ကုန်ကျစရိတ်သက်သာအောင် စီမံထားတဲ့ အီးဗီ


ကုန်ကျစရိတ်သက်သာအောင် စီမံထားတဲ့ အီးဗီ

ကမ္ဘာ့အကြီးမားဆုံး လျှပ်စစ်ကားဈေးကွက်ဖြစ်တဲ့ တရုတ်ပြည်တွင်း ဈေးကွက်ထဲတွင် အီးဗီတစ်စီးကို အမေရိကန်ဒေါ်လာ ၉,၉၉၉ မျှဖြင့် ရောင်းချနေသော မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း ရှိနေပါတယ်။ engineerine.com မှာ ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာအောင် ဘယ်လို စီမံထားသလဲဆိုတာ ရှင်းပြထားပါတယ်။ 


လျှပ်စစ်ကား မော်ဒယ်တစ်ခု ထုတ်လုပ်ဖို့ကုန်ကျစရိတ်များကို ခေါင်းစဉ်နှစ်ခု ခွဲနိုင်ပါတယ်။
ကားထုတ်လုပ်ရေးလုပ်ငန်းများက ကားမော်ဒယ်အသစ် ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်ကို ကြည့်ရင် ဒီဇိုင်း ထုတ်ဖော်ခြင်း၊ နည်းပညာများ ဖန်တီးခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေးအပိုင်း အချိန်ယူပြီး လုပ်ကိုင်ရခြင်း၊ ကားတစ်စီးလုံး စေ့စေ့စပ်စပ် အသေးစိတ် ဒီဇိုင်းထုတ်ခြင်း စသည်များကို အချိန်ကုန် ငွေကုန်ခံပြီး လုပ်ဆောင်ကြရပါတယ်။  ဒါပေမဲ့ ကားတစ်စီးမှ မထုတ်လုပ်ရသေးတဲ့ အဆင့်မှာပဲ ရှိနေပါသေးတယ်။  ဒါပေမဲ့ ကားမော်ဒယ်အသစ်တစ်ခု ထုတ်လုပ်ဖို့အတွက် အချိန်အယူရဆုံး၊ ငွေကုန်ကြေးကျ အများဆုံးအပိုင်း ဖြစ်ပါတယ်။ ထုတ်လုပ်မှုစရိတ် အကြီးမားဆုံး ပထမအပိုင်း ဖြစ်ပါတယ်။
ဒုတိယအပိုင်းမှာ စက်ကိရိယာများ၊ လုပ်သားများ အသုံးပြုပြီး ကားအစိတ်အပိုင်း အမျိုးမျိုးကို တွဲစပ်တပ်ဆင် ထုတ်လုပ်ပါတယ်။ ကားတွေ တစ်စီးပြီးတစ်စီး ထွက်လာပါတယ်။

ပထမအပိုင်းက ဒုတိယအပိုင်းထက် အချိန်ပိုကုန်၊ ငွေပိုကုန်ပါတယ်။

ကားတစ်စီးကို အမေရိကန်ဒေါ်လာ ၉၀၀ ဖြင့် ထုတ်လုပ်တဲ့  Changli EV ရဲ့ ထုတ်လုပ်မှု စရိတ်များကို နမူနာအဖြစ် လေ့လာကြည့်မည်ဆိုပါက ထိပ်တန်း brand တွေလို ပထမအပိုင်းအတွက် အချိန်ကုန် ငွေကုန်မခံတော့ဘူး။ ဒုတိယပိုင်းကိုပဲ အာရုံစိုက်တယ်။ ကားတစ်စီးဖြစ်လာဖို့ သုံးစွဲမယ့် ပစ္စည်းတွေကို စရိတ်စက သက်သာဖို့ကို စူးစိုက်ထားတယ်။
လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်မှုမှာ အကုန်အကျ ကြီးမားတဲ့ပစ္စည်းက ဘက်ထရီ ဖြစ်ပါတယ်။ဈေးအကြီးဆုံး ယာဉ်အစိတ်အပိုင်း ဖြစ်ပါတယ်။

ဘက်ထရီကုန်ကျစရိတ်

Changli က ဘက်ထရီ ကုန်ကျစရိတ် သက်သာဖို့ ဈေးသက်သာတဲ့ ဘက်ထရီ အမျိုးအစားကို ရွေးချယ် သုံးစွဲပါတယ်။ ခဲအက်ဆစ် lead-acid ဘက်ထရီကို သုံးပါတယ်။ လျှပ်စစ်မော်တော်ယာဉ်တွေမှာ သုံးစွဲကြတဲ့ လစ်သီယမ် အိုင်းယွန် lithium-ion ကို ဈေးကြီးတဲ့အတွက် လက်ရှောင်ထားပါတယ်။ 
လစ်သီယမ်ကို သတ္တုတွင်းမှာ တူးဖော်ထုတ်လုပ်ပြီးတဲ့နောက်မှာ သန့်စင်ရတဲ့ စရိတ်က ကြီးလို့ လစ်သီယမ်က ဈေးကြီးတယ်။ ခဲက ဈေးသက်သာပါတယ်။ အက်ဆစ်ကလည်း ဈေးသက်သာတယ်။ ဒီတော့ ခဲအက်စစ်ဘက်ထရီတွေက လစ်သီယမ်အိုင်းယွန်ဘက်ထရီထက် ဈေးသက်သာပါတယ်။
 တကယ်လို့ လစ်သီယမ်အိုင်းယွန်ဘက်ထရီ တပ်ချင်တယ်ဆိုရင်လည်း ကျသင့်ငွေ ရယူပြီ တပ်ဆင်ပေးပါတယ်။ 

