ဖောင်းကြွနံပါတ်ပြားတစ်ချပ် ပျောက်ဆုံးပါက ယာဉ်နှင့် တိုက်စစ်ပြီး ပြုလုပ်ပေးမည်ဖြစ်သော်လည်း နှစ်ချပ်စလုံး ပျောက်ဆုံးပါက ပိုင်ရှင်၏ မှတ်ပုံတင်ပါရှိမှသာ ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရပါသည်။
ကညနမှ ထုတ်ပေးထားသည့် ဖောင်းကြွနံပါတ်ပြားများ ပျောက်ဆုံးသွားသည်ဖြစ်စေ၊ ပျက်စီးသွားသည်ဖြစ်စေ၊ သက်ဆိုင်ရာ ကညနရုံးထံ ယာဉ်စစ်ဆေးပြီး ထုတ်ယူနိုင်မည်ဖြစ်သည်။
သို့သော် နံပါတ်တစ်စုံလုံး ပျောက်ဆုံးသွားပါက အမည်ပေါက်ပိုင်ရှင်၏ မှတ်ပုံတင် မူရင်းပါရှိမှသာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဖောင်းကြွနံပါတ်ပြား တစ်ချပ်ပျောက်ဆုံးခဲ့ပါက ရှိသောတစ်ချပ်ကိုပြန်အပ်ပြီး ယာဉ်စစ်ဆေးခံရမည် ဖြစ်ပါသည်။
နှစ်ချပ်စလုံးပျောက်သွားပါက အမည်ပေါက်ပိုင်ရှင်၏ မှတ်ပုံတင်မူရင်းပါမှသာ ပြုလုပ်ပေးမည်ဖြစ်ပါသည်။
ပိုင်ရှင်၏ မှတ်ပုံတင်မူရင်းကို တောင်းရခြင်းမှာ ဖောင်းကြွနံပါတ်ပြား အပျောက်ပြပြီး နံပါတ်ပြားအသစ်ဖြင့် ပွားစီးမည်စိုးသောကြောင့်ဖြစ်သည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးမှပြောကြားကြောင်းသိရသည်။
ဖောင်းကြွနံပါတ်ပြားများ ပျောက်ဆုံးပါက ပျောက်ဆုံးကြောင်း သတင်းစာကြေငြာထည့်ရမည်ဖြစ်ပြီး နံပါတ်ပြားအသစ် ဝယ်ယူရန်အတွက် တစ်သောင်းကျပ်နှင့် ယာဉ်စစ်ခ ငါးထောင်ကျပ်ပေးသွင်းရမည် ဖြစ်ကြောင်းသိရသည်။