ပိုကောင်းပြီး နာမည်ပိုကြီးသည့် ဇိမ်ခံကားများ ရှိပါသေးသည်။ လက်ရှိ နိုင်ငံတော်တော်များများမှာ လူသိများသည့် ဇိမ်ခံကားများနှင့်ပတ်သက်ပြီး ကမ္ဘာ့အကောင်းဆုံး ဇိမ်ခံကားထုတ်လုပ်သည့် ကုမ္ပဏီများကို စာဖတ်သူများ သိရှိစေရန် ရေးသားဖော်ပြပေးလိုက်ပါသည်။
၁။ Mercedes-Benz
Mercedes ကုမ္ပဏီဆိုသည်မှာ လူအများသိရှိထားသော ကားကုမ္ပဏီတစ်ခုဖြစ်ပါသည်။
ဇိမ်ခံကားအကြောင်းပြောလျှင် ချန်ထား၍ မရသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။
လမ်းပေါ်တွင် မြန်မာငွေသိန်းနှစ်ထောင်ကျော်တန် Toyota ကားတစ်စီးနှင့် Mercedes ကားတစ်စီးကို တူတူမောင်းလာပါက Mercedes ကို ပိုစိတ်ဝင်စားစေနိုင်သော Brand Power ကို ပိုင်ဆိုင်ထားပါသည်။
ထို့အပြင် ထိုကုမ္ပဏီ၏ အမှတ်တံဆိပ်ဖြစ်သော Tri Star သုံးမြှောင်ကြယ်တံဆိပ်လေးသည် ကားပေါ်တွင် မောင်းနှင်လာသောသူကို သိစေချင်လောက်အောင် စွမ်းဆောင်နိုင်ပါသည်။
Mercedes ကို နိုင်ငံတော်တော်များတွင်ရှိသော သူဌေးတော်တော်များများက Mercedes ၏ Flagship Model ဖြစ်သော S Class များကို နှစ်သက်ဂုဏ်ယူစွာနှင့် ကိုယ်တိုင်မောင်းနှင်ကြသကဲ့သို့ Driver နှင့်လည်း အသုံးပြုကြပါသည်။
Mercedes ၏ လူသိအများဆုံး ဇိမ်ခံကားများမှာ S Class, G Class, E Class နှင့် ပြည်တွင်းတွင်ပါ လူစီးများသော C Class များပင်ဖြစ်ပါသည်။
၂။ BMW
BMW ကားများ၏ ပရိတ်သတ်များမှာ လူငယ်များနှင့် လူလတ်ပိုင်းကားချစ်သူများပင်ဖြစ်ပါသည်။
BMW အနေနှင့် လူငယ်ဆန်သည့် ဇိမ်ခံကားများကိုထုတ်လုတ်သည့်အပိုင်းမှာ နာမည်ကြီးသလို Sport Version နှင့် ထုတ်ပေးသည့် ဇိမ်ခံကားများကြောင့်လည်း နာမည်ကြီးပါသည်။
သို့သော် BMW က Mercedes လောက်တော့ Brand Power မကြီးသဖြင့် သူဌေးတော်တော်များများက ကားစီးမည်ဆိုလျှင် BMW ကိုသိပ်စဉ်းစားလေ့မရှိပေ။
BMW မှာ ဇိမ်ခံကားထဲက နာမည်ကြီးသော မိုဒယ်များမှာ BMW 7 Series နှင့် BMW 5 Series ဖြစ်ပြီး ပြည်တွင်းမှာလည်း ဝယ်စီးသူများ များပြားလာပါသည်။
BMW နာမည်ကြီးလာခြင်းမှာ သူတို့၏ M ကားများကြောင့်ဖြစ်ပြီး M Performance ကားတွေက ပြိုင်ကားချစ်သူများကြားမှာ နေရာကောင်းကောင်းရထားသည့်ကားများဖြစ်ပါသည်။
၃။ Audi