မော်တာ
ဘီးတွေလည်အောင် လှည့်ပေးဖို့ မော်တာလိုအပ်တယ်။ Changli က မော်တော်ယာဉ်အတွက် ထုတ်လုပ်တဲ့မော်တာကို မသုံးဘူး။ အဝတ်လျှော်စက်မှာ သုံးစွဲတဲ့ မော်တာအမျိုးအစားကို သုံးစွဲထားတယ်။ ဒါပေမဲ့ DC ပါဝါဖြင့် လည်တဲ့ မော်တာ ဖြစ်ပါတယ်။

လျှပ်စစ်မော်တော်ယာဉ်တွေမှာ AC ပါဝါဖြင့် လည်တဲ့ မော်တာကို သုံးကြတယ်။ ဒီတော့ ဘက်ထရီက ပေးတဲ့ DC ပါဝါကို အင်ဗာတာ ကြားခံပြီး AC ပါဝါပြောင်းလဲပေးလိုက်တယ်။ 
Changli က အင်ဗာတာဖိုး အကုန်မခံဘူး။ မော်တာကို DC မော်တာ သုံးထားတယ်။  1200 watt  dc motor တပ်ထားတယ်။

ဘရိတ်
Changli က ဘရိတ်ဖိုးလည်း ချွေတာတယ်။ ရှေ့ဘီးတွေမှာ ဘရိတ်မပါဘူး။ နောက်ဘီးတွေမှာပဲ ဘရိတ်ပါတယ်။ ကားက ပေါ့တယ်။ နောက်ဘီးတွေ ဘရိတ်ဖမ်းပေးရင် လုံလောက်တယ်။ ရှေ့ဘီးတွေ ဘရိတ်မလိုအပ်ဘူး။

အခုလို ဈေးသက်သာအောင် ရွေးချယ်မှုတွေ ပြုထားတဲ့အတွက် ဒေါ်လာ ၉၀၀ ဖြင့် ကားတစ်စီး ထုတ်လုပ်နိုင်တယ်။
အရည်အသွေးက ဘယ်လိုမျိုးလဲ။


အရည်အသွေး

Changli မှာ ပါဝါအတွက် ရွေးချယ်စရာ ၃ မျိုး စီစဉ်ပေးထားတယ်။ တစ်နာရီ ၂၅ မိုင် အမြန်နှုန်းအထိ မောင်းလို့ရတယ်။အားအပြည့် သွင်းထားရင် ခရီးတာ မိုင် ၄၀ အထိ သွားလို့ရတယ်။ ဒစ်ဂျစ်တယ် ဒက်ရှ္ဘုတ် ပါတယ်။ နောက်ဆုတ်ရင် စခရင်မှာ ကြည့်ဖို့ နောက်ဘက်မှာ ကင်မရာပါတယ်။ 

AM/FM Radio ပါတယ်။ USB Phone Connection ပါတယ်။ အားသွင်းလို့ ရတယ်။ 
အနွေးပေးစက်ပါတယ်။ အမိုးဖွင့်လို့ ရတယ်။
 
12 volts ခဲအက်စစ်ဘက်ထရီ ၅ လုံးပါတယ်။ တန်းဆက် ဆက်ရင် စုစုပေါင်း 60 volts ရတယ်။
လျှပ်စစ်မော်တော်ယာဉ်တွေမှာ 300 ~ 400 volts သုံးကြတာဆိုတော့ Changli ဗို့အားက အတော်နည်းနေတယ်။
ခဲအက်စစ် ဘက်ထရီတွေက လစ်သီရမ်အိုင်းယွန်း ဘက်ထရီတွေလို သက်တမ်း မရှည်ကြာဘူး။ ဒါပေမဲ့ ဘက်ထရီမကောင်းရင် မကောင်းတော့တဲ့အလုံး ဖြုတ်လဲဖို့ လွယ်ကူတယ်။ လစ်သီယမ်ဘက်ထရီ ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် ခဲအက်စစ် ဘက်ထရီ ဈေးနှုန်းက ဈေးအလွန်သက်သာတယ်။ 
တစ်ခု သတိပြုစရာက ခဲအက်စစ် ဘက်ထရီတွေက အားကို တစ်ဝက်ကျော် ကုန်တဲ့အထိ သုံးစွဲရင် သက်တမ်းတိုစေတယ်။ လစ်သီယမ်က ၈၀% အထိ သုံးလို့ရတယ်။


engineerine.com

Read 1645 times