မလေးရှားမှာ အီးဗီသုံးဖို့ မလွယ်လှသေး
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
မလေးရှားမှ Farhan Abdul Rahim ဟာ ၂၀၂၀ မှာ လျှပ်စစ်ကား ပထမဆုံး ပိုင်ဆိုင်တဲ့ မလေးရှားနိုင်ငံသားများထဲမှာ ပါဝင်ပါတယ်။ သူက အီးဗီ ဝယ်စီးဖို့ကို ၂၀၁၇ ခုနှစ်ကတည်းက စိတ်အားထက်သန်နေခဲ့သူ ဖြစ်ပါတယ်။
၂၀၂၀ ဇွန်လမှာ ၃ ရက်ကြာ ခရီးကို အီးဗီဖြင့် မလေးကျွန်းဆွယ်မှာ မောင်းနှင်ခဲ့ပါတယ်။
သူဝယ်ထားတဲ့ Tesla ကားဖြင့် ကီလိုမီတာ ၁,၇၀၀ ခရီးကို မောင်းနှင်ခဲ့ပါတယ်။
လျှပ်စစ်ကားများသည် မြို့ကြီးပြကြီးများအပြင် ကျေးလက်ဒေသများတွင်လည်း မောင်းနှင်သွားလာနိုင်ကြောင်း သက်သေပြဖို့ ခရီးရှည်ကို သူမောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။
သူက မလေးရှား စွမ်းအင်ကုမ္ပဏီကြီး Petronas မှ မန်နေဂျာတစ်ဦး ဖြစ်ပါတယ်။ ကုမ္ပဏီမှ ၂၀၂၁ ခုနှစ် ကိုဗစ်လော့ဒေါင်းကာလမှာ အီးဗီအားသွင်းရုံတွေ စတင်ထူထောင်တာမှာ ပါဝင်ကူညီခဲ့သူ ဖြစ်ပါတယ်။
Farhan က သူမောင်းနှင်မယ့် ခရီးမှာ ကြုံတွေ့နေရသော စိန်ခေါ်မှုများကို ကောင်းစွာ သဘောပေါက်ထားသူ ဖြစ်ပါတယ်။
"ဒါက အီးဗီနဲ့ ဒီခရီးစဉ်ကို ကျွန်တော် ပထမဆုံးလုပ်ဖူးခဲ့တာပဲ" လို့ သူက ပြောပါတယ်။
အသက် ၄၆ နှစ်ရှိသူ Farhan က ရက်သတ္တပတ် အတန်ကြာ ကားအားသွင်းဖို့ ရနိုင်မယ့် နေရာများနဲ့ နည်းလမ်းများကို အစီအစဉ် ရေးဆွဲခဲ့ပါတယ်။ ပြီးမှ ခရီးကို စတင်ခဲ့ပါတယ်။
"ခရီးစဉ်က အီးဗီဖြင့် မလေးရှား အရှေ့ဘက်ခြမ်းသို့ သွားရန် မဖြစ်နိုင်ဘူးလို့ ပြောကြတဲ့ ယုံမှတ်မှားနေကြတာကို ချေဖျက်ပြီး အီးဗီအသိုင်းအဝိုင်းကို ကူညီဖို့ ဖြစ်ပါတယ်" လို့ သူက ပြောကြားပါတယ်။
အားသွင်းရုံ အခြေခံ အဆောက်အအုံ မရရှိသေးတာကြောင့် မလေးရှားမှာ အီးဗီကဏ္ဍ ကြီးထွားဖို့ အဟန့်အတား ဖြစ်နေစေတယ်လို့ ပြောဆိုကြတာကို သူက သက်သေထူပြပြီး ချေဖျက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
တစ်ကမ္ဘာလုံးမှာ လျှပ်စစ်ကားတွေ ထုတ်လုပ်မှုနဲ့ ရောင်းအားက တဟုန်ထိုး မြင့်တက်နေပါတယ်။
ရာသီဥတု ဖောက်လွှဲဖောက်ပြန် ပြောင်းလဲစေတဲ့ ဓာတ်ငွေ့များကို ဓာတ်ဆီနှင့် ဒီဇယ် လောင်စာဆီ အင်ဂျင်များက နေ့စဉ်နှင့်အမျှ ထုတ်လွှတ်နေကြတာ ပပျောက်ဖို့အတွက် အီးဗီက အခရာကျပါတယ်။ အီးဗီစီးပွားက ပြန်ပြည့်မြဲစွမ်းအင် အရငါးအမြစ်များမှာ ရင်းနှီးမြှုပ်နှံမှု ပြုဖို့ အခောက်အကူ ပြုပါတယ်။
ကမ္ဘာတစ်ဝှမ်းရှိ ရာသီဥတု ထိန်းသိမ်းရေး သတိရှိသော ယာဉ်မောင်းများဟာ အီးဗီနှင့် ဟိုက်ဘရစ် ယာဉ်များကို ရွေးချယ်ကြပါတယ်။
Click Here > Biz Partner
