March ကို ဂျပန်ဈေးကွက်မှာ နိဂုံးချုပ်တော့မည်


March ကို ဂျပန်ဈေးကွက်မှာ နိဂုံးချုပ်တော့မည်

 

Nissan Motor Co သည် ဂျပန်နိုင်ငံတွင် ၎င်း၏ အထင်ကရ  ကျစ်ကျစ်လစ်လစ် အရွယ်အငယ်စား ကားမော်ဒယ် March  ရောင်းချမှုကို နိဂုံးချုပ်တော့မှာ ဖြစ်ပါတယ်။ သက်တမ်း နှစ်ပေါင်း ၄၀ ရှိပြီဖြစ်တဲ့  March  ကို ဂျပန်နိုင်ငံမှာသာ အဆုံးသတ်လိုက်တာ ဖြစ်ပြီးအခြားဈေးကွက်တွေမှာ Micra အမည်ဖြင့် ဆက်လက် ရောင်းချနေဦးမှာ ဖြစ်ပါတယ်။ 

 

ဂျပန်ဈေးကွက်အတွက် March ကို ထုတ်လုပ်မှု စရိတ်သက်သာတဲ့ ထိုင်းနိုင်ငံမှာ ထုတ်လုပ်ပြီး ဂျပန်နိုင်ငံသို့ တင်သွင်းပြီး ရောင်းချပါတယ်။  ဂျပန်နိုင်ငံ ကားရောင်းဝယ်သူများအသင်း  Japan Automobile Dealers Association မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ ယမန်နှစ်မှာ March စီးရေ ၈,၈၀၀ ခန့် ရောင်းချခဲ့ပါတယ်။ Nissan ရဲ့ အထင်ကရ ကားအငယ်စား Note စီးရေ ၉၀,၀၀၀ ခန့် ရောင်းချခဲ့ပါတယ်။ March ရောင်းအားက Note ရဲ့ ၁၀% ခန့်သာ ရှိပါတယ်။

Nissan က အီးဗီတွေ ထုတ်လုပ်ဖို့  ကားမော်ဒယ် အမျိုးအမည်တွေ လျှော့ချနေတာကြောင့် ရောင်းအားကျဆင်းနေတဲ့ March ကို နုတ်ပယ်တဲ့ စာရင်းထဲ ထည့်လိုက်ပါတယ်။ Nissan က ၂၀၂၆ မှာ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်မှုသို့ ကူးပြောင်းရန် ယန်း ၂ ထရီလီယံ ( ကန်ဒေါ်လာ ၁၄ ဘီလီယံ) ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပြီး ၂၀၃၀ မှာ အပြည့်အဝ လျှပ်စစ်ကား မော်ဒယ် အသစ် ၁၅ မျိုး ထုတ်လုပ်ဖို့ လျာထားပါတယ်။

 

March ကို ၁၉၈၂ မှာ ဂျပန်ဈေးကွက်ထဲ စတင် ရောင်းချခဲ့ပါတယ်။ ယခုအထိ စီးရေ ၂.၅၇ သန်း ရောင်းချပြီးပါပြီ။ ဂျပန်ဈေးကွက်ထဲ လူကြိုက်များခဲ့ပါတယ်။ အထူးသဖြင့် အမျိုးသမီးယာဉ်မောင်းများ နှစ်သက်ကြပါတယ်။ ယခုအခါမှာတော့ March က မှေးမှိန်သွားပါတယ်။ ဂျပန်ဈေးကွက်ထဲမှာ Toyota Motor ရဲ့ Yaris နှင့် Honda Motor ရဲ့ Fit တို့ကို လူကြိုက်ပိုများနေပါတယ်။ 

 

 Source bangkokpost

#MyanmarAutomobileGuide
Telegram Channel https://t.me/Guid4U

Read 2923 times