Audi ကိုတော့ကားအကြောင်း စိတ်ဝင်စားသူမဟုတ်ရင်တောင် Transporter ဇာတ်ကားများကြည့်ဖူးလျှင်မှတ်မိမည်ဖြစ်ပါသည်။
ကွင်းလေးကွင်းချိတ်ထားသည့် တံဆိပ်နှင့် ဇိမ်ခံကားမှာရော ပြိုင်ကားနယ်ပယ်မှာပါ နာမည်တော်တော်ကြီးပါသည်။
အနောက်တိုင်း သူဌေးအချို့ကတော့ Mercedes အစား သူတို့ရွေးချယ်သည့် Audi ၏ ဇိမ်ခံကား အကြီးကြီးတစ်စီး ပိုင်ဆိုင်ထားလေ့ရှိပါသည်။
ထိုကားမှာ Audi A8 ဖြစ်ပြီး Audi A8 ကို ဇိမ်ခံကားနှစ်သက်သူတော်တော်များများက S Class ထက်ကို ပိုနှစ်သက်ကြပါသည်။
နောက်ဆုံးထွက်သည့် A8 က Audi ၏ ဂုဏ်ကို ပိုတက်စေခဲ့ပါသည်။
၄။ Lexus
ဇိမ်ခံကားဆိုလျှင် ဂျပန်၏ အရည်အသွေးကို သဘောကျသည့် သူဌေးများအတွက် Toyota ၏ အဖြေက Lexus ဖြစ်ပါသည်။
Lexus ဆိုသည်မှာ Toyota ၏ Brand အခွဲဖြစ်ပါသည်။
Lexus ၏ နာမည်အကြီးဆုံးကားများမှာ Lexus LS နှင့် Lexus LX ဖြစ်ပါသည်။
ထိုနှစ်စီးလုံးက သူတို့၏ Flagship Model များဖြစ်ပါသည်။
Lexus LS ဆိုသည်မှာ အပေါ်ကပြောခဲ့သည့် Mercedes S Class, BMW 7 Series နှင့် Audi S8 တို့ကဲ့သို့ ဆိုဒ်ကြီးကြီး ရှည်ရှည်ကားကြီးဖြစ်ပါသည်။
လူလေးယောက်သာ စီးရန်ရည်ရွယ်ထားသော်လည်း ကားများအားလုံးက သာမန်လေးယောက်စီးကားများထက် ပိုကျယ်၊ ပိုရှည်ပြီး ပိုကြီးပါသည်။
LX ကတော့ ဇိမ်ခံကားဖြစ်သော်လည်း လမ်းကြမ်းပါမောင်းနိုင်သည့် SUV အမျိုးအစားဖြစ်ပါသည်။
၅။ Jaguar
ကျားသစ်တစ်ကောင်ပြေးနေသည့် အမှတ်တံဆိပ်ဖြစ်သော Jaguar သည် သူဌေးတော်တော်များများ ဝယ်စီးသည့်ကားကတော့ Jaguar XJL ဖြစ်ပါသည်။
အပေါ်ကပြောခဲ့သည့် Lexus LS, Mercedes S Class, BMW 7 Series နှင့် Audi S8 တို့ကဲ့သို့ ကားရှည်ရှည် ဆိုဒ်ကြီးကြီးသာဖြစ်ပါသည်။
Jaguar ကတော့ ဇိမ်ခံကားများကိုထုတ်သည်ဆိုသော်ငြားလည်း သူရဲ့အယူအဆက ပြိုင်ကားများဖက်ကိုပိုသွားပါသည်။
ထိုကားကိုဝယ်ယူစီးနင်းကြသည့် သူဌေးတော်တော်များများကလည်း ကားကို ခပ်မြန်မြန်မောင်းရသည်ကို ကြိုက်နှစ်သက်သူများ ဖြစ်ပါသည်။
ထို့ပြင် ထိုကားသည် လူလတ်ပိုင်း သူဌေးပေါက်စများကြားတွင်လည်း နာမည်ကြီးပါသည်။
ထိုကားငါးမျိုးကတော့ Luxury Sedan များနှင့်ပတ်သက်၍ နာမည်ကြီးသည့် Brand များဖြစ်ပြီး အခြား Brand တွေအနေနှင့် Aston Martin, Maserati စသည့်များအပြင် ထိုထက်ပိုကောင်းသည့် Hand Made ကားများလည်းရှိပါသေးသည်။