ယမန်နှစ်တွင် လေးဘီးတပ်ကားများ ရောင်းချရမှု၏ ၁၈% ဟာ အီးဗီနှင့် ဟိုက်ဘရစ် ယာဉ်များ ဖြစ်ပါတယ်။
ဒါပေမဲ့ ၎င်းပမာဏဟာ အမေရိကန်၊ ဥရောပနဲ့ တရုတ်နိုင်ငံတွေမှာ အများဆုံး ဖြစ်ပါတယ်။
၂၀၂၂ ကိန်းဂဏန်း စာရင်းအင်းများကို ကြည့်ရင်
တရုတ်နိုင်ငံမှာ ရောင်းချစီးရေရဲ့ ၂၅% ၊ ဥရောပမှာ ၂၀% ဟာ အီးဗီနှင့် ဟိုက်ဘရစ် ယာဉ်များ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာနော့ ၂% မပြည့်ပါဘူး။
တို့ကြောင့် လမ်းတွေပေါ် အီးဗီတွေ ရောက်လာဖို့ နှေးနေဆဲ ဖြစ်ပါတယ်လို့ လေ့လာဆန်းစစ်သူတို့က ဆိုကြပါတယ်။
မော်တော်ယာဉ်နှင့် အီးဗီဘက်ထရီ ထုတ်လုပ်သူများအတွက် မက်လုံးများ တိုးမြှင့်ခြင်း ဝယ်စီးသူကို အခွန်သက်သာခွင့်များ တိုးမြှင့်ပေးခြင်း၊ အီးဗီ ထုတ်လုပ်သည့် အချက်အချာနိုင်ငံ ဖြစ်လာဖို့ ကြိုးပမ်းခြင်းများကို အရှေ့တောင်အာရှ နိုင်ငံအချို့တွင် တွေ့ရပါတယ်။
ယေဘုယျအားဖြင့် ဆိုရရင် အစိုးရများက အရှိန်အဟုန်မြှှင့်တင်ရန် စိတ်အားထက်သန်ပုံရပါတယ်။
မလေးရှားမှာ အီးဗီဖြင့် ခရီးထွက်တဲ့ Farhan က "ခရီးစဉ်မှာ သဘာဝ ရေမြေတောတောင်နဲ့ ရှုခင်းတွေကို ကျွန်တော် တကယ်တန်ဖိုးထားပါတယ်" လို့ ပြောကြားပါတယ်။
Tesla လျှပ်စစ်ကားပေါ်မှာ ဇနီးနှင့် ကလေး ၂ ယောက်တို့ သူနှင့်အတူ လိုက်ပါလာကြပါတယ်။
ကျယ်ပြောလှသော တောင်တန်းများ၊ စိမ်းလန်းစိုပြေသော မုတ်သုန်သစ်တောများနှင့် သဘာဝ မပျက်ယွင်းသေးသော ကမ်းခြေများကို မိသားစုက ရှုမြင်ခံစားခဲ့ကြပုံများကို ပြန်ပြောင်းသတိရဆဲ ဖြစ်ပါတယ်။
စည်းစိမ်ခံ ပစ္စည်းတွေလား
နှစ်ဘီးတပ် မော်တော်ဆိုင်ကယ်၊ စကူတာ၊ သုံးဘီးတပ် သုံးဘီးကားတွေဟာ အရှေ့တောင်အာရှ လမ်းတွေပေါ်မှ မော်တော်ယာဉ် အရေအတွက် စုစုပေါင်းရဲ့ ၈၀% ရှိကြောင်း ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနှင့် ပစိဖိတ်ဒေသအတွက် သယ်ယူပို့ဆောင်ရေးကျင့်သုံးခြင်းဆိုင်ရာ မန်နေဂျာ Benedict Eijbergen က ဆိုပါတယ်။
လေးဘီးတပ် မော်တော်ယာဉ်တွေက ၂၀% မျှသာ ရှိတာကြောင့် အီးဗီသို့ ကူးပြောင်းရေးမှာ တရုတ်၊ ဥရောပ၊ အမေရိကန်တို့နှင့် အခြေအနေချင်း များစွာကွဲပြားနေပါတယ်။
တရုတ်၊ ဥရောပ၊ အမေရိကန်တို့မှာ လေးဘီးတပ် မော်တော်ယာဉ်များကို အီးဗီအဖြစ် အစားထိုးပြီး အီးဗီအရေအတွက် ကြီးထွားပါတယ်။ အရှေ့တောင်အာရှမှာတော့ းဘီးတပ် ယာဉ်များ အကုန်လုံး အီးဗီ ဖြစ်သွားရင်လည်း နှစ်ဘီးတပ်၊ သုံးဘီးတပ် ယာဉ်များဖြစ်တဲ့ ၈၀% ဟာ ယခင်အတိုင်း လောင်စာဆီသုံး ယာဉ်များအဖြစ် ကျန်ရှိနေမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒေသတွင်းမှာ နှစ်ဘီးယာဉ်တွေ လျှပ်စစ်ဖြင့် သုံးစွဲကြတာ အီးဗီထက် ပိုများပါတယ်။
