Lincoln မော်ဒယ်အသစ်ကို တရုတ်နိုင်ငံမှ အမေရိကန်သို့ တင်သွင်းမည်ဟု Ford ပြောကြား


 Lincoln မော်ဒယ်အသစ်ကို တရုတ်နိုင်ငံမှ အမေရိကန်သို့ တင်သွင်းမည်ဟု Ford ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Ford Motor သည် မျိုးဆက်သစ် Lincoln Nautilus ကို တရုတ်နိုင်ငံမှ အမေရိကန်သို့ တင်သွင်းမည်ဟု ပြောကြားပါသည်။
လက်ရှိတွင် အလယ်အလတ်အရွယ်အစား crossover ဖြစ်သည့်  Lincoln ကို  အမေရိကန်ဈေးကွက်အတွက် ကနေဒါနိုင်ငံ Ontario ရှိ Oakville Assembly Plant တွင် ထုတ်လုပ်ပါသည်။ ၎င်းစက်ရုံကို ကန်ဒေါ်လာ ၁.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး လျှပ်စစ်ကား ထုတ်လုပ်သည့် စက်ရုံအဖြစ်သို့ ပြောင်းလဲမည် ဖြစ်သည်။
တရုတ်နိုင်ငံမှ မော်တော်ယဉ်တစ်စီးကို အမေရိကန်သို့ တင်သွင်းခြင်းသည် အထူးအဆန်း မဟုတ်သော်လည်း နိုင်ငံရေးအရ ဝေဖန်မှုများ ထွက်ပေါ်လာနိုင်သည်။
Lincoln ကို အမေရိကန်နိုင်ငံသို့ တရုတ်ပြည်မှ ယခင်က တင်သွင်းခဲ့ဖူးခြင်း မရှိပါ။ 
General Motors သည် ၂၀၁၆ ခုနှစ်မှ စ၍ crossover အမျိုးအစား Buick Envision ကို တရုတ်ပြည်မှာ ထုတ်လုပ်ပြီး အမေရိကန်သို့ တင်သွင်း ရောင်းချရာ ဝေဖန်သံများ ထွက်ပေါ်‌ခဲ့ပါသည်။ တရုတ်ပြည်ဖြစ် Buick များ အစီးရေ ၂ သိန်းကျော်ကို အမေရ်ကန်ဈေးကွက်တွင် ရောင်းချခဲ့ပြီးပြီ ဖြစ်ပါသည်။ 

 

မျိုးးဆက်သစ် Lincoln Nautilus တွင် တာဘို 2.0-liter အင်ဂျင်တပ်ဆင်ထားပါသည်။ ၂၀၂၄ နှစ်ဆန်းပိုင်းတွင် စတင်ရောင်းချမည်ဖြစ်ပြီး အနိမ့်ဆုံးဈေးနှုန်းမှာ 51,810 နှင့် $75,860 ကြားတွင် ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားပါသည်။

 

အမေရိကန်ဈေးကွက်တွင် Lincoln ရောင်းအားသည် ၂၀၁၉ ခုနှစ်တွင် အထွတ်အထိပ် ရောက်ရှိခဲ့ပြီး စီးရေ ၁၂၂,၂၀၀ ရောင်းချခဲ့သည်။ ယမန်နှစ် ၂၀၂၂ ခုနှစ်တွင် စီးရေ ၈၃,၅၀၀ ရောင်းချခဲ့ပါသည်။ 
Source cnbc

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 196 times