လျှပ်စစ်မော်တော်ယာဉ် Lucid Motors မှ ပထမဦးဆုံး အသုတ် စတင်ထုတ်လုပ်တဲ့ လျှပ်စစ်မော်တော်ယာဉ် တွေ AMP-1 ယာဉ်တပ်ဆင်ထုတ်လုပ်ရေး လိုင်းမှ စတင် ဘီးလှိမ့်ပြီး ထွက်လာခဲ့ပါပြီ။ အဆိုပါကားအသုတ်ကို Dream Editions အမည်ဖြင့် ရောင်းချသွားမှာ ဖြစ်ပြီး အောက်တိုဘာ လကုန်ပိုင်းမှာ အမှာစာတင်ထားတဲ့သူတွေထံ စတင်ပေးပို့မှာ ဖြစ်ပါတယ်။
Lucid Motors အနေဖြင့် ယခုလို ပထမအသုတ် ထုတ်လုပ်နိုင်သည့်အဆင့်သို့ ရောက်ရှိရန် ၁၅ နှစ်တိုင်တိုင် ကြိုးပမ်းဆောင်ရွက်ခဲ့ရပါတယ်။
ကိုဗစ်ကပ်ရောဂါ ကျရောက်တဲ့အတွက် နှောင့်နှေးမှုများလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ မူလက ပထမအသုတ်ကို ၂၀၂၁ ခုနှစ် နွေဦးမှာ ထုတ်လုပ်ပေးပို့မယ်လို့ ကြေညာထားခဲ့ပြီး မထုတ်လုပ်နိုင်တဲ့အတွက် ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း ထုတ်လုပ်မယ်လို့ ထပ်မံကြေညာခဲ့ပါတယ်။
Lucid Air Dream Edition ကို အားအပြည့်ဖြည့်ပြီးရင် ခရီးမိုင် ၅၂၀ အထိ မောင်းနှင်နိုင်ပါတယ်။ ပါဝါက မြင်းကောင်ရေ 1,111 ရှိပါတယ်။
မူကွဲနှစ်မျိုး ထုတ်လုပ်မှာ ဖြစ်ပြီး အရေအတွက် အကန့်အသတ်ဖြင့် ထုတ်လုပ်တဲ့ ဇိမ်ခံကား အမျိုးအစား စီးရေ ၅၂၀ ကို အရင်ထုတ်လုပ်မှာ ဖြစ်ပြီး ဈေးသက်သာတဲ့ Lucid Air Grand Touring ကားမော်ဒယ်စီးရေ ၁၃,၀၀၀ ကို ဆက်လက် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
Lucid Air Dream Edition ကို အားအပြည့်ဖြည့်ပြီးရင် ခရီးမိုင် ၅၂၀ အထိ မောင်းနှင်နိုင်ပါတယ်။ ပါဝါက မြင်းကောင်ရေ 1,111 ရှိပါတယ်။ 112-kWh ဘက်ထရီ သုံးစွဲထားပါတယ်။ တစ် ကီလိုဝပ်နာရီ kWh ကို ခရီးမိုင် ၄.၆ မိုင်အထိ မောင်းနှင်နိုင်ပါတယ်။
၂၀၂၃ ခုနှစ်မှာတော့ Lucid Motors ရဲ့ လျှပ်စစ်မော်တော်ယာဉ် SUV အမျိုအစားဖြစ်တဲ့ Gravity မော်ဒယ်တွေကို ထုတ်လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်။
AMP-1 ယာဉ်တပ်ဆင်ထုတ်လုပ်ရေး လိုင်;