လေးဘီးယာဉ်တွေမှာ အီးဗီကို သုံးစွဲဖို့ နှေးနေစေတဲ့ အဟန့်အတားတစ်ခုက အီးဗီ ဝယ်ဖို့က သမားရိုးကျ အင်ဂျင်ကားကို ဝယ်ရတာထက် ကုန်ကျစရိတ် ပိုကြီးမားနေတာ ဖြစ်ပါတယ်။ ဒီတော့ အီးဗီကို ပြောင်းစီးဖို့ အတားအဆီး ဖြစ်နေပါတယ်။
အားသွင်းသည့် အခြေခံအဆောက်အအုံ ချဲ့ထွင်ပေးခြင်း၊ လက်လှမ်းမီသည့်နေရာတွင် အားသွင်းရုံများ အစီအရီ ရှိနေခြင်းတို့ကလည်း အီးဗီကို ရွေးချယ်ဖို့ အားတက်စေပါတယ်။
ကမ္ဘာ့အခြားနေရာများနည်းတူ အားသွင်းရုံများ မြို့ကြီးများရဲ့ ပြင်ပမှာ ရှားပါးနေပါတယ်။
အီးဗီဟာ တော်ရုံတန်ရုံဖြင့် စီးဖို့ မဖြစ်နိုင်သေးတဲ့ စည်းစိမ်ခံပစ္စည်း ဖြစ်နေဆဲ ဖြစ်ပါတယ်။
Farhan အဖို့ အီးဗီအားသွင်းဖို့ အဆင်ပြေပါတယ်။ သူ့ရုံးက ကွာလာလမ်ပူမှ Petronas Twin Towers မှာ ဖြစ်ပါတယ်။ မြေအောက်ထပ် ယာဉ်ရပ်နားရန် နေရာမှာ အားသွင်းဖို့ ပွိုင့်တွေ ၅၀ ခု တပ်ဆင်ပေးထားပါတယ်။
လူအများစု အဖို့မှာတော့ အားသွင်းဖို့ မလွယ်လှဘူး။ ကွန်ဒိုမီနီယံတွေက အားသွင်းပွိုင့်တွေ တပ်ဆင်ဖို့ ငြင်းပယ်ကြတယ်။ အခန်းပိုင်ရှင်က စရိတ် အကုန်ကျခံပြီး တပ်မယ်ဆိုရင်လည်း ခွင့်ပြုဖို့ ခဲယဉ်းပါတယ်။
ရာသီဥတု ထိန်းသိမ်းရေးလား
အရှေ့တောင်အာရှမှာ အီးဗီကို ရွေးချယ်တာဟာ ရာသီဥတု ထိန်းသိမ်းရေးအတွက် တမင်ရွေးချယ်ကြတာကြောင့် အီးဗီသုံးစွဲမှု များပြားလာတာ ဖြစ်ဖို့ ဖြစ်နိုင်ခြေ နည်းပါတယ်။
မီးခိုမထွက်တဲ့ အီးဗီကို အားသွင်းဖို့ လျှပ်စစ်စွမ်းအင်အတွက် ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ အစရှိသော လောင်စာများကို မီးရှို့ပြီး ထုတ်လုပ်တာတွေ ရှိနေဦးမှာ ဖြစ်ပါတယ်။ စိမ်းလန်းသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု green electricity generation လုံးလုံးလျားလျား ဖြစ်ဖို့ ခဲယဉ်းနေဆဲ ဖြစ်ပါတယ်။
သုတေသနကုမ္ပဏီ Counterpoint မှ မော်တော်ယာဥ်လေ့လာဆန်းစစ်သူ Abhilash Gupta က အီးဗီ ဘက်ထရီများ ထုတ်လုပ်မှုသည် ကာဗွန် အသားတင်ထုတ်လွှတ်မှု သုည ဖြစ်ပုံမရလို့ မှတ်ချက်ချ ပါတယ်။
သတ္တုတူးဖော်ခြင်းနှင့် အီးဗီ ထုတ်လုပ်မှု များလာတာနဲ့အမျှ ဝယ်လိုအား မြင့်တက်၊ ဈေးနှုန်းမြင့်တက်လာတဲ့အတွက် ထုတ်လုပ်မှုကို မြှင့်တင်တာကြောင့် သဘာဝပတ်ဝန်းကျင်၊ လူသားတို့၏ ကျန်းမာရေးနှင့် အသက် အန္တရာယ်များကို ထိပါးပါတယ်လို့ သူက ဆိုပါတယ်။
အီးဗီ ၁၀ ဆ တိုး
Farhan က Malaysian Electric Vehicle Owners Club အဖွဲ့ဝင် ဖြစ်ပါတယ်။ မလေးရှားမှာ ကနဦးမှတ်ပုံတင်ထားတဲ့ အီးဗီ စီးရေ ၂,၄၀၀ ခန့် ရှိပါတယ်။ ၂၀၂၁ မှာ စီးရေ ၂၄၀ ဝန်းကျင်မှ ၂၀၂၂ မှာ ၁၀ ဆ တိုးခဲ့ပါတယ်။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U