Motor Generator MG ဆိုတာဘာလဲ


Motor Generator MG ဆိုတာ Hybrid ကားတွေမှာ အဓိက မောင်းနှင်အား (သို့) Hybrid ကားဘက်ထရီကို အားပြန်ဖြည့်ပေးတဲ့ အဓိက Charger အနေနဲ့ အသုံးပြုတဲ့ လျှပ်စစ်ပစ္စည်းတစ်ခုပါ။

Motor Generator ဆိုတဲ့ အတိုင်း မော်တာနဲ့ ဂျင်နရေတာ ၂ ခုလုံးကို ပေါင်းစပ်ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ မော်တာဆိုတာက လျှပ်စစ်စွမ်းအင်ကနေ စက်မှုစွမ်းအင်ပြောင်းပေးတာဖြစ်ပြီး ဂျင်နရေတာဆိုတာက စက်မှုစွမ်းအင်ကနေ လျှပ်စစ်စွမ်းအင်ပြောင်းပေးတာပါ။

ဒီ ၂ ခုဟာ ဆန့်ကျင်ဘက် ဖြစ်ပေမယ့် အထဲက Rotor လည်ပတ်ပုံ ဦးတည်ရာလေး ပြောင်းပေးလိုက်တာနဲ့ အဆင်ပြေပါတယ်။

အိုကေ Toyota Prius နဲ့ ဥပမာပေးကြည့်ရအောင်။ Motor က Hybrid ဘက်ထရီက လျှပ်စစ်ဗို့အားကို သုံးပြီးကားကို မောင်းပေးမယ်။ တကယ်လို့ ကားအရှိန်တင်ဖို့ လိုအပ်လာရင် (လီဗာကို ဖိနင်းရင်) အင်ဂျင်အလိုအလျောက် အလုပ်လုပ်ပြီး မော်တာမတတ်နိုင်တဲ့ စွမ်းအားပမာဏကို ဖြည့်ပေးမယ်။

တကယ်လို့ ကားမောင်းနေရင်း ဘက်ထရီ ရဲ့ State of Charge ဟာ သတ်မှတ်ထားတာထက် (အများအားဖြင့် ၆၀ %) နည်းသွားရင် Hybrid ဘက်ထရီကို အားပြန်ဖြည့်ဖို့ လိုအပ်မယ်။ ကုန်းအဆင်းတွေ ကားအရှိန်လျော့ဖို့ ဘရိတ်နင်းတဲ့အချိန်တွေ ကားရပ်ထားချိန်တွေမှာ အင်ဂျင်က သူ့ပါဝါတွေကို ဘီးကို မရောက်စေတော့ပဲ Hybrid ဘက်ထရီဆီပို့ဆောင်ပြီး ဘက်ထရီကို အားသွင်းပေးမယ်။

Toyota Prius မှာ MG1 နဲ့ MG2 ဆိုပြီး မော်တာ ဂျင်နရေတာ ၂ လုံးပါဝင်ပါတယ်။

Read 480 times