တက္ကစီယာဉ်များတွင် LPG ဂတ်(စ်) ဖြင့် အစားထိုး မောင်းနှင်နိုင်ရန် ဆောင်ရွက်သွားမည်



တက္ကစီယာဉ်များတွင် LPG ဖြင့် အစားထိုး မောင်းနှင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။ 

ရန်ကုန်မြို့၊ ရွှေပေါက္ကံစက်မှုဇုန်-ဇေကမ္ဘာဝင်းအနီး၌ ပြုုလုပ်သော LPG Auto Gas Filling Station နှင့် LPG Conversion kit Installation Center ဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီးချုပ်က ယင်းအတွက် LPG ဂတ်(စ်)ကို ရောင်းချနိုင်သည့် Station များ ရန်ကုန်တိုင်းအတွက် များစွာလိုအပ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

‘LPG ဂတ်(စ်)ဟာ မီးဖိုချောင်သုံးစွဲဖို့ ၊ အငှားယာဉ်တွေ၊ တက္ကစီတွေမှာ သုံးစွဲနိုင်ဖို့နဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍနယ်ပယ်အသီးသီးမှာ သုံးစွဲနိုင်ဖို့အတွက် အခွင့်အလမ်းများစွာရှိပြီး ဈေးကွက်ကြီးကြီးမားမားရှိနေတဲ့ အခြေအနေတစ်ခုမှာရှိနေပါတယ်’’ ဟု ပြောပါတယ်။

ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းများကို မကြာခင်က ဈေးမြင့်တက်ခဲ့သော်လည်း CNG ကိုတန်ဖိုးနည်းနည်းဖြင့် ပေးနေခဲ့ သည့်အတွက် အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် သုံးစွဲသော YBS ဘတ်စ်ကားများကို ဈေးသက်သာစွာဖြင့် ပြည်သူလူထုအားဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

ထို့ပြင် LPG ဂတ်စ်ကို ဖြန့်ချိရောင်းချနိုင်ရေးအတွက် AwRa Trading ကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး အစိုးရဘက်က ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

‘’AwaRa Trading ကနေပြီး LPG ဖြန့်ချိရေးအတွက် အခုလို ကြိုးစားဆောင်ရွက်မှုဟာ ရန်ကုန်အတွက် လိုအပ်ချက်ကို တစ်ထောင့်တစ်နေရာက ဖြည့်ဆည်းပေးရာ ရောက်သလို တစ်ချိန်ချိန်မှာ ဈေးကွက်ကြီးမားလာတဲ့အခြေအနေမှာလည်း ဈေးကွက်ကို ဦးဆောင်မှု အခန်းကဏ္ဍတစ်ခုကနေ သယ်ဆောင်သွားနိုင်လိမ့်မယ်လို့ ကျွန်တော့်အနေနဲပ မျှော်လင့်ပါတယ်” ၎င်းက ပြောသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

Read 627 times