ကားဘက်ထရီအားမရှိပါက ကားနှစ်စီးဘက်ထရီချိတ်ဆက်၍ စက်နှိုးခြင်း


ကားဘက်ထရီအားမရှိပါက ကားနှစ်စီးဘက်ထရီချိတ်ဆက်၍ စက်နှိုးခြင်း

၁။ ကားနှစ်စီး၏ ဘက်ထရီရှိရာဘက်သို့ အဓိကထား၍ ခေါင်းချင်းဆိုင်ရပ်ပါ။

၂။ ဘက်ထရီအိုးမှ အဖိုငုတ်ဆိုလျှင် အပေါင်းလက္ခဏာ(+)နှင့် အနီရောင်ဖြစ်ပါသည်။ အမငုတ်ဖြစ်ခဲ့ပါက အနှုတ်လက္ခဏာ(-)နှင့် အနက်ရောင်ဖြစ်ပါသည်။

၃။ ဘက်ထရီထောက်ကြိုး (Jumper Cable) အဖိုကြိုးအနီကို အားကုန်နေသော ဘက်ထရီအိုး၏ အဖိုငုတ်တွင် ပထမဦးစွာ တပ်ဆင်ရပါသည်။

၄။ အဖိုကြိုးအနီ၏ နောက်တစ်ဖက်ကို အားပြည့်နေသောဘက်ထရီ၏ အဖိုငုတ်(+) တွင် ချိတ်ဆက်ရပါမည်။

၅။ အမကြိုးအနက်ကို အားပြည့်နေသောဘက်ထရီ၏ အမငုတ်တွင် တပ်ဆင်ရပါမည်။

၆။ အမကြိုအနက်၏ နောက်တစ်ဖက်ကို ကားအင်ဂျင်သို့မဟုတ် ဘော်ဒီကို ချိတ်ဆက်ရပါမည်။

၇။ ဘက်ထရီအားရှိသောကားကို ပထမဦးစွာ စက်နှိုးထားပြီးမှ ဘက်ထရီအားမရှိသောကားကို စက်နှိုးရမည်ဖြစ်သည်။

၈။ အကယ်၍ စက်နိုးခဲ့ပါက ထောက်ကြိုးဖြုတ်လျှင် ယခင်ချိတ်ဆက်ထားသည့်ပုံစံကို ပြောင်းပြန် ပြန်ဖြုတ်ရမည်ဖြစ်သည်။

အားမရှိသောကားမှ အနက်ကြိုးကို အရင်ပြန်ဖြုတ်ရမည်။ ထို့နောက် အားရှိသော ကား၏ အနက်ရောင်ကြိုးကို ဖြုတ်ရမည်။ အားရှိသောကားမှ အနီကြိုးကိုအရင်ဖြုတ်၍ အားမရှိသောကား၏ အနီကြိုးကို ဖြုတ်ရပါမည်။ သတိပြုရန်မည်မှာ ကားတစ်စီးဘက်မှ (+) (-) ကြိုးနှစ်ခုစလုံးကို အရင်မဖြုတ်ရခြင်းမှာ ရှော့ရိုက်သကဲ့သို့ ဖြစ်တက်၍ အဆင့်ဆင့် ဖြုတ်ပါက ပို၍အန္တရာယ်ကင်းနိုင်ပါသည်။

Read 7803 times