခရီးသည်တင်ကားအဖြစ်သာမက ကုန်ပစ္စည်းတင်ယာဉ်အဖြစ်သာ ခွဲခြားထုတ်လုပ်ပြီး စျေးနှုန်းမှာလည်း အမှတ်တံဆိပ်နှင့် ကားမိုဒယ်အပေါ်မူတည်၍ အမျိုးမျိုးကွဲပြားပါသည်။
ထိုကြောင့် လက်ရှိစျေးကွက်ထဲက စျေးအကြီးဆုံးမီနီဗန်ကားနောက်ထပ် ၅ စီးကို စုစည်းဖော်ပြလိုက်ပါသည်။
(1) 2017 KIA Sedona SX Luxury
ဇိမ်ခံမီနီဗန်ကားတစ်စီးဖြစ်သော ၂၀၁၇ မိုဒယ် 2017 KIA Sedona SX Luxury သည် မြင်းကောင်ရေ ၂၇၆ ကောင်အား 3.3 Liter V6 အင်ဂျင်ကို Auto ဂီယာ ခြောက်ချက်နှင့် တွဲဖက်တပ်ဆင်ထားပါသည်။
2017 KIA Sedona ၏ SX Luxury မီနီဗန်တွင် ပုံမှန်အနေဖြင့် 4 Wheel Anti-lock Brake (ABS)၊ လမ်းကြောင်းပြစနစ်၊ အသက်ကယ်လေအိ်တ်များ၊ အလိုအလျောက်လေအေးပေးစနစ်၊ ၁၉ လက်မအရွယ် အလူမီနီယမ်ကားဘီး၊ Cruise Control၊ Distance Pacing၊ ABS နှင့် ကုပ်အားကောင်းစေမည့် Driveline Traction Control များပါဝင်ပါသည်။
ကား၏ စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၄၁၉၀၀ နှင့်အထက် ရှိပါသည်။
(2) 2017 Nissan NV Passenger NV3500 HD SL V8
၂၀၁၇ မိုဒယ် Nissan NV Passenger မီနီဗန်ကား၏ NV3500 HD SL V8 ဗားရှင်းမှာ မြင်းကောင်ရေ ၃၇၅ ကောင်အား 5.6 Liter V8 အင်ဂျင်ကို Auto ဂီယာ ခုနစ်ချက်နှင့် တွဲဖက်တပ်ဆင်ထားပြီး 4 Wheel Anti-lock Brake (ABS)၊ လမ်းကြောင်းပြစနစ်၊ အသက်ကယ်လေအိ်တ်များ၊ အလိုအလျောက်လေအေးပေးစနစ်၊ ၁၇ လက်မအရွယ် သံမဏိကားဘီး၊ Cruise Control၊ Distance Pacing၊ ABS နှင့် ကုပ်အားကောင်းစေမည့် Driveline Traction Control များသာမက ကားကို တည်တည်ငြိမ်ငြိမ်မောင်းနှင် အသုံးပြုစေနိုင်မည့် Electronic Stability Control လည်းပါဝင်ပါသည်။
ထိုကား၏ စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၄၁၂၀၀ နှင့် အထက် သတ်မှတ်ထားပါသည်။
(3) 2017 Honda Odyssey EX-L w/Rear Entertainment
၂၀၁၇ ခုနှစ်အတွက် Honda Odyssey မီနီဗန်ကား၏ EX-L w/Rear Entertainment ဗားရှင်းကို မြင်းကောင်ရေ ၂၄၈ ကောင်အား 3.5 Liter V6 အင်ဂျင်နှင့် Auto ဂီယာ ခြောက်ချက်ကို တွဲဖက်တပ်ဆင်ပေးထားပါသည်။
ကားတွင် အခြေခံအနေဖြင့် 4 Wheel Anti-lock Brake (ABS)၊ အသက်ကယ်လေအိတ်များ၊ Airbag Occupancy Sensor၊ အလိုအလျောက် လေအေးပေးစနစ်၊ ၁၇လက်မအရွယ် အလူမီနီယမ်ဘီးများ၊ Cruise Control၊ ABS နှင့် Traction Control၊ ကားမောင်းနှင်ရာတွင် တည်တည်ငြိမ်ငြိမ်ဖြစ်စေမည့် VSA Electronic Stability များကို ထည့်သွင်းပေးထားပါသည်။
ထိုကား၏ စျေးနှုန်းများမှာ ဒေါ်လာ ၃၈၅၀၀ နှင့် အထက်ဖြစ်ပါသည်။
(4) 2017 Chrysler Pacifica Limited
မြင်းကောင်ရေ ၂၈၇ ကောင်အား 3.6 Liter V6 အင်ဂျင်နှင့် Auto ဂီယာ ကိုးချက်တွဲဖက်တပ်ဆင်ထားသည့် ၂၀၁၇ မိုဒယ် Chrysler Pacifica Limited မီနီဗန်ကားမှာ 4 Wheel Anti-lock Brake (ABS)၊ လမ်းကြောင်းပြစနစ်၊ အသက်ကယ်လေအိ်တ်များ၊ Airbag Occupancy Sensor၊ အလိုအလျောက် လေအေးပေးစနစ်၊ ၁၈ လက်မအရွယ် အလူမီနီယမ်ဘီးများ၊ Cruise Control၊ ABS နှင့်
Traction Control များကို ပုံမှန်အနေဖြင့် တစ်ပါးတည်း ထည့်သွင်းပေးထားပါသည်။
ထိုကား၏ စျေးနှုန်းမှာ ဒေါ်လာ ၃၇၈၉၅ နှင့်အထက် သတ်မှတ်ပေးထားပါသည်။
(5) 2017 Mercedes-Benz Metris Passenger
၂၀၁၇ မိုဒယ် Mercedes-Benz Metris Passenger ကားသစ်မှာ မြင်းကောင်ရေ ၂၀၈ ကောင်အား 2.0 Liter I4 Intercooled Turbocharged အင်ဂျင်ကို Auto ဂီယာခုနစ်ချက်နှင့် တွဲဖက်တပ်ဆင်ထားပါသည်။
ကားတွင် 4 Wheel Anti-lock Brake (ABS)၊ အသက်ကယ်လေအိ်တ်များ၊ Airbag Occupancy Sensor၊ လေအေးပေးစနစ်၊ ၁၇ လက်မအရွယ် သံမဏိကားဘီး၊ Driveline Traction Control၊ ကားကို တည်တည်ငြိမ်ငြိမ် မောင်းနှင်အသုံးပြုနိုင်စေမည့် Crosswind Assist Electronic Stability Control နှင့် ပါဝါဝင်းဒိုးများကို အခြေခံဗားရှင်းတွင် ထည့်သွင်းပေးထားပါသည်။
ထိုကား၏ စျေးနှုန်းမှာ အဒေါ်လာ ၃၂၉၀၀ နှင့်အထက်ဖြစ်ပါသည်။