ကားလိုင်စင်သက်တမ်းတိုးသည့်အခါ မော်တော်ယာဉ် မှတ်ပုံတင်စာအုပ်၊ မော်တော်ယာဉ် အာမခံစာအုပ်နှင့် သက်တမ်းတိုး သွားရောက်လုပ်ဆောင်မည့်သူ မှတ်ပုံတင်/ ယာဉ်မောင်းလိုင်စင် (နှစ်စလုံး) မိတ္တူတစ်စုံ ယူဆောင်သွားရမည်ဖြစ်ပါသည်။
မိမိသက်တမ်းတိုးမည့် ရုံးတွင် အာမခံတစ်ခါးတည်း ဆောင်၍မရလျှင် သက်ဆိုင်ရာ အာမခံရုံးတွင် အာမခံကြေးအရင်ပေးဆောင်ရပါမည်။
ကားသက်တမ်းတိုးရန် ရုံးသို့ရောက်လျှင် သက်တမ်းတိုးဖောင် အခမဲ့ထုတ်ယူရပါမည်။
ခဲခြစ်ယာဉ်စစ်သမား ကားအား စစ်ဆေးပြီးသည့်အခါ ယာဉ်စစ်ဆေးသော AE ထံတွင်လက်မှတ်ထိုးရပါမည်။
မှန်တွင် ကပ်သော အာမခံ စတေကာလေး ငွေသွင်းထုတ်ယူပြီး စတေကာကပ်ပြီးလျှင် ကားဓါတ်ပုံရိုက်ရန် ငွေသွင်း ဓာတ်ပုံရိုက်ရပါမည်။
ဓါတ်ပုံရိုက်ပြီးလျှင် ငွေတွက်သော အခန်းတွင် ငွေတွက်ရပြီး ဘီးခွန်မြို့ဝင်ကြေးပါလျှင် တစ်ခါတည်း သွားသွင်းခိုင်းပါသည်။
ငွေတွက်ပြီး ဦးစီးမှူးထံတွင် လက်မှတ်ထိုးပြီးနောက် ငွေခန်းတွင် ငွေသွင်းရပါမည်။
ငွေခန်းငွေသွင်းပြီးနောက် Wheel Tax နှင့် မှတ်ပုံတင်စာအုပ်ထုတ်ယူရမည့် အခန်းသို့ သွားရောက်ထုတ်ယူနို်င်ပါသည်။
အကျမ်းအားဖြင့်ဆိုသော် အပြီးအစီးကြာမြင့်ချိန် မိနစ် ၃၀ ခန့်သာရှိပြီး ကားအစီးရေ အနည်းအများအပေါ်မူတည်ပြီး ကြာနိုင်ပါသည်။
သတိပြုရမည့်အချက်မှာ ကိုယ်တိုင်လုပ်ဆောင်သည့်အချိန်တွင် ကားစာရွက်နှင့် မှတ်ပုံတင်မှ အစ မပျောက်ဆုံးရန် သတိထား ဂရုတစိုက်လုပ်ဆောင်ရပါမည်။
ကညနဝန်းထဲတွင် မသိသည်များကို စာကပ်ထားသကဲ့သို့ သက်ဆိုင်ရာ အစိုးရဝန်ထမ်းကိုမေးမြန်းနိုင်ပါသည်။
သို့သော် ဝန်ထမ်းတစ်ယောက် ပွဲစား ဆယ်ယောက်ဖြစ်နေသည့်အတွက် သေချာကြည့်ပြီးမှ မေးသင့်ပါသည်။