Li Auto ဘက်ထရီသုံး လျှပ်စစ်ကား အင်ဂျင်မပါ ပထမဆုံးမော်ဒယ် ထုတ်လုပ်တော့မည်


Li Auto ဘက်ထရီသုံး လျှပ်စစ်ကား အင်ဂျင်မပါ ပထမဆုံးမော်ဒယ် ထုတ်လုပ်တော့မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

စက်တင်ဘာလတွင် ပြီးဆုံးသည့် သုံးလပတ်တွင် Li Auto Inc  အရောင်းဝင်ငွေ ကန်ဒေါ်လာ ၄.၈ ဘီလီယံသို့ ရောက်ရှိခဲ့သည်။
၎င်းသုံးလတာတွင် မှာကြားထားသူများထံ ကားအစီးရေ ၁၀၅,၀၀၀ ကျော် ပေးပို့ခဲ့သည်။ 

ယခု ၃ လပတ်တွင် အစီးရေ ၁၀၀,၀၀၀ မှ ၁၀၃,၀၀၀ အထိ ပေးပို့နိုင်မည်ဟု ခန့်မှန်းထားသည်။

" Li L စီးရီး မော်ဒယ်သုံးမျိုးကို ဩဂုတ်လမှစလို့ သုံးလဆက်တိုက် လစဉ်ပေးပို့မှု အစီးရေ ၁၀,၀၀၀ ကျော် စံချိန် ရရှိခဲ့ပါတယ်။  တရုတ်မှာ  ယွမ် ၃ သောင်းအထက် SUV တွေထဲမှာ ကျွန်တော်တို့က ရောင်းအား ချန်ပီယံ ဖြစ်ခဲ့ပါတယ်" ဟု တည်ထောင်သူနှင့် ဥက္ကဋ္ဌ Li Xiang က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့သော Li Auto သည် ဓာတ်ဆီအင်ဂျင်သုံး ဂျနရေတာကို အသုံးပြုပြီး ဘက်ထရီ အားသွင်းပေးခြင်းဖြင့် ခရီးတာ ဝေးဝေးလံလံ အထိ သွားနိုင်သော လျှပ်စစ်မော်တာများဖြင့် မောင်းနှင်သည့် SUV များကို အဓိကအာရုံစိုက်ခဲ့သည်။

 

အင်ဂျင်မပါ ဘက်ထရီသုံး လျှပ်စစ်ကား ပထမဆုံးမော်ဒယ်ကို ၂၀၂၄ ဖေဖော်ဝါရီလတွင် စတင်ထုတ်လုပ်ရန် အစီအစဉ် ရေးဆွဲထားသည်။
၂၀၂၄ ခုနှစ်အတွင်း အင်ဂျင်မပါ ဘက်ထရီသုံး လျှပ်စစ်ကား မော်ဒယ် ၃ မျိုး ထုတ်လုပ်မည်။

Li Auto သည် အောက်တိုဘာလတွင် ကားအစီးရေ ၄၀,၄၂၂ စီး စံချိန်တင် ရောင်းချနိုင်ခဲ့သည်။
ယခု ၃ လပတ်တွင် လစဉ် အစီးရေ ၄၁,၇၀၀ မှ ၄၂,၆၀၀ အထိ မှာကြားသူများထံ ကားအပ်နှံနိုင်ရန် ရည်မှန်းထားသည်။ 

Li Auto ကားများကို ယွမ် ၃၁၉,၈၀၀ (ကန်ဒေါ်လာ ၄၃,၉၁၀) နှင့် ယွမ် ၄၅၉,၈၀၀ ကြားရှိ ဈေးနှုန်းများဖြင့် လက်ရှိရောင်းချနေသည်။

အခြား တရုတ်ကားလုပ်ငန်းများနှင့် ကွာခြားသည်မှာ Li Auto သည် ပြည်ပသို့ ချဲ့ထွင်ရန် အစီအစဉ် မရှိ‌ခြင်း ဖြစ်ပါသည်။
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 3097 times