မြန်မာပြည်ထုတ် Suzuki Swift များ စတင်ရောင်းချ


ဆူဇူကီး(မြန်မာ) မော်တော်ယာဉ်ကုမ္ပဏီလီမိတက် ( Suzuki Myanmar Motor Company Limited) ၏ မြန်မာနိုင်ငံတွင် ပထမဆုံးထုတ်လုပ်ထားသည့် ဆူဇူကီးကားအမျိုးအစား All New Suzuki Swift ကားမိတ်ဆက်ပွဲအခမ်းအနားကို ယနေ့(အောက်တိုဘာလ ၁၅ရက်) နံနက်ပိုင်းက ရန်ကုန်မြို့၊ မြန်မာပလာဇာတွင်ကျင်းပခဲ့ပါတယ်။ 

ရန်ကုန်၊ သီလဝါစက်ရုံတွင်အသစ်တည်ဆောက်ထားသော ဆူဇူကီး၏ စက်ရုံတွင်ထုတ်လုပ်ထားခြင်းဖြစ်ပြီး မျိုးဆက်သစ် Heartect ပလက်ဖောင်းကိုအခြေခံဆောက်လုပ်ကာ လုံခြုံမှုအပိုင်းကိုလည်းအဆင့်မြှင့်အောင် မြန်မာပြည်တွင်းမှာသေချာထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ဆူဇူကီး(မြန်မာ) မော်တော်ယာဉ်ကုမ္ပဏီလီမိတက်၏ မန်နေဂျင်းဒါရိုက်တာ Mr. Keiichi Asano မှပြောကြားခဲ့ပါတယ်။ 

ကမ္ဘာမှာဆုများစွာရရှိထားတဲ့ နောက်ဆုံးပေါ် အသစ်စက်စက် 0 ကီလိုမီတာ (All New) Suzuki Swift မြန်မာနိုင်ငံမှာ ယနေ့စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။

Suzuki Swift 1

ဈေးနှုန်းကတော့-

GL = 199 သိန်း+ ကညန ၂ သိန်း+ ဝင်ငွေခွန်

GLX = 229 သိန်း+ ကညန ၂ သိန်း+ ဝင်ငွေခွန်

ဖြစ်ပါတယ်။ ငွေဖြူ(သို့)ဝင်ငွေခွန်ဆောင်ထားတာ ရှိတဲ့သူအတွက် ဝင်ငွေခွန်ပေးဆောင်စရာမလိုပါ။ 

GL ဂရိတ်အတွက် ရရှိနိုင်သောအရောင်မှာ အနီနဲ့ ပုလဲဖြစ်ပြီး GLX ဂရိတ်အတွက် ရရှိနိုင်သောအရောင်မှာ အနီ၊ပုလဲရောင်နှင့် အနက်ရောင်တို့ဖြစ်ပါတယ်။ 

ဝင်ငွေခွန်ကတော့ GL အတွက်ဆို 29 သိန်းဝန်းကျင်နဲ့ GLX အတွက်ဆို 34 သိန်းဝန်းကျင် ဆောင်ရမှာဖြစ်ပါတယ်။ 

GL ကသာမာန်ဂရိတ်ဖြစ်ပြီး Push Start ၊ Original TV ၊ ဘက်မှန် မှန်ချိုးမှန်ခေါက်တွေ ၊ အဲကွန်း Digital ခလုပ်တွေ ၊ အလွိုင်းဂွေ ၊ ရှေ့မီးကြီးထဲတွင် LED daylight တွေ ၊ ရှေ့ရှဲမှာ ပျားအုံရှဲနဲ့အနီရောင်စင်းတွေ ၊ ကားအရောင်အနက်ရောင် ၊ Cruise Control စသည်တို့ မပါဝင်ပါဘူး။ 

GLX ကတော့ ဂရိတ်မြင့်ဖြစ်တဲ့အတွက် GL မှာမပါတာတွေအားလုံး GLX မှာပါပါတယ်။ 

GL နှင့် GLX ကွာခြားချက်များ 

Swift ပုံပြောင်းအသစ်စက်စက် 0 ကီလိုမီတာ ကားများကို Cash Down ဖြစ်စေ ၊ 20% သာပေးသွင်းပြီးကျန်ငွေကို ၁ နှစ်မှ ၅နှစ် (သို့) ၇ နှစ်အထိအရစ်ကျစနစ်ဖြင့်လည်း KL Seven မှာသွားရောက်ဝယ်ယူနိုင်ပါတယ်။

 သိရှိလိုသည်များကိုအောက်ပါဆိုင်များတွင် စုံစမ်းမေးမြန်းပြီး ဝယ်ယူနိုင်ပါတယ်။ 

Suzuki KL Seven Showroom (1) 

09774795353 , 09774795454 , 09772980001 , 09772980002

09443669933 , 09443669944

အမှတ် ၁၁၇ ၊ သန္ဓေပင်ရပ်ကွက်၊ ကိုးလုံးတောင်ကွင်း၊ မှော်ဘီမြို့နယ်၊ (ရန်ကုန်ပြည်လမ်းဘေး၊ မှော်ဘီတိုးဂိတ်အနီး) 

Suzuki KL Seven Showroom (2) 

ဖုန်း - 09774795353 09774795454 , 09772980001 , 09772980002 ,09443669933 , 09443669944

(မြောက်ဥက္ကလာပ)

အမှတ် ၁၃၆/၁၃၇ ၊ သုဓမ္မာလမ်း ၊ (ဌ) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (ခြေက်ကွေ့မှတ်တိုင်အနီး၊ ဇမ္ဗူအေးကျောင်းတိုက်လမ်းထိပ်)

Read 11051 times