ကမ္ဘာ့အကြီးဆုံး အီးဗီဘက်ထရီလုပ်ငန်းက ခရီးတာ ၄၃၅ မိုင်ရမည့် ဘက်ထရီ ထုတ်လုပ်မည်


ကမ္ဘာ့အကြီးဆုံး အီးဗီဘက်ထရီလုပ်ငန်းက ခရီးတာ ၄၃၅ မိုင်ရမည့် ဘက်ထရီ ထုတ်လုပ်မည်

ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကားဘက္ထရီထုတ်လုပ်သည့်လုပ်ငန်း Contemporary Amperex Technology Co Ltd (CATL) သည် တစ်ကြိမ်အားအပြည့်သွင်းရုံဖြင့် ကီလိုမီတာ ၇၀၀ (၄၃၅ မိုင်)အကွာအဝေးကို မောင်းနှင်နိုင်စေမည့် ဘက်ထရီကို သုံးနေကျ မဟုတ်သော ပစ္စည်းအမျိုးအမည်သစ်များဖြင့် ထုတ်လုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

တရုတ်နိုင်ငံ၊ ဖူကျင်  ပြည်နယ်၊ Ningde ရှိ ခေတ်ပြိုင် Amperex Technology Co Ltd (CATL) ရုံးချုပ်တွင် အီးဗီဘက်ထရီကို ထက်ခြမ်းခွဲပြီး ခင်းကျင်းပြသထားပုံ။ (Bloomberg Photo)

အဆိုပါပစ္စည်းအသစ်များသည် သံဖော့စဖိတ် iron phosphate ဘက်ထရီများနှင့် နှိုင်းယှဉ်ပါက စွမ်းအင်သိပ်သည်းဆ ၁၀% မှ ၂၀% ထိ  ပိုကောင်းသည်ဟု တရုတ်နိုင်ငံအခြေစိုက် CATL  ဥက္ကဋ္ဌ  Zeng Yuqun  မှ ပြောကြားခဲ့ပါသည်။ M3P ဟုခေါ်သော နည်းပညာသည် နီကယ်နှင့် ကိုဘော့အခြေခံ ဘက်ထရီများနှင့် နှိုင်းယှဉ်ပါက ကုန်ကျစရိတ်လည်း သက်သာလိမ့်မည် ဟု ဘေဂျင်းမြို့၌ ကျင်းပသော World New Energy Vehicle Congress ၌ စနေနေ့(ဩဂုတ် ၂၇)တွင် ၎င်းက ပြောကြားခဲ့သည်။

 

သို့သော်လည်း M3P ဘက္ထရီများသည် မည်သည့်သတ္တုများကို အသုံးပြုကြောင်း အသိပေး ပြောကြားခြင်း မပြုပေ။ ထို့ပြင် ၎င်းဘက်ထရီများကို မည်သည့်အချိန်တွင် အမြောက်အမြား ထုတ်လုပ်မှု စတင်မည်ကိုလည်း ပြောကြားခြင်းမရှိပေ။ CATL (Contemporary Amperex Technology Co Ltd) သည် ကမ္ဘာ့အကြီးဆုံး ဘက်ထရီထုတ်လုပ်သူဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းတွင် EV ဘက်ထရီရောင်းချမှု၏ သုံးပုံတစ်ပုံကျော်ကို ဈေးကွက်ဝေစု ရရှိထားသည်။

 

CATL မှ ထုတ်လုပ်သော အီးဗီဘက်ထရီများကို Tesla, Volkswagen, BMW, Ford တို့ အသုံးပြုကြပါသည်။  အဓိကပြိုင်ဘက်များမှာ တောင်ကိုရီးယားမှ LG Energy Solution နှင့် တရုတ်ပြည်မှ BYD တို့ ဖြစ်ပါသည်။  တရုတ်နိုင်ငံ အစိုးရ မူဝါဒချမှတ်ရေးဆိုင်ရာ တရုတ်အမျိုးသားအကြံပေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဝမ်ဂန်က အီးဗီ ဘက်ထရီများအတွက် ကမ္ဘာ့ဈေးကွက်သည် ၂၀၃၀ ခုနှစ်တွင် ကန်ဒေါ်လာ ၂၅၀ ဘီလီယံ ရှိလိမ်ဘမည်ဟု မျှော်လင့်ရပြီး ဝယ်လိုအား ၃.၅  တာရာဝပ်နာရီ terrawatt hoursထက် ကျော်လွန်လိမ့်မည်ဟု ပြောကြားပါသည်။

 

Telegram Channel https://t.me/Guid4U

Source : Reuters

#MyanmarAutomobileGuide 

Read 4087 times