Li Auto ပထမဆုံး လျှပ်စစ် MPV MEGA ပွဲထုတ်ပြသ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
Li Auto အမည်ဖြင့် လုပ်ကိုင်သည့် Lixiang Automotive က ၂၀၂၃ ကွမ်ကျိုး ကားပြပွဲကြီးတွင် ၎င်း၏ ပထမဆုံး လျှပ်စစ် MPV MEGA ကို ပွဲထုတ်ပြသသည်။
ဈေးနှုန်း အတိအကျ ကြေညာခြင်း မပြုသေးသော်လည်း အမြင့်ဆုံး ဗားရှင်းသည် ယွမ် ၆ သိန်းဟု ခန့်မှန်းထားသည်။
Li Auto သည် များသောအားဖြင့် ကားမော္ဒယ်ကို Air, Pro, နှင့် Max ဟူ၍ ဗားရှင်း ၃ မျိုး ထုတ်လုပ်လေ့ရှိသည်။
ဈေးနှုန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် တရားဝင် ကြေညာပေးမည်။
MEGA ကားအပ်နှံခြင်းကို ၂၀၂၄ ဖေဖော်ဝါရီလတွင် စတင်မည်။
ကားဦးခေါင်းသည် လေခွင်အား ကောင်းသည့် မြန်နှုန်းမြင့်ရထားဦးခေါင်းနှင့် ဆင်ဆင်တူသည်။
ယာဉ်နောက်ပိုင်းသည် သင်္ဘောကြီးများ၏ ပဲ့ပိုင်းနှင့် ဆင်ဆင်တူသည်။
မိသားစု စီးရန် ဒီဇိုင်းထုတ်ထားသော ထိုင်ခုံ ၃ တန်း ပါသည်။
Lixiang MEGA လျှပ်စစ် MPV အရွယ်အစားမှာ
• အလျား 5350 mm
• အကျယ် 1965 mm
• အမြင့် 1850 mm
• ခါးအလျား 3300 mm
ကားထဲမှာ ရေခဲသေတ္တာ၊ ကာလာတီဗီ၊ ဆိုဖာအကြီးစား အင်္ဂါရပ်များ ပြည့်စုံသည်။
ထိုင်ခုံ ၃ တန်းကို 2+2+3 ၇ ယောက်စီးအဖြစ် ခင်းကျင်းထားသည်။
CATL ၏ 5C Qilin ဘက်ထရီ သုံးထားသည်။ ၁၂ မိနစ် အားသွင်းပြီးလျှင် ကီလိုမီတာ ၅၀၀ အထိ သွားနိုင်သည်။
မော်တာပါဝါ 400kW အထိ ရနိုင်သည်။
0-100km/h အရှိန်တင်ရန် ၅.၅ စက္ကန့် ကြာသည်။
Source chinapev
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL