ချောဆီပို့စနစ်တွင် အဓိကပါဝင်သော အစိတ်ပိုင်းများနှင့် ချောဆီပို့စနစ် (Lubrication System)



ကားအင်ဂျင်များတွင်သုံးသော ချောဆီပို့စနစ် နှစ်မျိုးရှိပါသည်။ Fully Pressurized Method နှင့် Splash Method တို့ဖြစ်သည်။

ဂျပန်ကားများတွင် Pressure Type ဖြစ်သော Oil Pump ဖြင့် ချောဆီပို့သော စနစ်ကို အသုံးပြုသည်။
ချောဆီပို့စနစ်တွင် အဓိကပါဝင်သော အစိတ်အပိုင်းများ

ချောဆီပို့စနစ်တွင် အဓိကပါဝင်သော အစိတ်အပိုင်းများမှာ Oil Pan (ဆီခံခွက်)၊ Pick-up Tube (ဆီစုပ်စက်နှင့် ဆန်ခါ)၊ Oil Filter (ဆီစစ်ဘူး)၊ Spurt Holes (ဆီလိုင်း ဆီပန်း အပေါက်များ)၊ Oil Pressure Warning Lamp

(ဆီဖိအား သတိပေးမီး) စသည်တို့ဖြစ်ပါသည်။

Oil Pump (ဆီပန့်)

Oil Pump တွင် Gear Pump နှင့် Trochoid Pump ဟူ၍ နှစ်မျိုးရှိသည်။ ဂီယာပန့်အမျိုးအစားတွင်လည်း အတွင်းဂီယာပုံစံနှင့် အပြင်ဂီယာပန့်ပုံစံ ဟူ၍ ကွဲပြားသည်။

Trochoid Pump တွင် Pump Body ထဲ၌ ရိုတာ (Rotor) နှစ်ခုရှိသည်။ Drive Rotor နှင့် Driven Rotor တို့ဖြစ်သည်။ Drive Rotor ၏ ဝင်ရိုးနှင့် Driven Rotor ၏ ဝင်ရိုးတို့ကို လွှဲထားပြီး Eccentric လည်ပတ်စေသည်။

Eccentric ဖြစ်နေသောကြောင့် Rotor များလည်လျှင် ၎င်းတို့နှစ်ခုကြား၌ရှိသော ကြားလွတ်ထုထည်နေရာ တန်ဖိုးသည် ကြီးရာမှ သေးငယ်သွားသည်။ ဤနည်းဖြင့် Rotor နှစ်ခုကြားမှ ချောဆီများ ဖိအားတစ်ခုဖြင့် တွန်းပို့နိုင်သည်။

Pressure Relief Valve

Oil Pump မှ ချောဆီများ တွန်းပို့သော ဖိအားသည် အင်ဂျင်၏ မြန်နှုန်းအပေါ်တွင် မူတည်သည်။ Oil Pump ဝင်ရိုးနှင့် အင်ဂျင်ကရိုင်းရှပ်ကို ဆက်သွယ်ထားသဖြင့် အင်ဂျင်လည်ပတ်နှုန်းအပေါ်မူတည်၍ Oil Pump လည်ပတ်သည်။

Oil Pump မှ တွန်းပို့သော ဆီဖိအားသည် လိုအပ်သည်ထက် သိပ်များလွန်ပါက ဆီစစ်ဘူး ပေါက်ထွက်ခြင်း၊ ဝိုင်းဆီများ ပေါက်၍ ဆီယိုခြင်း၊ ဂတ်စ်ကတ်ကြားမှ ဆီယိုခြင်းများ ဖြစ်တက်သည်။

ထိုကဲ့သို့ Oil Pump ဖိအားများလာပါက ဆီဗားအလိုအလျောက်ဖွင့်ပေးခြင်းဖြင့် ချောဆီဖိအားကို ထိန်းပေးနိုင်သည်။ Relief Valve တွင် စပရင်နှင့် ဘောစေ့ပါရှိပြီး ဖိအားများလာပါက စပရင်ကို တွန်းကန်ပြီး ဘောစေ့ဗား ပွင့်သွားမည်။

ဆီစစ်ဘူး (Oil Filter)

အင်ဂျင်အတွင်း၌ လည်ပတ်နေသော ချောဆီအင်ဂျင်ထဲတွင် သံစ အမှုန်အမွှားများ၊ ဖုန်မှုန့်များ၊ ကာဗွန်ချိုးများ ပါဝင်သည်။ ချောဆီထဲတွင် ပါဝင်သော အညစ်အကြေးများကို ဆီစစ်ဘူးအတွင်းရှိ Element များက သန့်စင်ပေးသည်။

