Mahindra အီးဗီထုတ်လုပ်ရန် ဒေါ်လာ ၁.၂ ဘီလီယံ စက်ရုံ စီစဉ်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အိန္ဒိယနိုင်ငံမှ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း Mahindra သည် အီးဗီ ထုတ်လုပ်ရန် အတွက် အရှိန်မြှင့်ရန် ကန်ဒေါ်လာ ၁.၂ ဘီလီယံ လျှပ်စစ်ကားစက်ရုံကို စီစဉ်နေပါသည်။
၂၀၂၄ ခုနှစ်မှာ အဦးဆုံး လျှပ်စစ်မော်ဒယ်များ ထွက်လာဖို့ မျှော်မှန်းထားပါသည်။
Mahindra လျှပ်စစ် concept SUV ကို India Auto Expo 2020 တွင် ပြသထားစဉ်
အိန္ဒိယအစိုးရ ရည်မှန်းချက်မှာ ၂၀၃၀ ခုနှစ်တွင်
လျှပ်စစ်မော်တော်ယာဉ်များ ဖြစ်ရမည်။
ထိုရည်မှန်းချက် ပြည့်ခဲ့လျှင် အိန္ဒိယနိုင်ငံ၏ လမ်းများပေါ်တွင် လျှပ်စစ်မော်တော်ယာဉ် စီးရေ အနည်းဆုံး ၁၀၂ သန်း ရှိမည်။
၂၀၂၂ တွင် လျှပ်စစ်မော်တော်ယာဉ် စီးရေ ၁ သန်းဝန်းကျင် ရှိသည်။
Mahindra က လျှပ်စစ်မော်တော်ကားစက်ရုံကို Pune မြို့တွင် ထားရှိမည်။ ကန်ဒေါ်လာ ၁.၂ ဘီလီယံကို ၇ နှစ်၊ ၈ နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံသွားမည်။
Mahindra က ၎င်း၏ လူကြိုက်များသည့် XUV SUV ကို ၂၀၂၄ တွင် ဘက်ထရီသုံး လျှပ်စစ်ကားအဖြစ် ထုတ်လုပ်ဖို့ ရည်မှန်းထားသည်။
Source nikkei asia
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U