ကားနှင့်ပတ်သက်၍ အလုပ်လုပ်မည် ဆိုပါက သိထားသင့်သော လုပ်ငန်းအလိုက် လုပ်ငန်းလိုင်စင် အမျိုးအစားများ


လုပ်ငန်းလိုင်းစင်များကတော့ “က” “ခ” “ဂ” “ဃ” “င” ဆိုပြီး ရှိပါတယ်။ နောက်ဆုံးကစလို့ ပြောကြည့်ရအောင်။

အိမ်မှာကားလေးဝယ်ထားတယ်။ ဥပမာ ဟိုက်ဂျက်လိုမျိုးလေးပေါ့။ ကိုယ်ပိုင်ကားလေး နံပါတ်အနက်နဲ့ တနိုင်တပိုင် စီးပွားရေးလေးလုပ်လို့ အိမ်ဆိုင်လေးနဲ့ အခြားအလုပ်လေးအတွက် ပစ္စည်းလေးတွေ သယ်မယ် ပို့မယ်ဆိုရင် အဲ့ဒီ “c” ကိုယ်ပိုင် စီးပွားပို့ဆောင်ခွင့် လုပ်ငန်းလိုင်စင်လေး လုပ်ထားရပါမယ်။ (အစိမ်းရောင်) မိမိလုပ်ငန်းအမျိုးအစားပါ ဖော်ပြလို့ပေါ့။ (ဥပမာ- ကုန်မာ/စားသောက်ကုန်/အလှကုန် စသည့်ဖြင့်)

“ဃ” လုပ်ငန်းလိုင်စင်ကတော့ နိုင်ငံခြားသားခရီးသည်တွေကို Taxi လုပ်တာပါ (ပဋိညာဉ်ပို့ဆောင်ခွင့်) ကားနံပါတ်ကလဲအပြာ လုပ်ငန်းလိုင်စင် “ဃ” ကလဲ အပြာပါ။

“ဂ” လုပ်ငန်းလိုင်စင်က လက်ရှိပြေးဆွဲနေတဲ့ Taxi တွေ အတွက်ပါ။ စင်လုံးငှားပို့ဆောင်ခွင့် နံပါတ်အနီ လုပ်ငန်းလိုင်စင်အနီပါ။

“ခ” လုပ်ငန်းလိုင်စင်ကတော့ ခရီးသည်ပို့ဆောင်ခွင့်ပါ။ အခုပြေးဆွဲနေတဲ့ လိုင်းကားတွေ Express တွေမှာ အဲ့ဒီ “ခ” လုပ်ငန်းလိုင်စင် လုပ်ထားတယ်လေ။

နောက်တစ်ခုက ကုန်စည်ပို့ဆောင်ခွင့် “က” လုပ်ငန်းလိုင်စင်ပါ။ ကုန်စည် သယ်ယူ ပို့ဆောင်မယ်ဆိုရင် “က” လုပ်ငန်းလိုင်စင် လုပ်ထားလိုက်ပါ။ “က” လုပ်ငန်းလိုင်စင်ဆိုရင် စပယ်ယာလိုပြီဆိုတာလဲ မမေ့ပါနဲ့။

တစ်ခါတလေမှသာတွေ့ရတဲ့ “စ” လုပ်ငန်းလိုင်စင်ဆိုတာ ယာယီပို့ဆောင်ခွင့်(သို့) အထူးလိုအပ်ချက်များ ဖြည့်တင်းရန်အတွက် လည်းကောင်း လိုင်စင်အသစ်လဲလှယ်ချိန် ရက်ကြာနေပါက အသုံးပြုတဲ့ လုပ်ငန်းလိုင်စင်ပါ။ ဘုရားဖူး ကားတွေမှာ တွေ့ရပါတယ်။ ကားနှင့်ပတ်သတ်၍ အလုပ်လုပ်မည်ဆိုလျှင် မသိသေးပါက လေ့လာလို့ရပါပြီဗျာ။

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Read 1881 times