ဆီစစ်ဘူးကို ဖြတ်သန်းပြီးသော ချောဆီများသည် သန့်စင်သွားပြီး အင်ဂျင်ဘလောက်အတွင်း ဆီလိုင်းများမှတစ်ဆင့် အင်ဂျင်အစိတ်အပိုင်းများသို့ ဆီရောက်သွားမည်။ ဆီစစ်ဘူးထဲတွင် ဆီပိတ်နေပါက ဆီထွက်နိုင်ရန် By Pass Valve

ပါရှိသည်။ By Pass Valve သည် အင်ဂျင် ဆီငတ်ခြင်းမှ ကာကွယ်ပေးသည်။ အင်ဂျင်ဝိုင်အသစ်လဲလှယ်တိုင်း ဆီစစ်ဘူးအသစ်ကို လဲလှယ်ပေးရမည်။

Oil Pressure Warning Lamp

Lubricanting System တစ်ခုတွင် ချောဆီများ လည်ပတ်နေခြင်းရှိ၊ မရှိ သတိပေးသော မီးလုံးဖြစ်သည်။ အင်ဂျင်ဝိုင်ဖိအားနည်းနေပါက ဒက်ချ်ဘုတ်တွင် မီးလင်းလာမည်။ အကြောင်းအမျိုးမျိုးကြောင့် အင်ဂျင်ဝိုင်များ လျော့နည်းပြီး

ဆီဖိအားကျဆင်းပါက သတိပေးမီးလင်းလာမည်။

ကားစက်နှိုးရန် သော့ဖွင့်လိုက်ပါက ဒက်ချ်ဘုတ်တွင် အင်ဂျင်ဝိုင်မီး လင်းနေမည်။ စက်နိုးသွားပြီး ခဏကြာလျှင် ယင်းမီး ငြိမ်းသွားမည်။ အကြောင်းတစ်ခုခုကြောင့် အင်ဂျင်ဝိုင်များ ပေါက်ထွက်သွားပါက Warning Lamp မီးလင်းလာမည်။

ယာဉ်မောင်းသူ သတိပြုမိပါက အင်ဂျင်ပျက်စီးမှု မဖြစ်ပေါ်စေရန် စစ်ဆေးနိုင်သည်။ အပြစ်ချွတ်ယွင်းချက်များ ရှာနိုင်သည်။

Oil Cooler (ချောဆီ အအေးခံကိရိယာ)

အချို့ ကားအင်ဂျင်များတွင် Oil Cooler ပါရှိသည်။ အင်ဂျင်၏ အပူချိန်ကို ရေတိုင်ကီကဲသို့ Oil Cooler ကလည်း ချပေးသည်။ Oill Cooler တွင် ရေဖြင့် အအေးခံခြင်းနှင့် လေဖြင့် အအေးခံခြင်း နှစ်မျိုးရှိသည်။

Oil Cooler များတွင် ဆီချေးများ၊ ဆီချိုးများပိတ်ပြီး ဆီလိုင်းတစ်လျှောက် ဆီပိတ်ဆို့မှု ဖြစ်တက်သည်။ မကြာခဏ ဆေးကြောပေးရန်လိုအပ်သည်။ ချောဆီစနစ်သည် အင်ဂျင်တစ်လုံး၏ အသက်ဖြစ်၍ အချိန်မှန် အင်ဂျင်ဝိုင်လဲရန်၊

အမျိုးအစားမှန်သော အင်ဂျင်ဝိုင်ကို ရွေးချယ်သုံရန်၊ ဆီစစ်ဘူး မှန်မှန်လဲရန်၊ စက်မနှိုးမီ အင်ဂျင်ဝိုင်တိုင်းရန်၊ အင်ဂျင်ဝိုင်ယိုစိမ့်မှု လျော့နည်းခြင်း ရှိ/မရှိ နေ့စဉ် စစ်ဆေးရန် တာဝန်များသည် ယာဉ်မောင်းတစ်ဦး၏ ပုံမှန်တာဝန်များဖြစ်သည်။

ဒီဇယ်ကားများတွင် ဘရိတ်ဆာဗိုယူနစ်အတွက် Vacuum Pump ကိုသုံးရသည်။ ယင်း Pump တွင် အင်ဂျင်ဝိုင်ပိုက်လိုင်း ဆက်သွယ်ရသည်။ ထိုပိုက်လိုင်းများမှ အင်ဂျင်ဝိုင် ယိုစိမ့်တက်သည်ကို ဂရုပြုသင့်ပါသည်။ အင်ဂျင်အပူလွန်ကဲပြီး

ဂတ်စ်ကတ်ပြတ်ပါက အင်ဂျင်ဝိုင်နှင့် အအေးခံရည်များ ရောနှောသွားလျှင် အင်ဂျင်ဝိုင်ပျက်စီးတတ်ပါသည်။ သတ်မှတ်ခရီးမိုင်ပြည့်ပါက အင်ဂျင်ဝိုင် အသစ်လဲပေးပါ။

Automobile

Read 704 times