တောင်ကိုရီးယား စက်တင်ဘာလ ကားတင်ပို့မှု မြင့်တက်


တောင်ကိုရီးယား စက်တင်ဘာလ ကားတင်ပို့မှု မြင့်တက်

 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

၂၀၂၂ စက်တင်ဘာလတွင် ကိုရီးယား၏ ကားတင်ပို့မှုသည် ယခင်နှစ်ထက်  ၃၄ ဒသမ ၇ ရာခိုင်နှုန်း ခုန်တက်ခဲ့ပါတယ်။ 

မော်တော်ကားများ ပြည်ပသို့ တင်ပို့ရောင်းချမှုတန်ဖိုးစုစုပေါင်း ပြီးခဲ့သည့်လတွင် အမေရိကန်ဒေါ်လာ ၄.၇၉ ဘီလီယံ ဖြစ်ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနမှ အချက်အလက်များအရ သိကြရပါတယ်။ 

ယခုနှစ်အတွင်း အများဆုံးစံချိန်မှာ ၂၀၂၂ ဇူလိုင်လတွင် တင်ပို့ခဲ့တဲ့ တန်ဖိုးပမာဏဖြစ်ပြီး ကန်ဒေါ်လာ ၅.၁၄ ဘီလီယံဖိုး တင်ပို့ခဲ့ပါတယ်။ 

၂၀၂၂ စက်တင်ဘာလ တင်ပို့တဲ့ စီးရေ စုစုပေါင်းမှာ ၁၉၂,၈၆၃ ဖြစ်ပါတယ်။ 

မြောက်အမေရိကသို့ တင်ပို့မှုမှာ ကန်ဒေါ်လာ ၂.၂၆ ဘီလျံ ရှိပြီး အာရှနိုင်ငံများသို့ တင်ပို့မှုမှာ ကန်ဒေါ်လာ ၄၃၄ သန်း ရှိပါတယ်။ ဥရောပသို့ ကန်ဒေါ်လာ ၇၅၅ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ 

၂၀၂၂ စက်တင်ဘာလမှာ ယာဉ်ပစ္စည်း အစိတ်အပိုင်းများ ကန်ဒေါ်လာ ၂.၀၁ ဘီလီယံဖိုး  တင်ပို့ခဲ့ပါတယ်။

၂၀၂၂ စက်တင်ဘာလမှာ ပြည်တွင်းထုတ်လုပ်မှု စီးရေ ၃၀၇,၇၂၁ ရှိပြီး ပြည်တွင်းဈေးကွက်မှာ စီးရေ ၁၄၀,၂၄၂ ရောင်းချခဲ့ပါတယ်။

၂၀၂၂ စက်တင်ဘာလမှာ ယခင်နှစ် စက်တင်ဘာလထက် ပြည်တွင်း ထုတ်လုပ်မှု၊ ပြည်တွင်း ရောင်းအား၊ ပြည်ပတင်ပို့မှုတို့ ပိုများခဲ့ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြောကြားပါတယ်။
Source koreatimes 

Read 1324 times