မတော်တဆယာဉ်တိုက်မှုဖြစ်ပါကအမှားအမှန်ဆုံးဖြတ်နိုင်မည့်အခြေခံအချက်များ


ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆမှုတွေဖြစ်လာပါကသက်ဆိုင်ရာယာဉ်ထိန်းရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များက အောက်ဖော်ပြပါအချက်များပေါ်မူတည်ပြီး မှားသည့်ယာဉ်ကိုသတ်မှတ်အရေးယူခြင်း ဖြစ်ပါသည်။

ယာဉ်တိုက်မှုတစ်ခုဖြစ်လာပါကအတိုက်ခံရခြင်း၊ တိုက်မိခြင်းအပေါ်တွင်မူတည်ပြီး အမှန်၊အမှားဆုံး ဖြတ်ကြခြင်းမဟုတ်ဘဲလမ်းစည်းကမ်း၊ယာဉ်စည်းကမ်းချိုးဖောက်မှုအပေါ်ကိုသာကြည့်ပြီးအမှန်၊အမှား သတ်မှတ်အရေးယူခြင်းဖြစ်ပါသည်။

"ဂ" ကွေ့ချိုးကွေ့တဲ့ယာဉ်နှင့် ရှေ့နောက်တည့်တည့်မောင်းနှင်လာသည့်ယာဉ်တိုက်မိသည့်အခါ ယာဉ်ကြောမရှင်းဘဲ "ဂ"ကွေ့ချိုးကွေ့သည့်ယာဉ်ကတာဝန်ရှိမည်ဖြစ်သောကြောင့်"ဂ"ကွေ့ဖြတ်ကွေ့တဲ့ယာဉ်က အမှားဖြစ်ပါသည်။

လမ်းဘေးတွင်ပါကင်ထိုးထားရာမှ(သို့မဟုတ်)ခြံဝန်းအတွင်းမှထွက်လာတဲ့ယာဉ်(သို့မဟုတ်)လမ်းသွယ်အတွင်းမှထွက်လာတဲ့ယာဉ်က လမ်းမကြီးပေါ်မောင်းနှင်လာတဲ့ယာဉ်ကို ဦးစားပေးရမှာဖြစ်ပါသည်။

အကယ်၍ဖော်ပြပါယာဉ်အမျိုးစားသုံးခုထဲမှတစ်ခုခုကလမ်းမကြီးပေါ်ကမောင်းနှင်လာတဲ့ ယာဉ်နဲ့ ယာဉ်တိုက်မှုဖြစ်ခဲ့ပါက ထိုယာဉ်သုံးမျိုးကသာတာဝန်ရှိပြီးယင်းတို့အမှားဟုသတ်မှတ် အရေးယူသွားမှာဖြစ်ပါသည်။

မီပွိုင့်မရှိသည့်လမ်းဆုံလမ်းခွများတွင်တစ်ဘက်မျက်နှာချင်းဆိုင်ယာဉ်ကြောမှ မောင်နှင်လာသည့် ယာဉ်ကိုမကြည့်ဘဲ ဘယ်ဘက်ချိုးကွေ့မိရာမှယာဉ်တိုက်မှုဖြစ်ခဲ့ပါကယာဉ်ကြောမရှင်းဘဲချိုးကွေ့တဲ့ ယာဉ်ကတာဝန်ရှိမှာဖြစ်ပြီး ယင်းယာဉ်အမှားလို့သတ်မှတ်အရေးယူမည်ဖြစ်ပါသည်။

ရှေ့မှမောင်နှင်နေတဲ့ယာဉ်ကိုကျော်တက်ရာမှမျက်နှာချင်းဆိုင်တစ်ဘက်ယာဉ်ကြောပေါ်ရောက်ရှိပြီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပါကကျော်တက်သည့်ယာဉ်အမှားလို့သတ်မှတ်အရေးယူမှာဖြစ်ပါသည်။

ရှေ့ကမောင်နှင်နေတဲ့ယာဉ်ကိုကပ်ပြီးကျော်တက်ရာကယာဉ်တိုက်မှုဖြစ်ခဲ့ရင်လည်းကျော်တက်တဲ့ယာဉ်ကို သာအမှားလို့သတ်မှတ်ပြီးအရေးယူခံရမှာဖြစ်ပါသည်။

ရှေ့ကမောင်းနှင်နေသည့်ယာဉ်ကိုနောက်ကယာဉ်ကတိုက်မိပါကနောက်ကတိုက်မိသည့်ယာဉ်ကိုသာ အမှားဟုသတ်မှတ်အရေးယူမည်ဖြစ်ပါသည်။

လမ်းမနှင့်လမ်းသွယ်ဆုံသည့်လမ်းဆုံတွေမှာလမ်းသွယ်မှမောင်းတဲ့ယာဉ်ကလမ်းမပေါ်ကယာဉ်ကို ဦးစားပေးရမှာဖြစ်ပါသည်။

ထို့ကြောင့်အဲသည်လိုလမ်းဆုံများတွင်ယာဉ်တိုက်မှုဖြစ်ခဲ့ပါကလမ်းသွယ်မှထွက်လာသည့်ယာဉ်အမှားဟု သတ်မှတ်ပြီးအရေးယူခံရမည်ဖြစ်ပါသည်။

ယင်းအချက်တွေပေါ်မူတည်ပြီးယာဉ်တိုက်မှုတစ်ခု၏ဘယ်ယာဉ်မောင်းကြောင့်ယာဉ်တိုက်မှုဖြစ်တယ်၊ ဘယ်ယာဉ်မောင်းကလမ်းစည်းကမ်းချိုးဖောက်တယ်၊ ဘယ်ယာဉ်မောင်းမှာတာဝန်ရှိတယ်ဆိုတာ ကို အဓိကထားဆုံးဖြတ်ပြီးမှားယွင်းသည့်ယာဉ်မောင်းကိုအရေးယူတာဖြစ်ပါသည်။

 

Read 4959 times