မန္တလေးမြို့ Brand New ဆိုင်ကယ်ဈေးကွက်တွင် တရုတ် CZI နှင့် ရုပ်ဆိုးဆိုင်ကယ်များ အဝယ်လိုက်နေ


အောက်တိုဘာလ တတိယပတ်အတွင်း သီတင်းကျွတ်ပွဲတော်များရှိနေခြင်းကြောင့် အလည်အပတ်နှင့် ခရီးများထွက်နိုင်ရန် ဆိုင်ကယ်ဝယ်ယူသူ

များပြားသည့်အတွက် မန္တလေးမြို့ Brand New ဆိုင်ကယ်ဈေးကွက်တွင် သီတင်းကျွတ်ကာလတွင် တရုတ် CZI နှင့် ရုပ်ဆိုးဆိုင်ကယ်များ အဝယ်လိုက်နေကြောင်း သိရပါတယ်။

မန္တလေးမြို့တွင် ယခု အောက်တိုဘာလဆန်းပိုင်းအထိ တရုတ်ဆိုင်ကယ် အဝယ်အေးနေခဲ့သော်လည်း သီတင်းကျွတ်ပွဲတော်ကာလတွင် Yamasuki ၊ Follow Me ၊ JJXY စသော Brand များ၏ CZI ၊ ရုပ်ဆိုးစသော ဆိုင်ကယ်များ အဝယ်လိုက်ကာ အရစ်ကျစနစ်ထက် လက်ငင်းဝယ်ယူမှု ပိုမိုများပြားကြောင်း၊

သို့သော် လာရောင်ဝယ်ယူရာတွင် မတ္တရာ၊ ကျောက်ဆည်၊ စစ်ကိုင်း စသည့် အခြားနယ်ဒေသများထက် မန္တလေးမြို့ပေါ်မှသာ လာရောက်ဝယ်ယူမှုရှိပြီး တရုတ်ယွမ်ငွေ ဈေးပြန်ကျလာမှုကြောင့် မကြာမီရက်ပိုင်းအတွင်း တရုတ်ဆိုင်ကယ်ဈေး အနည်းငယ်ပြန်ကျနိုင်ကြောင်းလည်း မန္တလေးမြို့ ဆိုင်ကယ်အရောင်းပြခန်းများမှ သိရပါတယ်။

မန္တလေးမြို့ Brand New ဆိုင်ကယ်ဈေးကွက်တွင် အောက်တိုဘာလ တတိယပတ်အတွင်း CZI ပုံပြောင်း Yamasuki ကျပ် ၆၅၀,၀၀၀၊ Hensim Wave ကျပ် ၆၉၀,၀၀၀၊ MSX (Hensim) ကျပ် ၁၀ သိန်း၊ Super Cub (Kamax) ကျပ် ၅၇၀,၀၀၀ ၊ 125 R (Kamax) ကျပ် ၆၃၀,၀၀ စသော ဈေးနှုန်းများပေါက်နေကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။

Read 918 times