Li Auto ဝယ်ယူသူများထံ ကားအပ်နှံသည့် အစီးရေ ၆ သိန်း မိုင်တိုင် ကျော်ဖြတ်


Li Auto ဝယ်ယူသူများထံ ကားအပ်နှံသည့် အစီးရေ ၆ သိန်း မိုင်တိုင် ကျော်ဖြတ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Li Auto သည် လုပ်ငန်းစတင်ချိန်မှစ၍ ဝယ်ယူသူများထံ ကားအပ်နှံသည့် အစီးရေ စုစုပေါင်း ၆ သိန်း မိုင်တိုင်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။

 


"ယနေ့ (ဒီဇင်ဘာ ၁၄) Li Auto သည် ပေကျင်း Shunyi Delivery Center တွင် ၎င်း၏ ကားအစီးရေ ၆ သိန်းမြောက်ကို ဝယ်ယူသူထံ ပေးပို့ပြီးစီးခဲ့ပါသည်" ဟု ကုမ္ပဏီက တရုတ်လူမှုကွန်ရက် Weibo တွင် ကြေညာခဲ့သည်။

Li Auto ၏ လက်ရှိ အထင်ကရ မော်ဒယ်မှာ Li L9 ဖြစ်ပါသည်။

Li Auto သည် အင်ဂျင်ဖြင့် မီးစက်မောင်းနှင်ပြီး ဘက်ထရီအားသွင်းပေးခြင်းဖြင့် သွားနိုင်သည့် ခရီးတာ ဆန့်ထုတ်ပေးသည့် extended-range electric vehicle (EREV) များကို ထုတ်လုပ်ပါသည်။ အင်ဂျင်နှင့် ဘီးများအကြား အချိတ်အဆက် မရှိဘဲ ဘီးများကို ဘက်ထရီသုံး လျှပ်စစ်မော်တာဖြင့်သာ လှည့်ပေးပါသည်။

Li Auto ကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ပေကျင်းတွင် ရုံးချုပ် ထားရှိပါသည်။ 
Li Auto သည် လက်ရှိတွင် တရုတ်နိုင်ငံတွင် အကျော်ကြားဆုံး EREV ထုတ်လုပ်သူဖြစ်သည်။

ကုမ္ပဏီသည် ပထမဆုံး ထုတ်လုပ်သည့်ကားဖြစ်သည့် Li One ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ထုတ်ဖော်ပြသခဲ့သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် EREV မော်ဒယ်ကို မှာကြားထားသူများထံ စတင်ပေးပို့ခဲ့သည်။

Li One ထုတ်လုပ်မှုကို ၂၀၂၂ ဒုတိယနှစ်ဝက်များတွင် အပြီးအပိုင် ရပ်လိုက်သည်။
L စီးရီး မော်ဒယ်များကို ဆက်လက် ထုတ်လုပ်လျက်ရှိပါသည်။


Li Auto သည် လက်ရှိတွင် EREV  မော်ဒယ်များ ဖြစ်သော  Li L7, Li L8, Li L9 တို့ကို ထုတ်လုပ် ရောင်းချလျက် ရှိသည်။
ဘက်ထရီသုံး လျှပ်စစ်ကား battery electric vehicle (BEV) မော်ဒယ် Li Mega MPV (Multi-Purpose Vehicle) ကို နိုဝင်ဘာလတွင် ကွမ်ကျိုး ကားပြပွဲမှာ ပြသခဲ့ကြောင်း Automobile Guide တွင် တင်ပြခဲ့ပါသည်။ စတင် အရောင်းဖွင့်ရက်ကို မကြေညာသေးပါ။ 


EREV များသည် ပလပ်ထိုးအားသွင်း plug-in hybrid (PHEV) များဖြစ်ပြီး မောင်းနှင်သည့်အခါ BEV အရသာကို ပေးပါသည်။ 
သမားရိုးကျ ဓာတ်ဆီတိုင်ကီနှင့် ဓာတ်ဆီအင်ဂျင်တို့ ပါရှိသဖြင့် ခရီးဝေး ထွက်သည့်အခါ လိုရာမရောက်ခင် ဘက်ထရီအားကုန်မည်ကို ပူပန်ရန် မလိုတော့ချေ။ ထို့ကြောင့် သွားနိုင်သည့် ခရီးတာ ထည့်စဉ်းစားရမည့်သူများ ရွေးချယ်ဝယ်ယူကြသည်။ ပြီးခဲ့သည့် ၂ နှစ်တာတွင် EREV များ ဝယ်လိုအား ကြီးထွားခဲ့ရာ Li Auto ရောင်းအား မြင့်တက်ခဲ့ပါသည်။ 
Li Auto သည် ယခုအခါ တလလျှင် အစီးရေ ၄ သောင်းကျော် ကားအပ်နှံလျက် ရှိပါသည်။ 
ယခု ဒီဇင်ဘာလတွင် အစီးရေ ၅ သောင်း ကားအပ်နှံနိုင်ရန် ရည်မှန်းချက် ချမှတ်ထားပါသည်။
ယခုနှစ် တနှစ်တာ ရောင်းအား ရည်မှန်းချက်ဈ အစီးရေ ၃ သိန်း ရည်မှန်းချက် ချမှတ်ထားခဲ့ပြီး နိုဝင်ဘာလတွင် အစီးရေ ၃ သိန်းကျော်သို့ ရောက်ရှိခဲ့ပါသည်။ 

၂၀၂၄ ခုနှစ်အတွက် ရောင်းအား အစီးရေ ၈ သိန်း ရည်မှန်းချက် ချမှတ်ထားပါသည်။
၂၀၂၄ ခုနှစ်တွင် လက်ရှိ Li L7, Li L8, Li L9, Li Mega များအပြင် နောက်ထပ် မော်ဒယ် ၄ မျိုး ထပ်တိုးမည့် အစီအစဉ် ရေးဆွဲထားပါသည်
Li L6 EREV နှင့် BEV မော်ဒယ် ၃ ခု ထုတ်လုပ်မည်ဟု ဆိုပါသည်။

Source CnEVData
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 843 times