လိုင်စင်ကားတစ်စီးဝယ်ပါကလိုက်နာသင့်သည့်အချက်များ


လိုင်စင်ကားတစ်စီးဝယ်ပါကလိုက်နာသင့်သည့်အချက်များကို ဖော်ပြအပ်ပါသည်။

၁။နံပါတ်ပြား

နံပါတ်ပြားသည်ပေါင်းဆေးမှသာကွာလတီအမှန်ဖြစ်ပါသည်။

ကညနသည်နံပါတ်ပြားများကိုပေါင်းဆေးနှင့်ကွာလတီမြှင့်လာခြင်းမှာ 3D နောက်ပိုင်းမှာပါ။

ထို့ကြောင့် 3D နောက်ပို်င်းကားနံပါတ်ပြားများသည်ကွာလတီမှီကိုမှီရပါမည်။

အခု 3D အရှေ့ကိုလိုင်စင်ပြန်ဝင်ရပါတော့မည်။

ထို့သို့လိုင်စင်ပြန်ဝင်ပြီးသွားပါက 3D လည်းကွာလတီမှီသွားပြီဟုသတ်မှတ်ရမည်ဖြစ်ပါသည်။

ခဲသီးသည် 9J ထိအကြီးဖြစ်ပြီး 1K နှင့်နောက်ပိုင်းတွင်ခဲသီးအသေးပြောင်းသွားပါသည်။

မဝယ်ခင်သူများကားများခဲသီးကိုအရင်လေ့လာပါ။

လေ့လာတာများလျှင်ခဲသီးအတုစစ်ခွဲတတ်လာမည်ဖြစ်ပါသည်။

၂။၀ှီးတက်

၀ှီးတက်အစစ်မှာလေဆာမီးနှင့်ထိုးကြည့်ပါက ကညနဆီးလ်တံဆိပ်ရေစာများမှာအလင်းပေါ်လာပါသည်။

၃။ချက်စီ

၀ီှးတက်တွင်ပါသောချက်စီနံပါတ်ကားဖရိန်တွင်ပါသောချက်စီနံပါတ်အင်ဂျင်များတွင်ပါသောချက်စီနံပါတ်ခါးပါတ်ကြိုးပေါ်တွင်ပါသောချက်စီနံပါတ်သည်အားလုံးတူနေရမည်။

ကားဖရိန်တွင်ပါသည့်ချက်စီဘေးတါင်ဘာအစွန်းထင်းခြစ်ရာမှမရှိပါစေနှင့်။

ရှိလျှင် ကညနပြန်ဝင်လျှင်ပြသနာရှိနိုင်သည်။

၄။အုံနာဘုတ်

အုံနာဘုတ်တွင်ကားဖရိန်ပေါ်တွင်ချက်စီနံပါတ်ကိုခဲခြစ်ထားပါသည်။

တိုက်စစ်လျှင်တူရပါမည်။

အချက်အလက်များကိုကျွမ်းကျင်သူကိုပြသင့်ပါသည်။

၅။မှန်ပေါ်မှစတစ်ကာ

စတစ်ကာသည်လိုင်စင်ပြန်ဝင်မည့်ကားများကိုကပ်ပေးပြီးပြန်ဝင်သောလကိုဖော်ပြပေးသည်။

ဥပမာ-လက်ရှိချိန်ဆို 3Dနှင့်နောက်ပိုင်း 1K တို့လိုင်စင်ပြန်ဝင်နေရသောကြောင့်ထိုနံပါတ်နှင့်နီးသောကားများသည် မဖြစ်မနေစတစ်ကာပါလာရပါမည်။

၆။ကာစတန်တံဆိပ်သံကွင်း

ထိုစာရွက်စာတမ်းများကိုဖြစ်နိုင်လျှင်တောင်းကြည့်ပါ။

လူအမည်ပေါက်လား၊ကုမ္ပဏီအမည်ပေါက်လား၊ဆိုသည်ကိုသိရှိနိုင်သကဲ့သို့ ကား Kilo အမှန်နှင့်အခြားအချက်အလက်များကိုလည်းသိရှိနိုင်ပါသည်။

Read 2556 times