ပျက်လဲ မပျက်၊ ကောင်းလဲ မကောင်း.. အဲ့ဒါ Malfunction ပဲ


Malfunction ဆိုတာ အတော်နားလည်ရခက်တဲ့ ပြဿနာတစ်ခုပါ။

DTC ကုဒ်တွေပေါ်လို့ Open Circuit ဆိုရင် ကြိုးပြတ်တာ Short Circuit ဆိုရင် ဝါယာရှော့ဖြစ်တာ စသဖြင့် နားလည်လွယ်ပေမယ့် Malfunction ဆိုရင် ကြိုးပြတ်ခြင်း၊ ဝါယာရှော့ဖြစ်ခြင်း စတာတွေလဲ ဖြစ်ပေါ်နိုင်သလို ဆင်ဆာပျက်ခြင်း ECU မှာပြဿနာဖြစ်ခြင်း စတာတွေလဲဖြစ်နိုင်တယ်။

ဒီတော့ Malfunction ဆိုတဲ့ ကုဒ်ပေါ်တာနဲ့ ဆင်ဆာ (သို့) Actuator ၊ ဝါယာရင်းလိုင်း၊ ECU စသဖြင့် အဆင့်ဆင့် စစ်ဆေးဖို့လိုပါတယ်။ ဖြစ်နိုင်ရင် ဖျူ့စ်တွေကနေ စတင်စစ်ဆေးသင့်ပါတယ်။


ဥပမာ - P 0110 ဆိုတဲ့ ကုဒ်ပေါ်တယ်ဆိုပါတော့။ Intake Air Temperature Circuit Malfunction ဖြစ်တာပါ။ IAT (Intake Air Temperature) ဆင်ဆာဟာ Mass Airflow meter ထဲမှာတည်ရှိတာဖြစ်ပြီး ECU ရဲ့ THA ဆိုတဲ့ ကနေ Resistor ကို ဖြတ်ကာ ဗို့အား ၅ ဗို့ အမြဲပေးထားတဲ့ ဆင်ဆာပါ။ Resistor နဲ့ IAT ဟာ Series သွယ်တန်းထားတာဖြစ်ပြီး လေအဝင်အပူချိန် ပြောင်းလဲတာနဲ့ Resistance ပြောင်းလဲကာ ECU ရဲ့ THA terminal မှာ ဗို့အား အပြောင်းအလဲဖြစ်မှာပါ။ ဒီအပြောင်းအလဲကို ကြည့်ပြီး ECU က ပြင်ပလေရဲ့ အပူချိန်ကို သိမှာပါ။

Malfunction ဆိုတဲ့ကုဒ်ပေါ်ရင် အစအဆုံး သေးသေးလေးကနေ စတင်ပြီး စစ်ဆေးတတ်ဖို့ လိုအပ်လို့ ဒီလိုစစ်ဆေးတတ်အောင် စနစ်တစ်ခုလုံးရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကိုလဲ နားလည်ထားရမှာဖြစ်ပါတယ်။

Read 339 times