Maka Motors လာမည့်နှစ်တွင် လျှပ်စစ်မော်တော်ဆိုင်ကယ်များ စတင်ထုတ်လုပ်တော့မည်


Maka Motors လာမည့်နှစ်တွင် လျှပ်စစ်မော်တော်ဆိုင်ကယ်များ စတင်ထုတ်လုပ်တော့မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


 

Raditya Wibowo(ဝဲ) Arief Fadillah တို့ နှစ်ဦးသည် Maka Motors ကို ၂၀၂၁ တွင် ပူးတွဲထူထောင်ခဲ့ကြသည်။

 

 

 အင်ဒိုနီးရှားမှ Maka Motors သည် လာမည့်နှစ်တွင် လျှပ်စစ်မော်တော်ဆိုင်ကယ်များကို စတင်ထုတ်လုပ်တော့မည်ဖြစ်ကြောင်း CEO Raditya Wibowo က Nikkei Asia သို့ ပြောကြားခဲ့ပြီး လက်ရှိတွင် တရုတ်ထုတ်လုပ်သူများကြီးစိုးနေသော ပြည်တွင်းစျေးကွက်မှာ ဈေးကွက်ဝေစု ရယူနိုင်ရန် ရည်မှန်းထားသည်။
Maka Motors သည် အင်ဒိုနီးရှား ပြည်တွင်းစျေးကွက်အတွက် လျှပ်စစ်မော်တော်ဆိုင်ကယ်များ တီထွင်ထုတ်လုပ်ရန် အာရုံစိုက်ထားသည်။

Wibowo နှင့် Arief Fadillah တို့သည် ၂၀၂၁ ခုနှစ်တွင် Maka Motors ကို တည်ထောင်ခဲ့ကြသည်။ သူတို့နှစ်ဦးသည် ယခင်က တက္ကဆီ ခေါ်ပေးသည့် ဝန်ဆောင်မှုအက်ပ် ကုမ္ပဏီ Gojek တွင် အရာရှိအဖြစ် လုပ်ကိုင်ခဲ့ကြသူများ ဖြစ်သည်။

Fadillah သည် နည်းပညာအရာရှိချုပ် အဖြစ်ဖြင့် Maka Motors တွင် လုပ်ကိုင်သည်။ 
 
ကုမ္ပဏီသည် ဂျပန်နှင့် ဂျာမန်တို့ရှိ မော်တော်ဆိုင်ကယ် ထုတ်လုပ်သူများထံမှ အတွေ့အကြုံရှိသော အင်ဂျင်နီယာများကို ခေါ်ယူပြီး အလုပ်ခန့်ထားသည်။

အင်ဒိုနီးရှားသည် ကမ္ဘာ့ တတိယအကြီးဆုံး နှစ်ဘီးတပ်ယာဉ် ဈေးကွက်ဖြစ်သည်။
အင်ဒိုနီးရှားတွင် လူဦးရေ သန်း ၂၇၀ ကျော် ရှိပြီး မော်တော်ဆိုင်ကယ် ၁၂၇ သန်းကျော် သုံးစွဲလျက် ရှိသည်။ 

Maka Motors ၏ စက်ရုံသည် ဂျကာတာ အရှေ့ဘက် ၄၀ ကီလိုမီတာ အကွာအဝေးရှိ Cikarang တွင် တည်ရှိသည်။ 
နောက်နှစ် ၂၀၁၄ နှစ်လယ်ပိုင်းတွင် လုပ်သား။၂၀၀ ဝန်းကျင်ဖြင့် ထုတ်လုပ်မှုစတင်ရန် ရည်မှန်းထားသည်။

အင်ဒိုနီးရှားတွင် တရုတ် မော်တော်ဆိုင်ကယ် ထုတ်လုပ်ရေး ကုမ္ပဏီ နှစ်ခုဖြစ်သည့် Niu Technologies နှင့် Yadea တို့သည် ခြေကုပ် အခိုင်အမာ ရရှိထားသည်။ 
အင်ဒိုနီးရှားတွင် လျှပ်စစ်မော်တော်ဆိုင်ကယ် အားလုံးနီးပါးသည် တရုတ် မော်တော်ဆိုင်ကယ် ထုတ်လုပ်ရေး ကုမ္ပဏီများမှ ထုတ်လုပ်သည့့် လျှပ်စစ်မော်တော်ဆိုင်ကယ်များ ဖြစ်သည်။

Maka Motors သည် ဈေးကွက်ထဲ ရောင်းချနေသည့် တရုတ် လျှပ်စစ်မော်တော်ဆိုင်ကယ်များထက် ပိုမြင့်မားသော အရည်အသွေးဖြင့် လျှပ်စစ်မော်တော်ဆိုင်ကယ်များ ထုတ်လုပ်ရောင်းချပြီး တရုတ် လျှပ်စစ်မော်တော်ဆိုင်ကယ်များကို ယှဉ်ပြိုင်မည် ဖြစ်သည်။
ပါဝါပိုကြီးမည်။ ဘက်ထရီ ပိုကြာကြာခံမည်။ ခရီးသည်တင် တက္ကဆီ ဆွဲစားရန် အဆင်ပြေမည်။  အင်ဒိုနီးရှားတွင် မော်တော်ဆိုင်ကယ် တစ်စီးကို အရွယ်ရောက်ပြီးသူ သုံးဦး၊ လေးဦး အတူစီးလေ့စီးထ ရှိပြီး ခရီးဝေးဝေး သွားလာကြသည်ကို ဝန်အလေးချိန် ခံနိုင်ရည်နှင့် ရုန်အား အဆင်ပြေအောင် ဒီဇိုင်း ထုတ်ထားသည်။ 
 
တရုတ်ဆိုင်ကယ်များတွင် အများစုသည်  တစ်ဦးတည်း စီးနင်းသူများအတွက်သာ ပြုလုပ်ထားသည်။

အင်ဒိုနီးရှားတွင် မိသားစုအများစုအဖို့ မော်တော်ဆိုင်ကယ်သည် ဈေးအကြီးဆုံး ပိုင်ဆိုင်မှု ဖြစ်သည်။ 

"သူတို့အဖို့ မော်တော်ဆိုင်ကယ်မှာ အရည်အသွေး၊ ယုံကြည်စိတ်ချရမှု၊ တာရှည်ခံမှု၊ အမိုက်စားပုံပန်းသဏ္ဍာန်အရ အလွန်မြင့်မားတဲ့ တန်းတစ်ခုရှိပါတယ်၊ မိသားစုရဲ့ အဆင့်အတန်းကိုလည်း စီးနေတဲ့ မော်တော်ဆိုင်ကယ်ကို ကြည့်ပြီး ဆုံးဖြတ်ပါတယ်။ မိသားစုရဲ့ ဂုဏ်အဆင့်အတန်း ပြသတဲ့ သင်္ကေတတစ်ခု ဖြစ်ပါတယ်" ဟု Wibowo က ပြောကြားသည်။

Maka Motors သည် ၂၀၃၀ ခုနှစ်ကျမှ အမြတ်အစွန်း ရရှိနိုင်မည့် အခြေအနေသို့ ရောက်ရှိမည်ဟု Wibowo က ပြောကြားသည်။

Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 370 times