ကျိန်စာသင့်ကား Little Bastard


ရုပ်ရည် ချောမောအသက်ကငယ်ငယ် နဲ့ အောင်မြင် မှုလျှမ်း လျှမ်း တောက် Hollywood ရဲ့မင်းသား ဖြစ်တဲ့ James Dean ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံး မှုကတော့ ထိုခေတ်က တကယ့် နှမြောစရာပါပဲ။ဒီကိစ္စက သူ့ကားက တရား ခံလို့ ဆို ချင်ပါတယ်။

1955 စက်တင်ဘာလ ၂၃ ရက် James Dean မသေခင် တပတ်အလိုမှာ Dean တစ်ယောက် Porsche အမျိုးအစား 550 Spyder ကို ဝယ် ခဲ့ ပြီး George Barris ဆီမှာ ရှယ် ပြင် ခဲ့ပါတယ်ချစ်စနှိုးနဲ့ Little Bastard လို့ ခေါ် ခဲ့သတဲ့။

 

အဲ့နေ့မှာပဲ British မင်းသား Alec Guinness နဲ့ စားသောက် ဆိုင်တခု အပြင်မှာ တွေ့တော့ Alec က " ဒီကား က နိမိတ်မကောင်း သလိုပဲ မင်းလုံးဝ ကားထဲ မဝင်နဲ့ မမောင်းနဲ့နော် တပတ်အတွင်း သေ လိမ့်မယ် " လို့ ပြောပါတယ် Dean ကတော့ ရယ်လို့ပေါ့။

 

တပတ်အကြာ စက်တင်ဘာလ ၃၀ ရက်နေ့ မှာတော့ Dean တစ်ယောက် ဒီကား လေးနဲ့ မောင်းရင်း Dean တစ်ယောက် 55 mph zone မှာ 65 mph ထက် ပိုမမောင်းနဲ့ လို့ သတိပေး Ticket ရခဲ့တယ် နိမိတ်များ လားပဲ ဂရုမစိုက်ပဲ 85mph မောင်း လာမိတာ ၂၃ နှစ်အရွယ်ကျောင်းသား လေး ကားနဲ့ တိုက် မိပါလေရော။

 

George Barris တစ်ယောက် အဲ့ကားကို ဒေါ်လာ ၂၅၀၀ နဲ့ ဝယ် James Dean သေ ခဲ့တဲ့ ကားဆိုပြီး ပြ စားမို့အကြံနဲ့ပေါ့ ကားက အင်ဂျင် လျောကျ ပြီး စက်ပြင်ဆရာ တစ်ယောက် ခြေထောက် ကျိုးပြန်ရော။ဒါနဲ့ပဲ အဲ့ Engine ကို ကျတော့ Troy Mc henry ဆီရောင်းပြီး Drivetrain ကို William Eschrid ဆီမှာ ရောင်း သတဲ့။

 

Henry တစ်ယောက် သစ်ပင် တိုက်မိပြီး သေရာ William ကတော့ မောင်းနေရင်း ဘီးက အကြောင်းပြချက်မရှိ ကျွတ်ထွက်ပြီး accident ဖြစ်တာ အတော် ပြင်းပြင်း ထန်ထန် ဒဏ်ရာ ရသွားတယ်။ကားတာယာ တွေရောင်းတော့လဲ ရုတ်တရက်ပေါက်ကွဲ ပြီး စီး လာတဲ့ Driver လမ်းပေါ် ကျရော။မဖြစ်တော့ဘူး ကားကို ထိန်းသိမ်းမယ်ဆိုတော့ အဲ့ ထားထားတဲ့ ကားဂိုထောင် မီး ထလောင်ရော ကားက ဘာမှ မဖြစ်ပြန်ဘူး။

 

နောက်တခါ အထက်တန်းကျောင်းမှာထားမိတော့ ကားနားသွားဆော့တာ ချော်ကျပြီး ကျောင်း သားတစ်ယောက် တင် ပါး ကျိုးတော့တာပဲ။ကားကို truck ပေါ်တင်ပြီး မောင်းလာတော့ Driver လဲ Accident ဖြစ် ပြီး သေပြန်ရော။အခုတော့အဲ့ကားကို Washingtonက ပြတိုက်မှာ ဖွက်ထား တယ်ပြောကြ သလို ပျောက်ချင်းမလှ အလိုလို ပျောက် သွားတယ်လဲ ပြောကြ ပါတယ်။

 

သင်တို့စီးနေတဲ့ ကာတွေထဲမှာရော အဲ့လို နမိတ်မကောင်းတဲ့ ကားတွေဘာတွေ ရှိခဲ့ဘူးသလား သို့မဟုတ် ထိုကဲ့သို့ ဆိုးဆိုးရွားရွား ကြုံတဲ့ ကိစ္စ မျိုးတွေရှိပါသလား။

 

Image may contain: 1 person, car

 

Image may contain: one or more people, people sitting and outdoor

 

Ref : Cars History 

Read 977 times